(မနီလာ၊ ဖေဖော်ဝါရီလ ၂၅-ရက်)
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ခရိုးတောင်ကြား၌ ဖေဖော်ဝါရီလ ၂၄-ရက်နေ့က ဖိလစ်ပိုင်လေတပ်မှ အိုဗွီ ၁၀- တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျသွားကြောင်း စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ လေယာဉ်ပျက်ကျမှုအတွင်း တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်းနှင့် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။ သေဆုံးသွားသော တပ်ဖွဲ့ဝင်နှစ်ဦး၏ အမည်ကိုမု ထုတ်ဖော်ပြော ကြားခြင်းမရှိပေ။ (ဆင်ဟွာ)
*** ယူအေအီးလူနေမှု အဆင့်အတန်း အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက၌ အမြင့်ဆုံးဖြစ် ***
(အဘူဒါဘီ၊ ဖေဖော်ဝါရီလ ၂၅-ရက်)
အာရပ်စော်ဘွားများနိုင်ငံ (ယူအေအီး)သည် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတွင် လူနေမှုအဆင့်အတန်း အမြင့်ဆုံးနိုင်ငံဖြစ်လာသည်ဟု အာရေဘီယံဘိစနက်အမည်ရှိ ဒေသဆိုင်ရာ စီးပွားရေးဂျာနယ်တစ်စောင်တွင် ဖေဖော်ဝါရီလ ၂၁-ရက်နေ့က ဖော်ပြသည်။ (ဆင်ဟွာ)
*** အီရန်နိင်ငံပိုင် ရီဆာလတ်ရေနံမြေ မလေးရှားတူဖော်ရန် သဘောတူညီ ***
(တီဟီရန်၊ ဖေဖော်ဝါရီလ ၂၅-ရက်)
အီရန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့ရှိ အီရန်ပိုင် ရီဆာလတ်ရေနံမြေ၌ ရေနံတွင်းတူဖော်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀-ရင်းနှီးမြှုပ်နှံရေးကိစ္စနှင့်ပတ်သက်၍ မလေးရှားကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက်ရရှိပြီးဖြစ်ကြောင်း အီရန်အစိုးရအရာရှိတစ်ဦးက ပြောကြားသည်။ ယင်းရေနံတွင်းမှ ရေနံထုတ်လုပ်နိုင်မှုပမာဏသည် လက်ရှိတစ်နေ့လျှင် စည်ပေါင်း ၃၇၀၀၀-ရှိရာမှ ၄၇၀၀၀-အထိ တိုးလာမည်ဖြစ်ကြောင်း အိုင်အိုအိုစီအကြီးအကဲက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလျက်ရှိ ***
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်၌ ဖေဖော်ဝါရီလ ၂၅-ရက်နေ့ ဈေးပိတ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၀၉၇ ဒသမ ၉၅ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေးနှုန်းများ ကျဆင်းလျက်ရှိရာ ဂျပန်ယန်းငွေကြေး ဈေးကွက်၌ ဖေဖော်ဝါရီလ ၂၅-ရက်နေ့ ဈေးပိတ်ချိန်တွင် ဂျပန်ယန်းငွေ ၈၉ ယန်းလျှင် အမေရိကန် တစ်ဒေါ်လာဖြစ်ကြောင်း ဂျပန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဖိလစ်ပိုင်တိုက်လေယာဉ် လေ့ကျင့်ပျံသန်းစဉ် ပျက်ကျ တပ်ဖွဲ့ဝင် ၂-ဦးသေဆုံး ***

No comments:
Post a Comment