**(၁၁၇၊ တိတ္တိရဇာတ်) ပစ္စုပ္ပန် ၀တ္ထု***
မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်း၌ သီတင်းသုံးစဉ်- ကောကာလိကရဟန်းကို အကြောင်းပြု၍ ဟောတော်မူသည်။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်- ဘုရားလောင်းသည် ဟိမ၀န္တာ၌ ရသေ့ငါးရာတို့၏ ဆရာဖြစ်၏။ တစ်နေ့သောအခါ ဖျော့တော့သော ရောဂါစွဲသော ရသေ့တစ်ဦးသည် ပုဆိန်ဖြင့်ထင်းကိုခွဲ၏။ အနီးမှ နှုတ်မစောင့်ရသေ့ကား ဤနေရာမှာ ပေါက်ပါ၊ ဟိုနေရာမှာ ပေါက်ပါ စသည်ဖြင့် တတွတ်တွတ်ပြောနေ၏။ ကြာသော် မောမောပန်းပန်းနှင့် ထင်းပေါက်နေသူက စိတ်တိုလာပြီး ထိုစကားများသော ရသေ့၏ ဦးခေါင်းကို ပုဆိန်နှင့် တချက်တည်း ပေါက်လိုက်ရာ ထိုနေရာတွင်ပင် သေဆုံးသွား၏။ ဘုရားလောင်းသည် ထိုရသေ့၏ အလောင်းကို သဂြို င်္ဟ်စေ၏။
မကြာမီပင် ကျောင်းအနီး တောင်ပို့ခြေရင်း၌ နေသော ခါတစ်ကောင်သည် နံနက်တိုင်း တောင်ပို့ထိပ်၌ရပ်၍ ကျယ်လောင်စွာတွန်၏။ ထိုအသံကို ကြား၍ မုဆိုးတစ်ယောက်သည် အသံကြားရာသို့ လာ၍ ခါကိုသတ်၍ ယူဆောင်သွား၏။
ဘုရားလောင်းသည် ခါ၏ အသံကို မကြား၍ မေး၏။ ရသေ့တို့က ခါတွန်သံကြား၍ မုဆိုးလာ၍ သတ်ယူသွားကြောင်းပြောပြ၏။
ဘုရားလောင်းသည် ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်:စပ်၍ `ရသေ့တို့၊ ခါသည် တွန်သင့်သည်ထက်ပို၍ တွန်ခြင်းကား သူ့ကိုယ်သူ သတ်သကဲ့သို့ပင်၊ ပညာမရှိသောသူသည် ပြောသင့်သည်ထက် ပို၍ လွန်စွာပြောတတ်သော စကားသည် သူ့ကို သတ်၏´
ဘုရားလောင်းသည် ရသေ့အပေါင်းတို့ကို ဤသို့ အဆုံးအမပေး၍ စကားကို လိုသည်ထက်ပို၍ ထပ်တလဲလဲ ပြောနေခြင်းကြောင့် အန္တရာယ်တွေ့ရကြောင်း ဆုံးမ၏။
ဇာတ်ပေါင်းသော်….
စကားများသော ရသေ့သည် - ယခုကောကာလိကရဟန်း
ရသေ့အပေါင်း၏ဆရာသည် - ငါဘုရား ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး ***
*** စကားကို လိုသည်ထက်ပို၍ ထပ်တလဲလဲ ပြောက ပျက်စီးရကြောင်း ၀တ္ထု***

No comments:
Post a Comment