(ဆိုးလ်၊ ဖေဖော်ဝါရီလ ၁၃-ရက်)
ပါလက်စတိုင်သမ္မတ မာမွတ်အဘတ်စ်သည် ဖေဖော်ဝါရီလ ၁၀-ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ ပထမအကြိမ် ရောက်ရှိစဉ် တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်နှင့် တွေ့ဆုံသည်။ ပါလက်စတိုင်းဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် ၁၉၉၁-ခုနှစ်ကတည်းက အမေရိကန် ဒေါ် လာ ၃၃-သန်း ထောက်ပံ့ကူညီခဲ့ပြီး အစ္စရေးတို့ ကျူးကျော်တိုက်ခိုက်ပြီးနောက် ယခင်နှစ်မတ်လက ဂါဇာကမ်း မြောင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂-သန်းထောက်ပံ့ခဲ့သည်ဟု အဆိုပါသတင်း ၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** မူးယစ်ဆေးဝါးမှောင်ခိုသူ ၂၁-ဦး ကိုလံဘီယာရဲတပ်ဖွဲ့ ဖမ်းဆီးထား ***
(ဘိုဂိုတာ၊ ဖေဖော်ဝါရီလ ၁၃-ရက်)
မက္ကဆီကို မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများနှင့် ပူးပေါင်းသည်ဟု စွပ်စွဲခံရသူ ၂၁-ဦးကို ကိုလံဘီယာရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀-ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း၊ ယင်းဖမ်းဆီးခံထားရသူများသည် အမေရိကန်နိုင်ငံသို့ ပြန်လည်လွှဲအပ်ပေးရန် လိုလားနေသူများဖြစ်ကြောင်း ကိုလံဘီယာအာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)
*** အာဖဂန်မြောက်ပိုင်းတွင် နှင်းဖုံး၊ မြေပြို သေဆုံးသူ ၁၅၀-အထိ တိုးလာ ***
(ကဘူးလ်၊ ဖေဖော်ဝါရီလ ၁၃-ရက်)
အာဖဂန် နစ္စတန်နိုင်ငံမြောက်ပိုင်း ပါဝမ်ပြည်နယ်၌ တောင်များနှင်းဖုံးပြီး မြေပြိုကျမှုဖြစ်ပွားရာ သေဆုံးသူဦးရေမှာ ၁၅၀-အထိတိုးလာခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၁-ရက်နေ့တွင် ပြည်နယ်အုပ်ချုပ်ရေးမှူး မိုဟာမက်ဘာဆာက ပြောကြားသည်။ (ဆင်ဟွာ)
*** ပီရူး၌ မိုးကြီးပြီး ရေလျှံ အိမ်အလုံး ၂၀၀၀၀- ရေလွှမ်းခံရ ***
(လီမာ၊ ဖေဖော်ဝါရီလ ၁၃-ရက်)
ပီရူးနိုင်ငံမြောက်ပိုင်းတွင် ဖေဖော်ဝါရီလ ၁၁-ရက်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အိမ်အလုံး ၂၀၀၀၀-ထက်မနည်း ရေလွှမ်းပြီး အိမ် ၁၅၀-ပြိုကျပျက်စီးသွားကြောင်း ပီရူးမီဒီယာများတွင် ဖော်ပြထားသည်။ ပီရူးနိုင်ငံမြောက်ပိုင်း တရူဂျီလိုမြို့တွင်လည်း မိုးများသည်းထန်စွာ ရွာခဲ့ကြောင်း၊ ဆေးရုံသုံးရုံ ရေလွှမ်းခံရကြောင်းနှင့် အချို့အဆောက်အအုံများမှာ အက်ကွဲသွားကြောင်း ထည့်သွင်းဖော်ပြထားသည်။ မိုးသည်းထန်စွာ ရွာသွန်းနေခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားဝမ်းရောဂါများ ဖြစ်ပွားနိုင်ကြောင်းလည်း ဒေသဆိုင်ရာ ကျန်းမာရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ပါလက်စတိုင်း- အစ္စရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြန်စရန် တောင်ကိုရီးယားလိုလား ***

No comments:
Post a Comment