ဒုတိယကမ္ဘာစစ်အတွင်းက `ဂျူအမ်´မှာရှိကြသော သူနာပြုဆရာမများအတွက် ရေချိုးခန်းသည် လွန်စွာ ရှေး ဆန်လွန်းသည်။ ဖြစ်ပုံက…. အကာသာပါပြီး အမိုးက မပါခြင်းပါ။ အစပိုင်းတွင် အမှုမဲ့၊ အမှတ်မဲ့ ဖြစ်သော် လည်း နောက်ပိုင်းမှာတော့ သူနာပြုဆရာမများ ရေချိုးချိန်ရောက်လျှင် ရဟတ်ယာဉ်တစ်စင်းက သူမတို့ ခေါင်း ပေါ်၌ ရစ်ဝဲ၊ ရစ်ဝဲ လုပ်လေ့ရှိ၏။ ဤသို့ ချောင်းမြောင်းသည့်ကိစ္စကို သူနာပြု အုပ်ကြီး သိသောအခါ အထက်သို့ တိုင် ကြားလေ၏။
ဤတွင် ရဟတ်ယာဉ်ပေါ်မလာတော့ပေ။ ကြားလိုက်ရသည်က ရဟတ်ယာဉ်ဖြင့် လာချောင်းကြည့်သော လက်ဖတင်နင်(ဗိုလ်)ကလေးကို မောင်နှင်ခွင့် မပြုတော့ကြောင်းပါလေ။ သို့သော် ရက်များ မကြာမီ ရဟတ်ယာဉ်တစ်စင်း ထပ်မံ ပေါ်တော်မူလာပြန်၏။ သူနာပြုဆရာမကြီးက ထပ်မံ တိုင်ကြားရပြန်ပါ၏။ ကြားလိုက်ရသည်က ယခုမောင်းနှင်သော ရဟတ်ယာဉ်မောင်းသည့် လက်ဖတင်နင်(ဗိုလ်)မဟုတ်တော့ပဲ ဗိုလ်မှူးကြီး(ကာနယ်)တစ်ဦးဖြစ်လေသည်တဲ့။ ကောင်းပါလေရော…..။
***ခံစားတင်ပြသူ- ခင်မောင်တိုး(မိုးမိတ်)***
*** ဟာဒယနှလုံး- တခဏပြုံး ***

No comments:
Post a Comment