မန်စီးတီးအသင်းသည် အချိန်ပိုလေ့ကျင့်ခန်းများပြုလုပ်နေသဖြင့် ၀ိန်းဘရစ်ခ်ျသည် အိမ်၌ပင်မနေရဘဲ တစ်နေကုန်နီးပါး လေ့ကျင့်ရေးကွင်း၌ပင် အချိန်ကုနေရသည်။ ချဲလ်ဆီးအသင်းမှ ဂျွန်တယ်ရီသည် ၄င်းအချက်ကိုအခွင့်ကောင်းယူပြီး ၀ိန်းဘရစ်ခ်ျ၏ ချစ်သူ ပါရွန်ဆယ်ထံ မကြာခဏရောက်ရှိနေတတ်သည်။ ယနေ့လည်း တယ်ရီသည် ပါရွန်ဆယ်ထံသို့ရောက်ရှိနေသည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ၀ိန်းဘရစ်ခ်ျ၏ကားကို ပြတင်းပေါက်မှနေ၍မြင်ရပြီး အိမ်ထဲသို့ဝင်လာနေသည်ကိုတွေ့ရသည်။ ထိုအခါ ပါရွန်ဆယ်က တယ်ရီကို တံခါးထောင့်၌ကပ်နေစေရန်ခိုင်းပြီး တံခါးခေါက်နေသော ၀ိန်းဘရစ်ခ်ျအား တံခါးဖွင့်ပေးလိုက်သည်။
ဘရစ်ခ်ျ။ ။ ငါတံခါးခေါက်နေတာကြာလှပြီ မင်းတံခါးလာဖွင့်တာကြာလိုက်တာ… ဘာလုပ်နေတာလဲ….
ပါရွန်ဆယ်။ ။ ကျမ ကြွက်မောင်းဂါထာရွတ်နေလို့ပါ…
ဘရစ်ခ်ျ။ ။ ကြွက်မောင်းဂါထာ??? အဲဒါဘာလုပ်တာလဲ…
ပါရွန်ဆယ်။ ။ အဲဒါက ရေပုံးကိုခေါင်းမှာစွပ်ပြီး ဒီဂါထာကိုရွတ်ရင် အိမ်ထဲကကြွက်တွေ အကုန်ထွက်ပြေးသတဲ့ရှင့်….
ဘရစ်ခ်ျ။ ။ ငါ့ကိုသင်ပေးပါလား….
ပါရွန်ဆယ်သည် ဘရစ်ခ်ျ၏ ခေါင်းပေါ်ကို ရေပုံးစွပ်ချလိုက်ပြီး နုတ်မှလည်း စိတ်ကူးတည့်ရာစာသားများကို ဘရစ်ခ်ျအား နုတ်တိုက်သင်ကြားပေးလေသည်။ တစ်ချိန်ထဲမှာပ်င တံခါးနောက်တွင် ပုန်းနေသောတယ်ရီအား အမူအယာဖြင့် အပြင်သို့အမြန်ထွက်ရန်ပြလေသည်။ တယ်ရီသည် တံခါးနောက်တွင်ပုန်းနေရာမှထွက်ပြီး အိမ်အ၀အရောက်တွင်မှ ရုတ်တရက်ပြန်လှည့်လာ၍….
တယ်ရီ။ ။ ပါဆယ်ရွန်ရေ… ငါ့ကိုလည်း ကြွက်မောင်းဂါထာသင်ပေးပါလား… အိမ်မှာ ကြွက်တွေအရမ်းသောင်းကျန်းနေလို့…..
မှတ်ချက်။ ။ ဖော်အဲဗားဂျာနယ်ပါ ဘောလုံးဟာသများမှ….။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment