*** ညအခါ နှစ်ခြိုက်စွာ အိပ်စက်ခဲ့လျှင် မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းစေနိုင် ***
နေ့အခါ တစ်ခဏတာ အိပ်စက်အနားယူခြင်းသည် ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်သော်လည်း ညအခါ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမှာ မှတ်ဥာဏ်စွမ်းအား ပို၍ ကောင်းမွန်စေနိုင်ကြောင်း အမေရိကန် သုတေသန သိပ္ပံပညာရှင်များက လေ့လာတင်ပြထားသည်။ အိပ်စက်အနားယူခြင်းသည် ဦးနှောက်မှတ်ဥာဏ်စွမ်း အားကို ပြန် လည်ဖြည့်ဆည်းပေးခြင်းပင်ဖြစ်ကြောင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီများက တင်ပြခဲ့သည်။
အဆိုပါ သုတေသနအဖွဲ့သည် နေ့အခါ အိပ်စက်အနားယူသောအဖွဲ့နှင့် ညအခါ အိပ်စက်သည့်အဖွဲ့တို့ကို ခွဲခြားပြီး သုတေသနပြုခဲ့ရာ ညအခါ နှစ်ခြိုက်စွာအိပ်စက်သူများမှာ မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းမွန်စေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ (အင်တာနက်)
*** (Public Health) ***

No comments:
Post a Comment