မိချောင်းသာရေဖြင့် ပြုလုပ်ထားသော ဖိနပ်လိုချင်သည့် ကမ္ဘာကျော် ဘောလုံးစတား ဒေးဗစ်ဘက်ဟမ်း၏ ဇနီး ဗစ်တိုးရီးယားဈေးဝယ်ထွက်နေသည်။ သို့သော် ဈေးနှုန်းတွေက ခေါင်ခိုက်နေသည်။ ဆိုင်ရှင်က… `ဒေါ်လာ ၂၀၀-တော့မရဘူး။်အမရယ် ဒီလောက်ဆိုရင်တော့ ကိုယ်တိုင်သွားဖမ်းမှပဲရမယ်´
ဗစ်တိုးရီးယားမကျေမနပ်နှင့် ထွက်သွားသည်။
ညနေဆိုင်သိမ်းပြီး နေအိမ်သို့ ကားမောင်းပြန်လာရာ ဆိုင်ရှင်မှာ လမ်းဘေးရွံ့နွံထဲတွင် အံ့အားသင့်ဖွယ်ရာ မိချောင်းဖမ်းနေသော
ဗစ်တိုးရီးယားကိုတွေ့သည်။ မည်သို့မည်ပုံ ဖမ်းဆီးသည်မသိ၊ မိချောင်းအသေကောင်များမှာ ပတ်ဝန်းကျင်တွင် အတုံးအရုံး၊ နောက်ဆုံးမိချောင်းတစ်ကောင်ကို ဖမ်းဆီးအပြီး၌ ဗစ်တိုးရီးယား၏ ညည်းထွားသံကြားရသည်။ `ဟာ… ဒီတစ်ကောင်လည်းပဲ ဖိနပ်စီးမထားပြန်ဘူး´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment