(မော်စကို၊ ဖေဖော်ဝါရီလ ၂၂-ရက်)
ဥရောပမှ ခြိမ်းခြောက်မှုများ ထပ်မံ ပေါ်ပေါက်လာမည်ဆိုလျှင် ဘောလ်တစ်ပင်လယ်ကမ်းခြေ ကာလီနင်ဂရက် နယ်မြေတွင် အိုက်စ်ကန်ဒါ ဒုံးကျည်များချထားရဖွယ်ရာရှိသည်ဟု ရုရှားက စနေနေ့တွင် သတိပေးလိုက်သည်။ ရုရှားနိုင်ငံ ထိုအစီအစဉ်များ အားလုံးသည် ၄င်းတို့၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ယူဆ၍ ကာလီနင်ဂရက်ဒေသတွင် အိုက်စ်ကန်ဒါ ဒုံးကျည်စနစ်ချထားမည့်အစီအစဉ်ဖြင့် ပြန်လည်ခြိမ်းခြောက် ခြင်းဖြစ်သည်။ (ရိုက်တာ)
*** အာဂျင်တီးနားနှင့် ပါရာဂွေးနိုင်ငံတို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၀၀၀-နီးပါးရှိဟုဆို ***
(ဗျူနိုအေးရိစ်၊ ဖေဖော်ဝါရီလ ၂၂-ရက်)
အာဂျင်တီးနားနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၅၀၀-ခန့်ရှိကြောင်း အာဂျင်တီးနားနိုင်ငံ ကျန်းမာရေးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာသည်။ ပါရာဂွေးနိုင်ငံတွင်လည်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၄၇၇-ဦးထိ ရှိနေကြောင်း သိရသည်။ အဆိုပါရောဂါဖြစ်ပွားမှု စာရင်းဇယားများသည် အာဂျင်တီးနားနိုင်ငံ၏ မြို့တော် ဖြစ်သော ဗျူနိုအေးရိစ်မှ ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ထိုစဉ်အတွင်း ပါရာဂွေးကျန်းမာရေးဌာနမှ ပြောကြားချက်အရ သွေးလွန်တုပ်ကွေးရောဂါသည် ၄၇၇-ဦးအပြင် အပြင်လူနာအနေဖြင့် လာရောက်ပြသသူ ၁၆၅၃-ဦးတွင်လည်း ယင်းရောဂါလက္ခဏာများ တွေ့ရကြောင်း သိရသည်။ (ဆင်ဟွာ)
*** ပေါ်တူဂီပိုင်ကျွန်းပ၌ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းတို့ ဖြစ်ပွား သေဆုံးသူ ၄၂-ဦးအထိရှိပြီး ၁၂၀-ကျော် ဒဏ်ရာရ ***
(လစ္စဘွန်း၊ ဖေဖော်ဝါရီလ ၂၂-ရက်)
အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ပေါ်တူဂီပိုင် ထင်ရှားသောမာဒီကျွန်း၌ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးသူ ၄၂-ဦးရှိပြီး လူ ၁၂၀-ကျော် ဒဏ်ရာရရှိသည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ ၂၀-ရက်နေ့က မိုးသည်းထန်စွာရာသွန်းပြီး ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းတို့ကြောင့် သစ်ပင်များ ရေစီးနှင့်အတူ မျောပါသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တစ်နာရီလျှင် ကီလိုမီတာ ၁၀၀-ကျော်နှုန်းဖြင့် လေတိုက်ခတ်လျက်ရှိရာ ကျွန်းပေါ်ရှိ ဒေသအများအပြားသည် လျှပ်စစ်ဓာတ်အားနှင့် တယ်လီဖုန်းအဆက်အသွယ်များ ပြတ်တောက်ခဲ့သည်။ မာဒီရာကျွန်းသည် မာဒီရာကျွန်းစုအတွင်း အကြီးဆုံးဖြစ်ပြီး လူဦးရေ ၂၆၅၀၀၀-ရှိသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-ဧရာမောင် ***
*** အိုက်စ်ကန်ဒါဒုံးကျည်စနစ် ချထားမည်ဟု ဥရောပသို့ ရုရှားသတိပေး ***

No comments:
Post a Comment