(ပက်ရှ်ဝါ၊ ဖေဖော်ဝါရီလ ၂၁-ရက်)
ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၇-ရက်နေ့က မြေပြိုသဖြင့် ၁၉-ဦးသေဆုံးခဲ့ပြီး ၃၆-ဦး ပျောက် ဆုံးခဲ့ကြောင်း ဒေသဆိုင်ရာသတင်းရပ်ကွက်က ဖေဖော်ဝါရီလ ၁၈-ရက်နေ့တွင် ပြောကြားသည်။ ယင်း မြေပြိုမှုကြောင့် ကျေးရွာငယ် သုံးရွာပျက်စီးသွားခဲ့ကြောင်းလည်း အဆိုပါ ဒေသခံပြည်သူများက ပြော ကြားသည်။ (အင် တာနက်)
*** ကနေဒါသင်္ဘော တစ်စင်း ဘရာဇီးကမ်းလွန်တွင် နစ်မြုပ် ***
(ဘရာဇီးလီးယား၊ ဖေဖော်ဝါရီလ ၂၁-ရက်)
ကျောင်းသား ကျောင်းသူများ လိုက်ပါစီးနင်းလာသည့် ကွန်ကော်ဒီယာအမည်ရှိ ကနေဒါနိုင်ငံမှ သင်္ဘောတစ်စင်းသည် လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် ဘရာဇီးကမ်းလွန် တစ်နေရာတွင် နစ်မြုပ်ခဲ့ကြောင်း၊ သို့ရာတွင် သင်္ဘောသားများ အပါအ၀င် ၆၄-ဦးစလုံး အန္တရာယ်မှ ဘေးမသီရန်မခ လွတ်မြောက်ခဲ့ကြကြောင်း အင်တာနက် သတင်းအရ သိရသည်။ အက်စ်ဗွီကွန်ကော်ဒီယာသင်္ဘောသည် ဘရာဇီးကမ်းလွန်မှ မိုင် ၃၀၀-အကွာ လှိုင်းလေပြင်းထန်သည့် ပင်လယ်ပြင်တွင် ဖေဖော်ဝါရီလ ၁၈-ရက်နေ့က နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ဘရာဇီးရေတပ်သင်္ဘောက ကယ်တင်ခဲ့ရသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ပါကစ္စတန်မြောက်ပိုင်းတွင် မြေပြို ၁၉-ဦးသေဆုံးပြီး ၃၆-ဦး ပျောက်ဆုံး ***

No comments:
Post a Comment