ဟုတ်ကဲ့ပါခင်ဗျာ…။ ကျနော်တို့ မြန်မာပြည်သားတွေလောက် ပွဲကြိုက်မောင်၊ ပွဲကြိုက်ခင်တွေ ဖြစ်နေတာ ဒီကနေ့ကမ္ဘာမှာ ရှိအုံးမှာလားနော်။ ဟော ကြည့်…. အခုဆိုရင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ နှစ်ပေါင်း (၁၀၇)နှစ်တိုင်ရှိခဲ့ပြီဖြစ်တဲ့ မဲဆောက်တောရကျောင်း (၀ပ်ပါကောင်)မှာ တောရကျောင်းရဲ့ ဘုရားပုထိုးစေတီ ကိုလည်း ပြုပြင်ရင်း၊ ဘုရားပွဲနဲ့အတူ မြန်မာပရိသတ်များအကြိုက်ဇာတ်ပွဲတွေကို အခုလ(ဖေဖော်ဝါရီလ ၁၃- ရက်) နေ့ညကတည်းက ညစဉ်ကပြလာတာ အခုကြည့်ချင်လည်း သိလိုက်တာနဲ့ သွားသာကြည့်လိုက် မိတ် ဆွေ….။
ဒီကနေ့ညမှာတော့ (၆)ညတိုင်တိုင် မြိုင်မြိုင်ဆိုင်ဆိုင်ကပြခဲ့တဲ့ `ကျနော်တို့ကတဲ့ ဇာတ်ပွဲ´ဆိုတဲ့ မွန်ပြည်နယ်က လာတဲ့ ဇာတ်ပွဲရှိသေးတယ်။ နောက်နေ့ညတွေဆိုရင် မင်းသားကြီး အုန်းမှုတ်စိန်ရဲ့ မျိုးဆက်တွေဖြစ်ကြတဲ့ `အုန်းလက်စိန်´နဲ့ သူ့မျိုးဆက်တွေရဲ့ မော်လမြိုင်ဇာတ်ပွဲ သွင်းဖို့၊ ၀င်ဖို့ရှိတယ်။ လုပ်ငန်းခွင်အသီးသီးမှာ တစ်နေ့တာ မောပန်းနွမ်းနယ်နေသူတွေအတွက် ည (၈း၃၀)နာရီကနေ ည (၁၂း၃၀)နာရီအထိဆိုတော့ အချိန်က နောက်တစ်နေ့အလုပ်မှီတယ၊်။ သြော်… လမ်းသူရဲတွေ ဘာတွေနှောင့်ယှက်မှာစိုးလို့လား။ လူ ၅-ဦး၊ ၇-ဦး၊ ၁၀-ဦး စသဖြင့် အရပ်မျက်နှာအလိုက်ကား ကြိုပို့လုပ်ပေးတယ်လေ။ ဒါကို မပူပါနဲ့၊ ရဲအဖမ်းအဆီးဟုတ်လား။ `၀ပ်ပါကောင်´လို့သာပြောလိုက်ပါ။ အားလုံးသော ရဲ၊ လ၀က၊ ပြည်သူ့စစ်တွေကို ပြောထားပြီးသားပါတဲ့။ ကဲ… အဲဒီမြန်မာဇာတ်ပွဲတွေမှာ ဘာတွေ အသုံးတော်ခံကြသလဲ၊ ဒို့မြန်မာပြည်သားတွေ ဘယ်လိုလှုပ်ရှားနေကြသလဲ (၀ါ)ငြိမ်သက်စွာ ရှုစားနေကြသလဲဆိုတာကို မိတ်ဆွေများ သိချင်ကြမှာပေါ့….။ ကဲ… ဟောဒီမှာကြည့်ဗျာ….။
*** မှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment