(တီဟီရန်၊ ဖေဖော်ဝါရီလ ၁၆-ရက်)
အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းရေးသက်သက်အတွက်သာ ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက ယုံကြည်လာစေရန် ကူညီဆောင်ရွက်ပေးဖို့ အီရန်က မိတ်ဆွေဖက်နိုင်ငံများနှင့် အထူး သဖြင့် တူရကီ နိုင်ငံတို့ကို တိုက်တွန်းလိုက်သည်။ အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ်မှာ အစဉ်သဖြင့် ငြိမ်းချမ်းရေးလုပ် ငန်းအတွက် သာဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။ အီရန်နိုင်ငံသည် ညူက လီးယား မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ညူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု ခွင့်ရှိသည်ဟု အီရန်က ကြေညာသည်။ (အင်တာနက်)
*** ဂျော်ဒန်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၀င်ငွေ ဇန်န၀ါရီလတွင် ၃၂-ရာခိုင်နှုန်းကျော်မြင့်တက် ***
(အမ္မန်၊ ဖေဖော်ဝါရီလ ၁၆-ရက်)
ယခုနှစ် ဇန်န၀ါရီလတွင် ဂျော်ဒန်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ၀င်ငွေသည် ယခင်နှစ် အလားတူကာလက၀င်ငွေနှင့် နှိုင်းယှဉ်ကြည့်လျှင် ၃၂- ဒသမ ၂-ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဂျော်ဒန်ဗဟိုဘဏ် (စီဘီဂျေ)မှ ဖေဖော်ဝါရီလ ၁၅-ရက်နေ့က ထုတ်ပြန်သည့် တရားဝင် စာရင်းဇယားများ၌ ဖော်ပြထားသည်။ ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာလျက်ရှိရာမှ ၄င်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းများလည်း မြင့်တက်လာလျက်ရှိကြောင်း ခရီးသွားလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အစ္စရေးစစ်လေယာဉ်လေးစင်း လက်ဘနွန်ဝေဟင်ပိုက်နက်ကို ကျူးကျော်ဟုဆို ***
(ဘေရွတ်၊ ဖေဖော်ဝါရီလ ၁၆-ရက်)
လက်ဘနွန်တပ်ဖွဲ့သည် လက်ဘနွန် ဝေဟင်ပိုက်နက်အတွင်း အနိမ့်ပျံသန်းကျူးကျော်ဝင်ရောက်လာသော အစ္စရေးစစ်လေယာဉ်များကို လေယာဉ်ပစ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းရပ်ကွက်က ပြောကြားသည်။ ယင်းကျူးကျော်ဝင်ရောက်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၇၀၁)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်အရ လက်ဘနွန်ကို အစ္စရေးတို့က ၃၃-ရက်ကြာ တိုက်ခိုက်ခဲ့သော စစ်ပွဲသည် ၂၀၀၆-ခုနှစ် နွေရာသီတွင် အဆုံးသတ်ခဲ့ကြောင်း ဘက်ဘနွန်နိုင်ငံရှိ ကုလသမဂ္ဂတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အင်ဒရီးတီနင်တီက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** အီရန်၏ ညူအစီအစဉ် ငြိမ်းချမ်းရေးသက်သက်ဖြစ် နိုင်ငံတကာမှ ယုံကြည်လာစေရန် ကူညီရေးမေတ္တာရပ်ခံ ***

No comments:
Post a Comment