အကြောင်းအရာ။ ။ သံဃနာယကအဖွဲ့များ ၂၅-ရာခိုင်နှုန်းအနားယူခွင့်နှင့် ပတ်သက်၍ မအောင်မြင်ခြင်း။
အယ်ဒီတာ ခင်ဗျား….။
ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွက် ပြည်နယ်သံဃာနာယက ဆရာတော်များ ကြွရောက်ဆောင်ရွက်ရာ ၃၀၊ ၁၊ ၂၀၁၀ နေ့တွင် မြ၀တီ သံဃာနာယက ဆရာတော်ကြီး အနားယူလိုက်သည်။
၃၁၊ ၁၊ ၂၀၁၀ နေ့နံနက်တွင် အစားထိုးနှင့် ဥက္ကဌနေရာ ရွေးကြရာတွင် ၂၇၅-တပ်ဦးကျောင်း ဘုန်းကြီးနှင့် ဦးစ က္ကိန္ဒ ရွှေဟင်္သာဘုရားကုန်းတို့သည် ကျောင်းစဉ်လိုက်ပြီး စည်းရုံးကာ သူတို့လိုချင်သော ပုဂ္ဂိုလ်ကိုတင်လိုက် သည်။
ဥက္ကဌနေရာ လက်ရှိ အကျိုးတော်ဆောင် ဖြစ်သော ဦးဝင်းစိန်(ဘွဲ့မသိ) မိကျောင်းကုန်းဘုန်ကြီးတက်ရမှာကို ဦးစက္ကိန္ဒနှင့် ၂၇၅-တပ်ဦးကျောင်းတို့သည် အုပ်စုဖွဲ့ကာ ဥက္ကဌနေရာတက်ရောက်လုပါသည်။

၎င်းဘုန်းကြီး ၂-ပါးကို သုံးသပ်ရလျှင် ဦးဝင်းစိန် (မိကျောင်းကုန်း)သည် ဇာတိသားဖြစ်ခြင်း၊ လက်ရှိ သံဃနာယက အကျိုးတော်ဆောင် နေရာမှာနေပြီး မူးရှုးခါ အလှူခံသော ရဟန်းများ၊ သာသနာနှင့် ဆန့်ကျင်ဘက်ပြုလုပ်နေသော ရဟန်းများနှိမ်နှင်းခြင်း၊ အာဏာပိုင်များနှင့် တွဲဘက်ကာ မြို့ရွာအေးချမ်းရေးအတွက် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ပါသည်။
ဦးစက္ကိန္ဒ (ရွှေဟင်္သာဘုရားကုန်း)သည် မြ၀တီမြို့ ကြံခင်းကျောင်းနေစဉ် ရဟန်းသံဃာများနှင့် ဒါယကာအချင်းချင်း ကွဲပြားအောင် လုပ်ဆောင်ခြင်း၊ မြို့ရွာနှင့် ပတ်သက်၍ ဆောင်ရွက်မှု မတွေ့ရခြင်း၊ ဘုရားဟောဒေသနာနှင့် ဆန့်ကျင်ပြီး ဥက္ကဌ နေရာလုခြင်း၊ ဘုရားဟောဒေသနာနှင့် ဆန့်ကျင်ခြင်းဆိုသည်မှာ ကျနော်များ ဒုလ္လဘရဟန်းတက်စဉ်က သိမ်မဆင်းခင် ဆရာတော်များက မိမိထက် ၁-နာရီ ၁-မိနစ် တရက်ကြီးသော ရဟန်းများကို လေးစားခြင်း အရိုအသေပြုခြင်းတို့ကို ဆုံးမပါသည်။
ဦးစက္ကိန္ဒသည် ဦးဝင်းစိန်ထက် ၁၀-နှစ်ခန့် သို့မဟုတ် ၁၀-နှစ်ကျော်ငယ်ပါသည်။ သို့အတွက်ကြောင့် မြို့နယ်သံဃနာယက ဥက္ကဌ နေရာကို ဦးဝင်းစိန်သာ သင့်လျော်ကြောင်း သာသနာရေး ၀န်ကြီးမှအစ ပြည်နယ် မြို့နယ် ဆရာတော်များ သိရှိနိုင်ပါရန် သာသနာကို လေးစားသော ပုဂ္ဂိုလ်အပေါင်းမှ တင်ပြပါသည်။
လာရောက်ဖွဲ့စည်းပေးသော ပြည်နယ်ဆရာတော်များသည် ဥက္ကဌ နေရာရွေးချယ်ပွဲ မပြီးမပြတ်ဖြစ်ကာ ပြန်သွားရ၍ ဖွဲ့စည်းပုံ မအောင်မြင်ပါ။
*** ပစ္စည်း လေးပါး ဒါယကာများ ***
မြ၀တီမြို့၊ ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်

No comments:
Post a Comment