ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, February 3, 2010

ို့"နှစ်သစ်မှာ စိတ်ဝင်စားစရာက ဘာလဲ...?

>
လူထုစိန်ဝင်း (၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၆ ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထု စိန်ဝင်း ရဲ့အမြင်ဖြစ်ပါတယ်။ ) နှစ်ဟောင်း ကုန်ဆုံးလို့ နှစ်သစ် တစ်ခု ရောက်ပြန်ပြီ။ နှစ်ဟောင်း ကုန်ရက်တွေ နီးကပ်လာတာနဲ့ အမျှ ဂျာနယ်တိုက်တွေက တစ်တိုက်ပြီး တစ်တိုက် လာပြီး မှတ်ချက် စကား ပြောပေးပါ။ ထင်မြင်ချက် ကလေး ရေးပေးပါနဲ့ ပူဆာကြတယ်။ အရင် နှစ်တွေကထက် ပိုပြီးများတယ်။ ရောက်လာမယ့် နှစ်က ၂၀၁၀ ပြည့်နှစ် ဖြစ်နေတာကိုး။ ရွေးကောက်ပွဲကြောင့် စိတ်ထက်သန်ကြ ၂၀၁၀ ပြည့် နှစ်မှာ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ကြေညာထားတာ ဖြစ်လေတော့ လူငယ်လေးတွေ သိပ်ပြီး စိတ်အား ထက်သန် နေကြတယ်။ သူတို့လေးတွေ အတော်များများက ရွေးကောက်ပွဲဆိုတာ အခုမှ ပထမဆုံး အကြိမ် အဖြစ် ကြုံတွေ့ရမှာ ဖြစ်လေတော့ စိတ်အား ထက်သန် နေကြတာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အရာပါပဲ။

သူတို့ရဲ့ စိတ်အားထက်သန်မှု လေးတွေ အချည်းအနှီး ဖြစ်မသွား စေချင်တာကြောင့် အားလုံးကို လိုတိုရှင်း ပြောပေး၊ ရေးပေး လိုက်ပါတယ်။ စကားလုံး ကွဲပေမယ့် အကြောင်းအရာကတော့ တစ်ခုတည်းပါ။ အခုလာမယ့် ရွေးကောက်ပွဲဟာ အစိုးရရဲ့ လမ်းပြမြေပုံပါ အချက် ခုနှစ်ချက်မှာ နောက်ဆုံး အချက် ဖြစ်တာ မှန်ပေမယ့် တိုင်းသူ ပြည်သားများ အတွက်ကတော့ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင် မဟုတ်သေးတဲ့ အကြောင်း ထောက်ပြလိုက်တာ ဖြစ်ပါတယ်။ မစားရဝခမန်းအပြောတွေ ဘာကြောင့် ဒီအချက်ကို ထောက်ပြရတာလဲဆိုတော့ တချို့ ပုဂ္ဂိုလ်တွေက ရွေးကောက်ပွဲ ကျင်းပပေးလိုက်တာနဲ့ ချက်ချင်း လက်ငင်း ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ဘွားခနဲ ပေါ်ထွက်လာတော့ ပုံစံနဲ့ မစားဝခမန်း ရေးသားပြောဆို နေကြတာ တွေကို ၂၀၀၉ ခုနှစ် တစ်နှစ်လုံး တွေ့မြင်နေရလို့ ဖြစ်ပါတယ်။ တကယ်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီ စနစ်ရဲ့ ကျင့်စဉ်တစ်ခုသာ ဖြစ်တယ်။ ရွေးကောက်ပွဲ လုပ်လိုက်တာနဲ့ ဒီမိုကရေစီ နိုင်ငံတော် သစ်ကြီး ဘွားခနဲ ပေါ်ထွက် မလာပါဘူး။ ဖဆပလ ခေတ်ကလည်း ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ်။ လမ်းစဉ်ပါတီခေတ် ကလည်း ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ်။ ဘယ် ရွေးကောက်ပွဲကိုမှ ပြည်သူ လူထု အများစုကြီးက ကျေနပ်အားရ မရှိ ခဲ့ကြပါဘူး။ နောက်ဆုံးကျ အာဏာ သိမ်းယူတဲ့ အဖြစ်မျိုး သုံးကြိမ်သုံးခါ ပေါ်ပေါက်တဲ့ အထိ ဖြစ်လာခဲ့ရတာပါပဲ။ နားခါးသွားကြလိမ့်မယ် လူငယ်တွေကို မျှော်လင့်ချက်မှာ false hope တွေ မပေးသင့်ကြဘူး။ မစားရဝခမန်း ပြောကြတဲ့ မျှော်လင့်ချက်မှားတွေကို အဟုတ်ကြီး ထင်နေကြပြီး တကယ် လက်တွေ့ ထင်သလို ဖြစ်မလာခဲ့ရင် ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကိုတောင် နားခါး သွားမှာ စိုးရပါတယ်။ လမ်းစဉ်ပါတီ ခေတ်က မစားရဝခမန်း စကားတွေ အဟုတ်ကြီး ထင်ခဲ့ကြရာက နောက်ဆုံးကျ "ဆိုရှယ်လစ်" ဆိုတဲ့ စကား နားဝမှာ ယောင်လို့တောင် မကြားချင် တော့ပါဘူး ဆိုတဲ့ အဖြစ်မျိုး ရောက်သွားတာ ထင်ရှားတဲ့ သာဓက ဖြစ်တယ် မဟုတ်ပါလား။ ဒီခေတ် လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှုက အင်မတန် မြင့်ပါတယ်။ ဘယ် နိုင်ငံက ဘယ်လူမျိုးထက်မှ နောက်မကျပါဘူး။ ကြွားတယ်လို့ ထင်ချင်ထင်ပါ။ ဒီမိုကရေစီတို့၊ လွတ်လပ်ခွင့်တို့ သံကုန်ဟစ် နေတဲ့ ဒီမိုကရေစီ ထိပ်သီးဆိုတဲ့ နိုင်ငံကြီးက လူတွေထက် အများကြီး သာတယ်လို့တောင် ပြောဝံ့ပါတယ်။ မြန်မာနိုင်ငံမှာ သာဆိုရင် ရော်နယ်ရေဂန်လို ကောင်းဘွိုင် မင်းသားနဲ့ အာနိုးလို အပေါစားအက်ရှင် မင်းသားမျိုးကို သမ္မတရာထူး၊ ဘုရင်ခံ ရာထူးမျိုးအတွက် ဘယ်တော့မှ ရွေးချယ် တင်မြှောက်ကြမှာ မဟုတ်တာ သေချာပါတယ်။ ပေါ်ပြူလာသမား လက်ရှိ သမ္မတ အိုဘားမား အရည်အချင်း ဘယ်လောက်ရှိသလဲ ဆိုတာလည်း အခုဆို သက်တမ်းတစ်နှစ် ရှိသွားပြီ ဆိုတော့ မှန်းဆပုံဖော် ကြည့်လို့ ရနေပါပြီ။ အခုထိတော့ ပြည်တွင်းရေး ကိစ္စတွေမှာ ဖြစ်ဖြစ်၊ ပြည်ပရေးရာ ပါလက်စတိုင်း ကိစ္စ၊ အီရတ်ကိစ္စ၊ အာဖဂန်နစ္စတန်ကိစ္စ၊ အီရန်နဲ့ မြောက်ကိုရီးယားကိစ္စ စတဲ့ ကိစ္စတွေမှာ ဖြစ်ဖြစ်၊ အိုဘားမားဝါဒ၊ အိုဘားမား ဗစ်ရှင် ဆိုတာမျိုး တစ်ခုမှ မတွေ့ရပါဘူး။ လူတကာလိုက်ပြီး မျက်နှာချိုသွေး နေတဲ့ ပေါ်ပြူလာ နိုင်ငံရေးသမား (populist) လုပ်ရပ်မျိုးတွေချည်း တွေ့နေရပါတယ်။ ဖျော်ဖြေရေး သမားတွေလို တွေ့သမျှ လူကို မျက်နှာချိုသွေး၊ ပုံရိပ် ကောင်းကောင်း ကြော်ငြာ (publicity) များများ လုပ်နိုင်လို့သာ သမ္မတ ဖြစ်လာခဲ့တာပါ။ မြန်မာလူမျိုးတွေသာ ဆိုရင် ဘယ်နည်းနဲ့မှ ရွေးမှာ မဟုတ်ပါဘူး။ ပထမဆုံးခြေလှမ်း မျှော်လင့်ချက်မှားတွေ ပေးပြီး ကျုံးအော်နေကြ သူတွေဟာ မြန်မာလူမျိုးတွေကို အထင်သေး နေကြတာ ဖြစ်တယ်။ မြန်မာ လူမျိုးတွေအကြောင်း သေသေချာချာ နားလည်ရင် မြန်မာ့ နိုင်ငံရေးကို နားမလည်နိုင်ဘူး။ မြန်မာ လူမျိုးတွေအကြောင်း နားလည်ဖို့ ဆိုရင်လည်း မြန်မာလူမျိုးတွေနဲ့ အေးအတူပူအမျှ အတူတကွ နေထိုင်ခံစား နေမှ ဖြစ်ပါတယ်။ နိုင်ငံခြားသား မျက်နှာဖြူ နိုင်ငံရေး ဂုရုဆိုသူတွေ ရေးတဲ့ မြန်မာပြည်အကြောင်း စာအုပ်တွေ ဖတ်ပြီး မြန်မာလူမျိုး အကြောင်း လေ့လာလို့ မရပါဘူး။ မြန်မာတွေကို ဆရာလုပ်ချင်ရင် ကိုယ်တိုင် မြန်မာတွေ ကြားမှာနေပြီး မြန်မာတွေရဲ့ စကားသံတွေကို နားထောင်ဖို့ လိုပါတယ်။ အခုမှ ရွေးကောက်ပွဲ ဆိုတာ ကြားဖူးတဲ့ လူငယ်လေးတွေကို အမှန်အတိုင်း အသိပေးသင့် ပါတယ်။ ရွေးကောက်ပွဲဆိုတာ နောက်ဆုံးပန်းတိုင် မဟုတ်တဲ့ အကြောင်း၊ ဒီမိုကရေစီ ခရီးစဉ်ကြီးရဲ့ ပထမဆုံး ခြေလှမ်း တစ်လှမ်းသာ ဖြစ်တဲ့အကြောင်း သိစေသင့်ပါတယ်။ ရွေးကောက်ပွဲလွန်နိုင်ငံရေး ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးထက် တကယ်တော့ ရွေးကောက်ပွဲလွန် နိုင်ငံရေးက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာ ဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး ဆိုတာကတော့ ထုံးစံအတိုင်း ပါတီတွေ အချင်းချင်း အပြိုင်အဆိုင် ဟောပြောကြ၊ ကြော်ငြာကြ၊ ဝါဒဖြန့်ကြ လုပ်မှာပါပဲ။ ဘာမှ မဆန်းပါဘူး။ ရွေးကောက်ပွဲလွန် ကာလမှာ ဖွဲ့စည်းမယ့် အစိုးရက ဘယ်လို အစိုးရ ဖြစ်မလဲ၊ လွှတ်တော်ရဲ့ အခန်းကဏ္ဍက ဘယ်လို ရှိမလဲ ရွေးကောက်ပွဲလွန်ကာလ တပ်ရဲ့ အနေအထားက ဘယ်လို နေမှာလဲ တိုင်းရင်းသား ဒေသ အသီးသီးမှာ ဖွဲ့စည်းမယ့် လွှတ်တော်တွေမှာ ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိမှာလဲ စတဲ့ အချက်တွေက ပိုအရေးကြီးပြီး ပိုစိတ်ဝင်စားဖို့ ကောင်းတာ ဖြစ်တယ်။ နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမှာက ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမယ့် အဆောက်အအုံတွေသာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
လူထုစိန်ဝင်း
posted by ပိတောက်မြေ at 12:07 AM on Jan 29, 2010
myat said...
ဟုတ်ရဲ့လား လား လား ?
ကျုပ်သိသလောက် ရွေးကောက်ပွဲ ပြီးရင် ပန်းတိုင် ရောက်သွားပြီလို့ ဘယ်သူမှ မပြောဘူးပါဘူး။ ကိုစိန်ဝင်း ကိုယ်ဟာကို ရန်သူဖော်ပြီး တိုက်ပွဲဝင်ပြနေတာဘဲ ဖြစ်တော့မယ်။
January 29, 2010 2:41 AM
MMmedicalvoice said...
"တကယ်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ မဟုတ်ပါဘူး" ဆိုတော့ ဒီမိုကရေစီ ကဘာလဲ။ လူထုစိန်းဝင်းကတော့ ၂ လုံးထဲ့နဲ့ ရှူပ်နေပြီး။ ရွေးကောက်ပွဲကသာလျှင် ဒီမိုကရေစီ ထွက်ပေါက် အစစ်အမှန့်ဖြစ်တယ်။ မရွေးကောက်ပဲနဲ့  ဘယ်လိုနည်းလမ်းနဲ့ံ ဒီမိုကရေစီ ဖော်ဆောင်မလဲ ဆိုတာ လူထုစိန်းဝင်း တခါတည်း ရေးပြီးဖော်ပြသင့်တယ်။ ဒါဆို နည်းစနစ်အသစ်တွေကို လူငယ်တွေသိလာမှာပေါ့။ "လူငယ်တွေကို မျှော်လင့်ချက်မှာ false hope တွေ မပေးသင့်ကြဘူး။ "ဆိုတာကလည်း ဘာမှမဆိုင်လှပါဘူး။ "မြန်မာနိုင်ငံမှာ သာဆိုရင် ရော်နယ်ရေဂန်လို ကောင်းဘွိုင် မင်းသားနဲ့ အာနိုးလို အပေါစားအက်ရှင် မင်းသားမျိုးကို သမ္မတရာထူး၊ ဘုရင်ခံ ရာထူးမျိုးအတွက် ဘယ်တော့မှ ရွေးချယ် တင်မြှောက်ကြမှာ မဟုတ်တာ သေချာပါတယ်။" လူထုစိန်ဝင်းရဲ့  အမေရိကန်ကို အသားလွတ်မုန်းတီးပုံ ကလည်းေုကာက်စရာကောင်းပါတယ်။ ဒါက အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မူပါ။ မှန်မမှန်ကတော့ သူတို့ တွေရဲ့  သမိုင်းမှတ်တိုင်က သက်သေပြပြီးပြီး။ ဒီလိုအရေးအသားမျိုးကသာလျှင် လူငယ်တွေကို အမေရိကန်ျမုန်းတီးရေးမှိုင်းတိုက်ပေးသလို ဖြစ်နေပါတယ်။ မြန်မာလူမျိုးက အဲလိုလူတွေကိုမရွေးဘူးလို့ ပြောရအောင် အမေရိကန်ပြည်သူတွေရဲ့  အသိဥာဏ်ရေချိန်ကိုလည်း မြန်မာနဲ့ ယှဉ်ရင် တော်တော်နိမ့်နေတာကိုး။ေုကာင်တောင်တောင် အတွေးတွေနဲ့  မြန်မာလူငယ်တွေကို မဟုတ်တမ်းတရားတွေ ရေးနေပြောနေတာတော့ တော်တော့်ကို ဆိုးလွန်ပါတယ်။ လူငယ်တွေ ရှောင်နိုင်ကြပါကုန်။
January 29, 2010 4:09 AM
Kyaw said...
ကျွန်တော့်အမြင်ကတော့လူထုစိန်ဝင်းနဲ့ မတူပါဘူး။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြန်လည် ကျင်းပတာ ယနေ့ အသက် (၁၈)နှစ်ကျော် လူငယ်တွေနဲ့ ၁၉၉၀ တုန်းက အသက်မပြည့်တဲ့ လူငယ်တွေ အတွက် ပထမဆုံး ဖြစ်သလို နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ဘာတွေထူးခြားပြောင်းလဲသွားမလဲဆိုတာကတော့- နိုင်ငံတော်မှာ ပြည်သူကရွေးချယ်တဲ့ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် ပေါ်လာမယ်။ လွှတ်တော်တွေပေါ်လာမယ်။ တပ်မတော်အစိုးရရဲ့ နိုင်ငံတော်ကို တာဝန်ယူမှု ၇၅ ရာခိုင်နှုန်းလျော့သွားမယ်။ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ရဲ့ အာဏာကြီးစိုးမှု ဖြစ်ပေါ်လာမယ်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ အတိုင်း လွတ်လပ်စွာ ရေးသားခွင့်၊ ပုံနှိပ်ထုတ်ဝေပိုင်ခွင့်၊ စုစည်းဆွေးနွေးပိုင်ခွင့်၊ ဥပဒေနှင့် အညီ စီတန်းလှည့်လည် ဆန္ဒပြပိုင်ခွင့် တွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ရဲ့ အနှစ်သာရ အစစ်ကို ရဖို့ကတော့ တစ်ဖြေးဖြေး ပြုပြင်ပြောင်းလဲ ယူရမှာပါ။ ဒီနေရာမှာ ဥပဒေနဲ့ စည်းကမ်းကို လူငယ်တွေသာမက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက နားလည်သဘောပေါက်အောင် စာရေးဆရာများ ပိုရေးသားသင့်ပါတယ်။
ဥပမာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို လွတ်လပ်ရေးရတာဟာ လမ်းပေါ်မှာ ထွက်ပြီးစပါးနေလှန်းဖို့ မဟုတ်ဘူး။ ဂျပန်မှာ ဦးဥာဏ်ဝင်းကို ဆန္ဒပြမယ် လုပ်တော့ ဂျပန်အစိုးရက မပြရဘူးလို့ ပိတ်ပင်တာကြောင့် မပြဖြစ်ဘူး။ ဒါတွေဟာ ဥပဒေရဲ့ လွှမ်းမိုးမှုတွေပဲ။ အားလုံးစည်းကမ်းနဲ့ ကိုက်ညီပြီး ဒီမိုကရေစီ နိုင်ငံတော်ကို ချီတက်တဲ့ နေရာမှာ တက်ညီလက်ညီရှိဖို့။ လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားကြဖို့။ ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာသုံးသပ်ပြီး အကောင်းဆုံးတွေ ရွေးချယ်နိုင်ကြဖို့ကို တိုက်တွန်းရမှာပါ။
January 29, 2010 7:26 AM
Kyaw said...
ဒီမိုကရေစီကို ကျွန်တော်တို့ မကျင့်သုံးခဲ့ဖူးတာ မဟုတ်ပါဘူး။ ပါလီမာန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး တိုင်းပြည်နဲ့ ပြည်သူလူထုနဲ့ ကိုက်ညီခြင်းမရှိလို့ ပျက်သုန်းသွားခဲ့တယ်။ ဒီမိုကရေစီနိုင်ငံအဖြစ် ရင့်ကျက် ပြောင်းလဲ နိုင်ဖို့အတွက် အချိန်ယူရမှာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ဒီနေ့ ဒီမိုကရေစီ ထွန်းကားနေတဲ့ နိုင်ငံတွေဟာ တဖြေးဖြေး ရင့်ကျက်ပြောင်းလဲ လာပြီးမှ ဒီကနေ့ အဆင့်အတန်းကို ရောက်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာလဲ တဖြေးဖြေးရင့်ကျက်ပြောင်းလဲယူရမှာပဲ ဖြစ်ပါတယ်။ ဘယ်နိုင်ငံရဲ့ ဒီမိုကရေစီဟာ အကောင်းဆုံးဖြစ်ပြီး ကျွန်တော်တို့နဲ့ အကိုက်ညီဆုံးဖြစ်ပါသလဲ။ ဘယ်စနစ်ကရော ကျွန်တော်တို့ နိုင်ငံကို Super developed ဖြစ်အောင်လုပ်ဆောင်နိုင်မှာလဲ။
လူကောင်းဖို့သာ အဓိကပါ။ ဒီတော့ လူကောင်းလူတော်တွေ၊ နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်း လုပ်ဆောင်ကြမယ့် လူငယ်ထုတွေဖြစ်ကြဖို့၊ ကြိုးစားဆောင်ရွက်သင့်ပါကြောင်း ခင်ဗျား။
January 29, 2010 7:27 AM
Kyaw said...
နောက်ပြီး ဒီကနေ့ လူငယ်မျိုးဆက်သစ်တွေအားလုံးကို စဉ်းစားစေချင်တာလေး တစ်ခု ရှိပါတယ်။ တိုင်းပြည်မှာ ခေတ်အဆက်ဆက်ကွဲခဲ့တယ်။ ဒီကနေ့ရော နောင်ကော ဆက်လက်ကွဲအုံးမလား။ ဘာကြောင့်ပဲ ကွဲကွဲ မကွဲသင့်တော့ဘူး။ ရန်မဖြစ်သင့်တော့ဘူး။ မရိုင်းသင့်တော့ဘူး။ ကျွန်တော် ပြောပြောနေသလိုပေါ့ဗျာ အားလု့းက တိုင်းပြည်ကို ချစ်လွန်းလို့ ကောင်းစားစေချင်လွန်းလို့ ဖြစ်ပေါ်လာတဲ့ ဒေါသတွေ၊ အားမရမှုတွေ အပေါ် ကြီးထွားလာတဲ့ အမုန်းတရားဟာ ကမ္ဘာစစ်မီး ကျိန်မီးအုံးသလို ဖြစ်ခဲ့ရတယ်။ လူငယ်မျိုးဆက်သစ်တွေကို ကျွန်တော်တို့ ဒီအမွေ ဘယ်တော့မှ ဆက်မပေး ပါရစေနဲ့။ လူငယ်တွေ စည်းလုံးပါ။ တိုင်းပြည်အရေးကို ကြည့်ပါ။ အပြစ်မရှာပါနဲ့ အဖြေရှာတတ်အောင်လုပ်ပါ။ နိုင်ငံရေးနယ်ပယ်မှာ ထူးချွန်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်တွေ ဖြစ်အောင်လေ့ကျင့်ပါ။ အုတ်ရောရော ကျောက်ရောရော မဖြစ်ပါစေနဲ့။
အရာရာကို (၂)ဖက် မျှတွေးစဉ်းစား ဆုံးဖြတ်တတ်တဲ့ အကျင့်စာရိတ္တကောင်းတဲ့ လူငယ်တွေဖြစ်အောင်၊ အစမ်းသပ်ခံနိုင်လောက်အောင် ကြိုးစားပါ။ တိုင်းပြည်ကို လက်ဆင့်ကမ်းရမှာက လူငယ်တွေပဲ။ အရင်တုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို သင်ခန်းစာယူရုံကလွဲပြီး၊ မိမိလက်ထက်မှာ မိမိတို့တာဝန်ယူတဲ့ အချိန်မှာ အဲဒီလိုမဖြစ်အောင် ကြိုးစားပါ။ ပြန်ပြောနေမယ့်အစား ပြန်ပြင်ပါ။ ပညာရည် ထူးချွန်ထက်မြက်အောင် ကြိုးစားပါ။ အထူးသဖြင့် နိုင်ငံတကာ ဆက်ဆံရေး ကျွမ်းကျင်အောင် ကြိုးစားလေ့ကျင့်ပါ။ အရေးအကြီးဆုံးကတော့ စာများများဖတ်ကြပါ။
နိုင်ငံရေးကို စိတ်မ၀င်စားလို့ မရဘူး။ စိတ်ဝင်စားရမယ်။ မိမိတို့ ပညာရပ်ဆည်းပူးနေတာ၊ အလုပ်လုပ်နေတာက အစ နိုင်ငံရေးပဲ။ အခုလာမယ့် ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီတွေ ဘက်ပေါင်းစုံက ပြောဆိုကြမယ်။ စည်းရုံးကြမယ်။ ၀ါဒတွေ ဖြန့်ကြမယ်။ ဘယ်သူတွေကို မဲပေးသင့်သလဲ။ စဉ်းစားပါ။ သေချာဆုံးဖြတ်ပါ။ ပြီးတော့ ရွေးချယ်ပါ။ ဘုရားဟောသလို ကိုယ်တိုင်လက်တွေ့ ဖြစ်မှ ယုံကြည်ပါ။ သူများပြောလို့လဲ မယုံကြည်ပါနဲ့။ အပြောကောင်းလို့လဲ ပါမသွားနဲ့။ မိမိမှာ အားလုံးနဲ့ တန်းတူ စဉ်းစားဥာဏ် ဆုံးဖြတ်ဥာဏ်ရည်များ ပိုင်ဆိုင်ထားကြပါတယ်။ အကောင်းဆုံးကိုသာ လုပ်ဆောင်ကြပါ။
January 29, 2010 7:44 AM

သွေးသစ္စာ said...
ကို Kyaw
ပြောတာသဘာဝကျပါတယ်.. MMmedicalvoice ပြောပုံထောက် ရင်အမေရိကန်ကို တော်တော်ကြီးအထင်ကြီးနေသလိုပါပဲ ကိုယ့်နိုင်ငံကိုတည်ဆောက်တာ ကိုယ့်ဟာကိုယ်ကိုးသင့်တာပေါ့ သူ့နိုင်ငံဥပဒေနဲ့ ကိုယ့်နိုင်ငံဥပဒေအကျင့် ဓလေ့စရိုက်တွေမှမတူတာ အတုယူသင့်တာပဲယူမှာပေါ့ အမေရိကန်တွေက ဦးဏှောက်ကောင်းလွန်းလို့ဆိုပြီး မယူသင့်တာတွေ အကုန်လုံး ကော်ပီကူချစရာမလိုပါဘူး ဆရာစိန်ဝင်း ပြောသွားတာက သာဓကသဘောမျိုး အနေနဲ့ပြောသွားတာဖြစ်နိုင်ပါတယ်.. အားနိုးတို့ စတားလုံးတို့ ကိုအထင်ကြီးချင်သပဆိုလဲကြီး ပေါ့ဗျာ.. ဒါပေမယ့် ဆရာစိန်ဝင်းဆိုလိုတာက အဲလိုမျိုး နည်းလမ်းတွေနဲ့ကျော်ကြားတဲ့သူ ဥပမာဒေါ်စုလို လူမျိုး အဖေက ဗိုလ်ချူပ်အောင်ဆန်းဖြစ်လို့ သမီးကအလိုလိုနေရင်နဲ့ကျော်ကြား တဲ့ လူတွေကိုပြောတာဗျို့.. အဲဒါကြောင့် မြန်မာလူမျိုးအကြောင်းသိချင်ရင် မြန်မာတွေကြားမှာနေလို့ပြေားထားတာ နိုင်ငံခြားသွားပြီး နိုင်ငံခြားဘာသာစကားတတ်ကျွမ်းတာ စကားပြော လိမ္မာကောက်ကျစ်တာ ဘာဘွဲ့၊ဆုတွေရလို့ဆိုပြီး သူများတွေမြောက်ပေးမှုအရဖြစ်တည် ကျော်ကြားလာတဲ့သူ မြန်မာနိုင်ငံအကြောင်း မြန်မာ့လူမျိုးအကြောင်း မသိပဲ မြန်မာနိုင်ငံနဲ့ကိုက်ညီမှုမရှိပဲ လူကြိုက်များ ကျော်ကြားလို့ ခန့်မှာမဟုတ်ဘူးလို့ပြောတာ မြန်မာပီပီသသနဲ့ မြန်မာ့အဆင့်အတန်း မှီပြီးကမ္ဘာနဲ့ ယဉ်ဘောင်တန်းနိုင်တဲ့သူတွေကို ရွေးချယ်ရမှာပေါ့ဗျာ.. မြန်မာ့လူငယ်တွေကို လည်းတိုင်းတစ်ပါးကိုကြီး စွတ်အထင်ကြီးနေအောင် မလုပ်သင့်ပါဘူး ...
January 29, 2010 7:48 AM
Kyaw said...
ထပ်ပြီး ဆွေးနွေးပြချင်တာကတော့ ဒီကနေ့ ကျွန်တော်တို့ နိုင်ငံမှာ အခြေခံဥပဒေ တစ်ရပ်ခိုင်ခိုင်မာမာပေါ်ထွန်းခဲ့ပါပြီ။ ကျင့်သုံးကြည့်စေချင်ပါတယ်။ မကျင့်သုံးကြည့်သေးပဲနဲ့ မကောင်းဘူးလို့ မပြောသင့်ပါဘူး။ အခြေခံ ဥပဒေတိုင်းဟာ နိုင်ငံတိုင်းကို အထွဋ်အထိပ် ရောက်အောင်စွမ်းဆောင်နိုင်တဲ့ လိုတရ စဉ်းမျဉ်းတွေတော့မဟုတ်ပါဘူး။ ကျင့်သုံးတဲ့ အစိုးရရယ် ပြည်သူရယ် အပေးအယူမျှတဖို့က အလွန်အရေးကြီးပါတယ်။
အခုလဲ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲကို ဖြစ်မြောက်အောင် ကျင်းပမယ်လို့ အတိအလင်း ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဘယ်တော့လဲ ဘာလဲ မေးနေစရာကို မလိုပါဘူး။ ဒီဇင်ဘာ ၃၁ ထက်တော့ နောက်မကျဘူးဆိုတာ အားလုံးသိပါတယ်။ ရွေးကောက်ပွဲ ဥပဒေမထွက်လို့ ဘာလို့ ပြောစရာမလိုဘူး။ ဥပဒေမထွက်သေးလဲ ၁၉၉သတုန်းကထက်တော့ မချောင်နိုင်ဘူးဆိုတာ သိနိုင်ပါတယ်။ ပြည်သူတွေကို မိမိတို့ နည်းလမ်းမျိုးစုံနဲ့ ကြိုတင်စည်းရုံးမှုတွေ လုပ်ကြပေါ့ဗျာ။ ဦးဝင်းတင်တောင်ပြန်လာပြီပဲလေ။ ထားပါ။
မိမိမှာ မိတ်ဆွေတွေရှိရင်၊ ပါးစပ်ပါရင် စည်းရုံးလို့ ရတယ်။
ဒီတော့ နိုင်ငံရေးကတော့ Road Map အတိုင်း ဆက်လက် ချီတက်မှာပဲ ဖြစ်ပါတယ်။
ဘယ်လိုလုပ်ပြီး ပျက်အောင် ဖျက်ဆီးကြမလဲ။ ပျက်ခဲ့ရင်ကော အကောင်းထက် အဆိုးက ပိုများမလား။ စစ်သက်ပိုရှည်သွားမလား ဆိုတာ စဉ်းစားစရာတွေ အများကြီးပဲ။ အခြေခံ ဥပဒေ မရှိသေးတာထက် ရှိလာတာ ကောင်းပါတယ်။ ဒီအတိုင်း နေတာထက် လွှတ်တော်တွေ ပေါ်လာတာ ကောင်းပါတယ်။ စနစ်တစ်ခုကနေ တစ်ခုကို ပြောင်းလာတာကောင်းပါတယ်။ လိုအပ်ချက်တွေ စပျစ်သီးချဉ်နေတာတွေ အများကြီးပါ။ သိတယ်။ ခင်ဗျားတို့ထက်ပိုသိတယ်။ ပြောမနေတော့ဘူး။ ကောင်းအောင်ပဲ ဆက်လုပ်ကြရအောင်။ အားလုံးကောင်းစေချင်ပါတယ်ဗျာ။ အားလုံးနိုင်ငံကို ချစ်လွန်းလို့ ဖြစ်ရတဲ့ ဒေါသတွေ၊ ခံယူချက်တွေ ဖြစ်ပါတယ်။ အားလုံးမပြည့်စုံကြပါဘူး။ လိုအပ်ချက်တွေနဲ့ပါ။ ဒီတော့ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ ပေါင်းစည်းခြင်း၊ ညီညွတ်ခြင်းတွေနဲ့ နိုင်ငံတော်ကို အတူတကွ လက်တွဲသွားချင်တယ်။ မဝေးပါဘူးဗျာ။ လာချင်ရင် အနီးလေးပါ။ တစ်ဖြေးဖြေး ပြောင်းလဲယူကြရအောင်ပေါ့ဗျာ။
January 29, 2010 8:05 AM
ကြိုင်ကြိုင် said...
(မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြန်လည် ကျင်းပတာ ယနေ့ အသက် (၁၈)နှစ်ကျော် လူငယ်တွေနဲ့ ၁၉၉၀ တုန်းက အသက်မပြည့်တဲ့ လူငယ်တွေ အတွက် ပထမဆုံး ဖြစ်သလို နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။)

လွန်ခဲ့တဲ့ အနှစ်၂၀ကျော် ၁၉၉၀ က ရွေးကောက်ပွဲကတော့ တိုင်းပြည်အတွက် အရေးမကြီးခဲ့လို.လား ပြောစမ်း?
ထိုအချိန်က ၁၈နှစ်ပြည့်ခဲ့သူတွေ မဲပေးခဲ့သူတွေရဲ့ မဲတွေ ကိုကျတော့ ဘာဖြစ်လို. မျက်ကွယ်ပြု ရတာလဲ ? အဲဒီလူတွေကကော လူ မဟုတ်ဘူးလား ?
၁၉၉၀ ရွေးကောက်ပွဲကြီးကို ဘယ်အုပ်စုက စီစဉ် ကျင်းပပေးခဲ့တာလဲ ?
သန်းရွှေလူကြီးအဖြစ်ပါဝင်တဲ့ အုပ်စုကဘဲ ကျင်းပပေးတာ မဟုတ်လား?
မလိုတမျိုး.. လိုတမျိုးဆိုတာ အကျင့်ကောင်းတဲ့ လူကြီးတွေမလုပ်ဘူး၊ ဖါခေါင်းတွေ လုပ်တဲ့အလုပ်။ သန်းရွှေ ဖါခေါင်းကြီး ခုတမျိုးတော် ကြာတမျိုး လုပ်လာတာ နှစ်၂၀ရှိပြီ မပြောချင်လို. ကြည့်နေတာ အဟုတ်ကြီးထင်မနေကြနဲ့။
ရှင်းရှင်းလေး ကို မရှုတ်ရှုတ်အောင်လုပ် ပြီး မျက်လှည့်ပြ နေတာ လူမသိတာကျနေတာဘဲ ရွံလွန်းလို. သန်းရွှေ စေါက်ခွက်ကို ကြည့်ဘို.နေနေသာသာ ကို ဟိုဟာနဲ. ထိုးချင်တယ် သိထါးဘို.က။
January 29, 2010 9:03 AM

စုကြည် said...
မာမီစုတို့ကတော့ မှုတ်တတ်တာကလွဲပြီး(မျက်နှာဖြူဘာသာစကား) မြန်မာနိုင်ငံရေး နဲ့ မြန်မာလူမျိုးဓလေ့စရိုက်တွေကို နားမလည်ပါဘူး...ဆိုင်ကော်လို့ ခြုံပေါ်ရောက်ပြီး ဘ၀မြင့်ပြီး အာဏာရှူးနေတဲ့ သူတစ်ယောက်ပါ...အထင်တော့ မသေးလိုက်ပါနဲ့ စီးပွားရေးပိတ်ဆို့မှု(ပြည်သူတွေအလုပ်လက်မဲ့ဖြစ်အောင်) တို့ အလုံးစုံပြတ်သုန်းရေး တို့ အကြမ်းဖက်လုပ်ရပ်တွေကိုတော့ လုပ်တတ်တယ်...
January 29, 2010 10:07 AM
Win said...
(အားလု့းက တိုင်းပြည်ကို ချစ်လွန်းလို့ ကောင်းစားစေချင်လွန်းလို့ ဖြစ်ပေါ်လာတဲ့ ဒေါသတွေ၊ အားမရမှုတွေ အပေါ် ကြီးထွားလာတဲ့ အမုန်းတရားဟာ ကမ္ဘာစစ်မီး ကျိန်မီးအုံးသလို ဖြစ်ခဲ့ရတယ်။ လူငယ်မျိုးဆက်သစ်တွေကို ကျွန်တော်တို့ ဒီအမွေ ဘယ်တော့မှ ဆက်မပေး ပါရစေနဲ့။)

I think it is a nice comment . We should make a point.
January 29, 2010 5:18 PM
Comment deleted
This post has been removed by the author.
January 29, 2010 5:28 PM
Kyaw said...
ကြိုင်ကြိုင် ပြောတာလဲ မှန်ပါတယ်။ ၁၉၉၀ ပြည့်တုန်းက နိုင်ငံတော်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲကို တစ်ပြည်လုံးအတိုင်းအတာနဲ့ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီအားလုံးနဲ့ အတူ နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးလှတဲ့ နိုင်ငံတော်နဲ့ ပြည်သူတို့ ချုပ်ဆိုကြတဲ့ စာချုပ်ကြီးလို့လဲ တင်စားခေါ်ဝေါ်ကြတဲ့ အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲကြဖို့ ကြေငြာချက် ၁/၉၀ ကို ထုတ်ပြန်ခဲ့ပါတယ်။ NLD ဟာ မဲဆန္ဒနယ်တော်တော်များများမှာ နိုင်ခဲ့တာမှန်ပေမယ့် NLD ပါတီတစ်ခုထဲ အပြတ်အသတ်အနိုင်ရခဲ့တာမဟုတ်ပါဘူး။ သူတို့လိုပဲ မဲဆန္ဒနယ်တော်တော်များများမှာ နိုင်ခဲ့တဲ့ ပါတီတွေ ရှိပါတယ်။ ဒီတော့ NLD က ဦးဆောင်ပြီး အခြေခံဥပဒေရေးဆွဲမယ်ဆိုတာ နိုင်ငံအတွက် လုံးဝမဖြစ်နိုင်ပါဘူး။ ဒီတော့ အားလုံးသဘောတူညီချက်နဲ့ အမျိုးသားညီလာခံကြီးကို ကျင်းပခဲ့တယ်။

သို့သော် NLD အနေနဲ့ အများစုရဲ့ ဆန္ဒကို ဦးစားပေးခြင်းဆိုတဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်မခံနိုင်ပဲ ၁၉၉၅- နိုဝင်ဘာလမှာ အမျိုးသားညီလာခံကို ဆန့်ကျင်ထွက်ခွာခဲ့ပါတယ်။ ကျန်ရှိတဲ့ ကိုယ်စားလှယ်များနဲ့ ဆက်လက်ကျင်းပခဲ့ပြီး၊ ၁၉၉၆ ခုနှစ်မှာ ယာယီရပ်ဆိုင်းခဲ့ပါတယ်။ ဒီမှာ ကျွန်တော်ပြောချင်တာက NLD ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာမှာ အခြေခံရမယ့် အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံမူ ၁၀၄ ချက်ကို ထောက်ခံသဘောတူခဲ့ပြီးဖြစ်ပါတယ်။ ဒီအခြေခံမူတွေအပေါ်မှာပဲ ဥပဒေတွေ ရေးဆွဲပြဌာန်းရတာပါ။ အိမ်တစ်အိမ်ဆောက်သလိုပေါ့ဗျာ အုတ်မြစ်ချတုန်းကလည်း သဘောတူခဲ့တယ်။ ဘေးနံရံတွေကာတုန်းကလဲ သဘောတူခဲ့တယ်။ အခန်းဖွဲ့တာလဲ သဘောတူခဲ့တယ်။ ပြီးတော့မှ ဒီအိမ်ကြီးကို ပြန်ဖျက်ပြီး အသစ်ပြန်ဆောက်ချင်တယ်ဆိုတာ မဖြစ်နိုင်တော့ဘူးလေ။

အမျိုးသားညီလာခံကို ၂၀၀၄ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပါတယ်။ ဒီကြားထဲမှာ အကြိမ်ကြိမ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါသေးတယ်။ ခေါ်ပါသေးတယ်။ ညီလာခံပြန်တက်ဖို့လဲ ဖိတ်ကြားခဲ့ပါတယ်။ သူတို့မတက်လို့၊ သူတို့ အမျိုးမျိုး လုပ်နေလို့ နောက်ကျခဲ့တာကိုလဲ ထည့်ပြောစေချင်ပါတယ်။ ဒီတော့ အမျိုးသားညီလာခံလို နေရာမျိုးမှာမှ နိုင်ငံရေးမဆွေးနွေးချင်ရင် ဘယ်မှာ သွားဆွေးနွေးမလဲ။ စဉ်းစားကြည့်ပါ။
January 29, 2010 8:01 PM
Kyaw said...
ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် အနှစ်၂၀ နောက်ကျခဲ့ရတယ်။ ဒီအနှစ် ၂၀ အတွင်းမှာလဲ အတိုက်အခံ အင်အားစု တွေ အစိုးရကိုပြုတ်ကျအောင်ရော။ ပြည်သူရဲ့ အသည်းနှလုံးကိုရော ဆုတ်ကိုင်နိုင်ခဲ့မှု အားနည်း ခဲ့တယ်။ ပြည်ပရောက်ရော၊ ပြည်တွင်းကရော ညီညွတ်စွာမလုပ်နိုင်ခဲ့ဘူး။ ထားပါတော့။
သက်တမ်းအားဖြင့် အနှစ် ၂၀ ကျော်ရဲ့ရလဒ် (၉၀-ရလဒ်) ဟာ ပျက်ပျယ်သွားပြီဖြစ်ပါတယ်။ အမှတ်တရ တစ်ခု အနေနဲ့တော့ ကျန်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာသမိုင်းတစ်ခုပါ။ ဒီသမိုင်းလိုမျိုး နောက်ထပ်မဖြစ်အောင် ဘာလုပ်မလဲ။ ၁၉၉၀ ကို ဆက်လက်အတည်ပြုရေးဟာ ဒီကနေ့ မဲပေးပိုင်ခွင့်ရှိတဲ့ လူငယ်မျိုးဆက်သစ်တွေကို စော်ကားရာ၊ လူမထင်ရာပိုရောက်စေတယ်။ အဲဒီလိုသာ ပြီးခဲ့တဲ့ တောင်းဆိုမှု တွေကိုပြန်လည်တောင်းဆိုကြေးဆိုရင် ဦးနုတောင်းဆိုခဲ့တဲ့ တောင်းဆိုမှုတွေဟာ အမှန်တရားဘက်က အပြည့်အ၀ တောင်းဆိုခဲ့တဲ့ အတွက် သူ့ပါတီကိုလဲ ပြန်စဉ်းစားပေးသင့်တယ်မဟုတ်ဘူးလား။
အခု ၂၀၁၀ မှာ NLD လဲပြန်လည်း ပြန်လည်ဝင်ပြိုင်ပေါ့ဗျာ။ ၉၀ တုန်းက မဲထည့်တဲ့သူတွေလဲ ပြန်လည် မဲထည့်ပေါ့ဗျာ။ ကျွန်တော်တို့တော့ အရင်ကထည့်ခဲ့တဲ့ NLD ကိုပဲမဲထည့်မယ် ဆိုလဲ ရတာပဲလေ။ မျိုးဆက်သစ်တွေကိုလည်း ပြောပြပေါ့ဗျာ။ အရင်က ငါတို့ နိုင်ခဲ့တယ်။ အခုလဲ မင်းတို့ ထပ်ပြီးတော့ မဲထည့်ကြပါလို့။ NLD ကသာ စည်းရုံးမှု ကောင်းပြီး သေသေချာချာ ပြောပြ မဲဆွယ်နိုင်မယ်ဆိုရင် ၉၀ ရလဒ်ထက် သာမှာ သေချာပါတယ်။ အခုလဲ ဦးဝင်းတင် မန္တလေးသွားခဲ့တယ်။ စည်းရုံးရေးခရီးစဉ် ထွက်တယ်။ မိထ္ထီလာ NLD က စဆော်တော့တာပဲ။ ဒီမိုကရေစီအရ ရွေးချယ်တဲ့ CEC မဟုတ်ဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့။ ဒီလိုတွေ မပြောသင့် မလုပ်သင့်တော့ ဘူးဗျ။
January 29, 2010 8:17 PM
Kyaw said...
နောက်တစ်ခုက နိုင်ငံတော်သစ်ရဲ့ လွှတ်တော်မှာ သမ္မတက စစ်ရေးအတွေ့အကြုံရှိရမည်လို့ ပြောပြောနေကြပြီး ဖိုက်စရာတစ်ခုအဖြစ် ပြောနေတာဟာ စာသေသေချာချာ မဖတ်ရသေးကြောင်း သိသာပါတယ်။ သမ္မတ ဟာစစ်သားဖြစ်ရမည်။ စစ်ရေးအတွေ့အကြုံရှိရမည်လို့ ပြောထားတာ တစ်လုံးမှ မပါဘူး အခြေခံဥပဒေမှာ။
နိုင်ငံတော်သမ္မတသည် စစ်ရေးအမြင်ရှိရမည်လို့ ပြောထားခြင်းသာဖြစ်ပါတယ်။ အိုဘားမားလဲ စစ်ရေးအမြင်ရှိတာပဲ။ ဂျပန်ဝန်ကြီးချုပ်လဲ စစ်ရေးအမြင်ရှိတာပဲ။ ကုန်ကုန်ပြောမယ်ဗျာ ဒီကနေ့ Read alert တို့ Commondo တို့ အစရှိတဲ့ Game ဆော့နေတဲ့ မျိုးဆက်သစ်ကလေးတွေတောင် စစ်ရေးအမြင်ရှိတယ်။ ဘယ်လိုတိုက်ရမယ်။ ဘယ်လိုမလုပ်သင့်ဘူးဆိုတာ။ ကျွန်တော်တောင် ကျွန်တော့်တူတွေလောက် မကျွမ်းဘူး။
နောက်တစ်ချက်က- စစ်တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါမယ်ဆိုတာမဟုတ်ဘူး။ တပ်မတော်သည် အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်ပါဝင်ချင်ပါတယ်လို့ တောင်းဆိုထားတာသာ ဖြစ်ပါတယ်။ ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး ကွဲပြားကြဖို့ပါ။
ကဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ။ မကြာမီရွေးကောက်ပွဲ ဥပဒေထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ထွက်လာပြီးရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်တွေ ဖွဲ့စည်းပါမယ်။ မြို့နယ်တွေအထိ ဖွဲ့စည်းပါမယ်။ ဖေဖေါ်ဝါရီလ တစ်လ အချိန်ယူပါမယ်။
ဖွဲ့စည်းပြီးရင် ပါတီများကို ဖိတ်ခေါ်ပါမယ်။ ပါတီများက ဥပဒေနှင့် အညီ မှတ်ပုံတင်ကြရပါမယ်။ ပါတီများမှတ်ပုံတင်ခြင်း ပါတီစီစစ်ခြင်းကို မတ်လနဲ့ ဧပြီလ အတွင်းမှာ ဆောင်ရွက်ပါမယ်။
သင်္ကြန်ကာလမှာ နိုင်ငံရေးနဲ့ မြန်မာ့ရိုးရာ အတာသင်္ကြန် မရောထွေးစေချင်လို့ဘာမှလုပ်ခွင့် မရှိဘူး။
မေလမှ အတွင်း နိုင်ငံရေးပါတီများကို အတည်ဖြစ်ကြောင်း စတင်စည်းရုံးလှုပ်ရှားပိုင်ခွင့် ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါမယ်။
နိုင်ငံရေးပါတီများ စည်းရုံးချိန် (၆) လရပါမယ်။ နည်းတယ်များတယ် မပြောပါနဲ့။ ပြည်သူတွေ သိပါတယ်။ စည်းရုံးတာ စကားတစ်ခွန်းထဲနဲ့လဲ တစ်နိုင်ငံလုံးပါလာနိုင်ပါတယ်။ TV ကနေပြောပေါ့ဗျာ။
၂၀၁၀ နိုဝင်ဘာလ အတွင်းရွေးကောက်ပွဲ လုပ်မယ်လို့ ခန့်မှန်းပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရပါတီတွေက လွှတ်တော်အမတ်တွေကို ၂၀၁၁ ဇန်န၀ါရီလမှာ လွှတ်တော်စတင် ခေါ်ယူမှာဖြစ်ပါတယ်။ လွှတ်တော်ကို နေပြည်တော် လွှတ်တော်ရုံးသစ်မှာ ခေါ်ယူကျင်းပပါ့မယ်။

နိုင်ငံတော်ရဲ့ ပထမဦးဆုံး လွှတ်တော်အစည်းအဝေးကနေ နိုင်ငံတော်သမ္မတ အသစ်ကို ရွေးချယ်ပါမယ်။ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ဥပဒေမှာ မပါဘူးနော်။ နိုင်ငံတော် သမ္မတသည် စစ်ရေးအမြင်ရှိရမည်လို့ပဲ ပါတယ်။ အရပ်သား သမ္မတ ဖြစ်ခွင့်ရှိပါတယ်။ (ဒီနေရာမှာ စကားများရလွန်းလို့)

နိုင်ငံတော်သမ္မတ အသစ်က သူ့ရဲ့ Cabinet ကိုဖွဲ့စည်းမှာ ဖြစ်ပြီး၊ နိုင်ငံတော်သမ္မတမှ အစ လွှတ်တော်အမတ်များအားလုံး ကျမ်းသစ္စာ ကျိမ်ဆိုကြမှာ ဖြစ်ပါတယ်။ ထို့ နောက်ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံတော်အသစ်ကို စတင်ကျင့်သုံးမယ်လို့ အနီးစပ်ဆုံးသုံးသပ်တင်ပြလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူတို့တာဝန်ယူခဲ့စဉ်ကာလက သုံစွဲခဲ့တဲ့ ရရှိ/ သုံးစွဲ ငွေရေးကြေးရေး စာရင်းရှင်းတမ်း၊ ဖြစ်ပေါ်လာခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု စာရင်းနဲ့ ငွေလက်ကျန်၊ ဆက်လက်လုပ်ဆောင်ရမယ့် စီမံကိန်းကြီးများကို နိုင်ငံတော်သမ္မတ အသစ်ထံကို လွှဲအပ် ရမှာ ဖြစ်ပါတယ်။
ဒီတော့ သွားမယ်လမ်းက အဖုအထစ်တွေ၊ အနှောက်အယှက်တွေရှိလဲ ဒီအတိုင်းပဲ ဆက်လက်သွားမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရသစ်မှာ တပ်မတော်အစိုးရဘက်က ၂၅ ရာခိုင်နှုန်း အရပ်သားက ၇၅ ရာခိုင်နှုန်းပါမှာဖြစ်ပါတယ်။ လုံးဝ မရတာထက်စာရင် ကောင်းတဲ့ဖက်က ကြိုဆိုရမှာပါ။
January 29, 2010 8:18 PM
yadanarponcasper said...
ကို kyaw ပြောတာ ကျွန်တော် ထောက်ခံပါတယ်။ ဘယ်ဘက်မှမလိုက်ဘူး။ ကျွန်တော်တို့ကလဲ ကောင်းစေချင်ပါတယ်။ ခင်ဗျားကိုလဲ အကြံပေးလိုက်မယ်။ အခွင့်အရေးရှိရင် ရွေးကောက်ပွဲဝင်ပါလား။ နိုင်ငံတော်မှာ ၊ အထူးသဖြင့် ခင်ဗျားပြောတဲ့ လွှတ်တော်ပေါ့ဗျာ ။ အဲဒီမှာ ခင်ဗျားတို့လို လူတွေပါလာရင် ကောင်းမယ်ဗျ။ အတည်ပြောတာနော်။
January 29, 2010 8:23 PM
Mr Leee said...
ဆွေးနွေးပါသကော လားကွယ်...
ပြင်ချင်တာတွေ ပြောလိုက်တာနဲ့ အောင်တိုးတို့က အဲဒီ့ အချက်တွေကို
၏ ကို သည်ပြောင်း သည်ကို ၏ပြောင်း ပြင်ပေးလိုက်တယ်လေကွယ်။

ဖြုတ်ချင်တာလဲ ဖြုတ်မရ ၊ ထပ်ဖြည့်ချင်တာလဲ ဖြည့်မရ...
ပြင်ချင်တာလဲ ပြင်မရတဲ့ ညီလာခံပါကွယ်....

သီလင်းစာဖတ်ချည့်ရင်တောင် သိနိုင်လယ် စူကလေးရဲ့...
January 29, 2010 8:33 PM
m-alin said...
အမေရိကန်မှာတင် ရီဂင်လိုလူမျိုးဘုရှ် လိုလူမျိုးကို ရွေးတာမဟုတ် ကျုပ် တို့လည်း ၂၆ နှစ် ပြည်ပမှာသွားနေတဲ့လူကို အဖေနံမည်တစ်ခုပဲကြည့်ပြီး ရွေးခဲ့ပြီးပြီ။ ဘာမှ မြန်မာပြည်သူတွေ ပိုပြီးအမြင်ကျယ် တယ်လို့ ၀ါးလုံးခေါင်းထဲ လသာမနေပါနဲ့၊ ဦးစိန်ဝင်းရဲ့ အတွေးက ရွှေတွင်းငွေတွင်း ပယင်းဒုတ္ထာပိုင်ရှင် လေးကျွန်း စင်္ကြာသခင်ဆိုတဲ့ ဗမာဘုရင်တွေတွေးလုံးနဲ့ ဘာမှ မထူးဘူး။ ထွီ
January 29, 2010 9:43 PM
nyi-htet said...
ကျော်
ခင်ဗျားပြောတော့ (အင်အယ်လ်ဒီ)က ခုတမျိုး တော်ကြာတမျိုး စိတ်ထါးမတည်ကြည် လို.ဆိုတဲ့သဘော ပြောချင်ပုံဘဲ။
(အင်အယ်လ်ဒီ) ညီလာခံမှ ထွက်ခွါရခြင်း အကြောင်းကို သိထါးသူ လူကြီးတွေပြောတာ ကတော့ စစ်အစိုးရက အမျိုးသားညီလာခံမှာ ဒီမိုကရေစီကျကျ တင်ပြ ဆွေးနွေးခွင့် ကို တင်းတင်းကြပ်ကြပ် တားမြစ် ပိတ်ပင်ခဲ့တယ်လို.သိ၇တယ်။ စစ်အစိုးရ ကြိုတင် ခွင့်ပြုထါးတဲ့ agenda က လွဲရင် တိုင်းပြည်အတွက် မည်မျှအရေးကြီးပါစေ ညီလာခံမှာ တင်သွင်းဆွေးနွေးခွင့်လုံးဝ မပေးကြောင်း - ဒါကိုမကျေနပ်လို. စါဖြန်.ဝေတဲ့ ဒေါက်တာအောင်ခင်ဆင့် တို.လို ပြည်သူ. ကိုယ်စါးလှယ်တွေ ထောင်ထဲ ရောက်သွားပုံ များသါဓကရှိခဲ့ပါတယ်။(နောက်ထပ်လဲ သါဓကတွေ အမြောက်အများရှိတယ် လို. သိရတယ်)။
အဆိုးဆုံးကတော့ ညီလာခံကိုယ်စါးလှယ်များ အခြင်းခြင်း ဆွေးနွေးတိုင်ပင် ညှိနှိုင်းခွင့် လုံးဝမပေးဘဲ အမိန်.နဲ့. တားမြစ်ခံရတာ၊ နောက်ဆုံးဘာမှ တင်ပြခွင့်မရတော့ တဲ့အတွက် အိမ်သာထဲမှာ ကိုယ်စါးလှယ်များ စကားပြော ရင်ဖွင့်ကြရတာတွေ ဖြစ်လာကြောင်းသိရတယ်။
ဒီကိစ္စကို အတွင်းကျကျ သိတဲ့ ကိုယ်စါးလှယ်ကြီး တဦးက အရိပ်အမြွက်ပြောပြဘူးတယ်။
နောက်ထပ် ကိုယ်တွေ. သိထါးသူများ ကျနော်တို.လို လူငယ်တွေ နောင်ကို သခဿဏ်းစါယူ နိုင်အောင်- သမိုင်းအဖြစ်မှန် ကို သိ၇အောင် ရေးသားဖေါ်ပြကြစေလိုပါတယ်။
စစ်အုပ်စု တဖက်ထည်းရဲ့ အမြင်အာဘော်တွေ စွပ်စွဲချက်တွေ ဖတ်ရတာ သတင်းစါ ဂျာနယ်တွေထဲမှာရော ဖန်တရာတေ နေပါပြီ။
January 30, 2010 2:39 AM

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
သို့
နိုင်ငံရေးသမားများ

ခင်ဗျားတို့တွေကို လုံးဝ နားမလည်ဘူးဗျာ။ အမှန်ကို ဘယ်တော့ ရင်ဆိုင်ရဲမလဲဆိုတာ စောင့်နေတာကြာပါပြီ။ ဒီနေ့အထိ တစ်ယောက်မှ ပုံမလာသေးဘူး။ ကျွန်ကုလားတွေဟာ Maung , Astrologer ဆိုတဲ့ အိုင်ဒီသုံးပြီး ဘယ်လိုပြောဆိုခဲ့လဲဆိုတာ မြင်ခဲ့ပြီပဲ။ အဲဒီအိုင်ဒီနဲ့ ကျွန်ကုလားတွေဟာ နအဖဘက်ကနေ မျက်ကန်းကို ကာကွယ်ပြောခဲ့တယ်။ ဖင်ပိတ်ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုသမားတွေကို နှစ်ပြားမတန်အောင် ပြောခဲ့တယ်။ အဲဒီ အိုင်ဒီ နှစ်ခုကြောင့် နအဖလူတွေဟာ တစောက်ကန်းတွေဆိုပြီး မြင်ခဲ့တယ်မဟုတ်လား? ကုလားတွေ အကောက်ကြံတဲ့ ကျော့ကွင်းထဲ ရောက်ခဲ့တာမကြာခဏဆိုသလိုပဲ ဒါလဲသင်ခန်းစာမယူသေးဘူးနော်။ အခုလည်း ဒီမိုသမားဘက်ကနေ ဖင်ပိတ်ငြင်းနေတဲ့သူတွေကြောင့် မြန်မာ ဒီိမိုသမားအားလုံးကို တစောက်ကန်းတွေချည်းပဲလို့ ထင်ကျဦးမှာ မဟုတ်လား? အေးဗျာ.. ခင်ဗျားတို့က ကုလားက သွေးခွဲရန်တိုက်ပေးနေတာကို ထည့်သွင်းမစဉ်းစားပဲ.. ကုလားလုပ်လို့ မြန်မာအချင်းချင်း အမြဲအထင်လွဲနေဦးမယ်ဆိုရင်တော့ . . . . ဒီမိုနဲ့နအဖအကြား ဆွေးနွေးမှုဘယ်တော့မှ အဖြေရလာမှာ မဟုတ်ဘူး။ အချိန်တွေဆက်ဖြုံးဦးပေါ့

ကုလားတွေကောက်ကျစ်နေခြင်းကို မသိဟန်ဆောင်နေတဲ့ နိုင်ငံရေးသမားတွေကို အထင်သေးတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
January 30, 2010 5:42 AM
kojew said...
မောင်ကျော်က (နိုင်ငံရေးပါတီများ စည်းရုံးချိန် (၆) လရပါမယ်။ နည်းတယ်များတယ် မပြောပါနဲ့။ ပြည်သူတွေ သိပါတယ်။ စည်းရုံးတာ စကားတစ်ခွန်းထဲနဲ့လဲ တစ်နိုင်ငံလုံးပါလာနိုင်ပါတယ်။ TV ကနေပြောပေါ့ဗျာ တဲ့)
စစ် အစိုးရ ကတော့ နဲတယ်များတယ်သဘောမထားဘဲ အနှစ် နှစ်ဆယ် လောက် စည်းရုံးရေးဆင်းပြီးပြီ။ စကားပေါင်းအခွန်းတစ်သိန်းလောက်ပြောစည်းရုံးပြီးပြီ။
တစ်နိုင်ငံလုံး ပါလာသလား။ ၂၀၁၀ ဟာ တန်းတူညီမျှ ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာမှာလဲ မမေးပါနဲ့တဲ့။ မင်းတို့ နဲ့တော့ ဒီမိုကရေစီနဲ့နီးစပ်နေပါပြီ။ မောင်ကျော် တို့ စစ်ဗိုလ်ကြီးတွေ တယ်လဲအချိုကြိုက်သကိုးကွဲ့။
January 30, 2010 7:34 AM

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
သို့
စအိုမုဒိမ်းကျင့်ခံ ကျွန်ဂျူး

မင်းတို့ကျွန်ကုလားတွေ ငါတို့မြန်မာတွေအကြား ၀င်မရှုပ်နဲ့။ နိုင်ငံရေးသမားတွေက လူလိုသဘောထားပေမယ့် စဉ်းစားဖို့ ပြောမယ်နော်။ မင်းတို့ကောင်တွေကို ဘယ်နိုင်ငံက ကြည်ဖြူသေးလဲ။ အဲလိုမကြည်ဖြူတိုင်း ပြဿနာဖြစ်တိုင်း တခြားဘာသာဝင်တွေကို အပြစ်ဖို့တာတွေများနေပြီ။ ဗုဒ္ဓဘာကိုဆော်ကားတဲ့ ဘလော့မင်းတို့ ကျွန်ကုလားတွေက လုပ်ထားပြီး နအဖလုပ်သလိုလို.. ခရစ်ယာန်ကလုပ်လုပ် အာရုံကိုလွှဲဖို့လုပ်နေတယ်။ ငါတို့မြန်မာတွေကိုလည်း စကားကို ချိုချိုသာသာနဲ့ လိမ်ပြောရင်ရတာပဲဆိုပေမယ့် အမြဲတော့ ရမှာမဟုတ်ဘူးနော်။ အားလုံးဟာ ပြောင်းလဲတဲ့သဘောရှိတယ်။ အခုလည်း စစ်သားတွေကို စောက်တင်းပြောပြီး ငါတို့အချင်းချင်း သွေးခွဲနေတယ်။ ဒီမို..နအဖအကြား အမုန်းအဃာတတွေကြီးနေတဲ့အချိန်မှာ စစ်သားတွေကို စောက်တင်းပြောတာ ရတယ်။ မင်းလုပ်ရပ်က မှတ်တမ်းဖြစ်နေမှာ။ ငါတို့စည်းလုံးမိတဲ့အချိန်မှာ အဲဒီလုပ်ရပ်တွေကို ပြန်တွေးပြီး မင်းကို လက်စားပြန်ချေလိမ့်မယ်။ မင်းကို အခုလိုပြောတာ မုန်းလို့မဟုတ်ဘူးနော်။ ကျွန်ကျင့် ကျွန်ကြံ .. . . ကုလားကျင့် ကုလားကြံတွေကို ပြင်သင့်ပြီလို့အကြံပေးတာ။ မပြင်ဘူးဆိုရင် .. မျက်ရည်လေးကျပြပြီး သနားခံလို့မရတော့တဲ့ အချိန်မှာ မင်းတို့ကောင်တွေ ပြေးစရာမြေမရှိဖြစ်မှာမို့ပါ။

မျက်ရည်ကျပြပြီးမာယာများတဲ့ ကျွန်ကုလားတွေကို မသနားတဲ့

January 30, 2010 8:25 AM
Aung Phyo said...
ဘာစနစ်ဖြစ်ဖြစ်အစိုးရကောပြည်သူပါစည်းကမ်းရှိမှတိုးတက်မှာပါ...အမေရိကန်တွေဒီမိုကရေစီနဲ့တိုးတက်နေသလိုတရုတ်တွေလည်းကွန်မြူနစ်နဲ့တိုးတက်နေတာသာကြည့်...အားလုံးစည်းကမ်းပြည့်ဝပြီးစည်းလုံးကြရင်ကောင်းမယ်ဗျာ...
January 30, 2010 10:07 AM
Kyaw said...
စစ်အစိုးရစည်းရုံးတိုင်းမပါလို့ ။ NLD အတွက် အခွင့်အရေးတွေ ရှိပါသေးတယ်လို့ ပြောချင်တာလေ။ ခင်ဗျားကလဲ။ အရေးထဲကပ်ပြီးစကားနာထိုးနေသေးတယ်။ စစ်အစိုးရ ဘယ်လောက်ပဲပေးပေး၊ ပြည်သူတွေက ဘာလုပ်ရမယ်ဆိုတာသိပြီးသားပါ။ NLD နဲ့ အတိုက်အခံအားလုံးအတွက် ကိုယ်လုပ်သင့်တာတွေ တွေးဆပြီးလုပ်လို့ ဆိုလိုတာလေ။ ခင်ဗျားတို့က စာလဲသေသေချာချာမဖတ်ဘူး။
January 30, 2010 10:24 PM
thunderbolts said...
I can't read a thing. Don't even know what language are these. Could these be Myanmar ? Sorry I don't have any Myanmar font .
January 31, 2010 1:22 AM
lwanmyatyae said...
အကယ်၍ လောင်းကြေးတစ်ခုလုပ်ချင်ပါတယ်
၂၀၁၀ မှာ ဘာမှပြောင်းလဲမူမရှိဘူးဆိုတာကိုလုပ်ချင်တယ် ဘယ်သူတွေ လောင်းကြေးထပ်မလဲ ....ကဲ...
January 31, 2010 1:13 PM

***Silver Moon*** အီးမေးလ်မှ ကူးယူဖော်ပြသည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)