(အန်ကာရာ၊ ဇန်န၀ါရီလ ၁-ရက်)
လာမည့်နှစ်အနည်းငယ်အတွင်း တူရကီနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာမှုကို ဖြည့်ဆည်းဖြန့်ဖြူးပေးရန် အတွက် ညူကလီးယားဓာတ်အားပေးစက်ရုံ အများအပြားတည်ဆောက်ရန်လိုကြောင်း ဇန်န၀ါရီလ ၃၀-ရက် နေ့က တူရကီစီးပွားရေးအဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရအာဘော်တစ်ပိုင်းဖြစ်သော အနာတိုလီ ယာ သတင်းဌာနက သတင်းထုတ်ပြန်ကြေညာသည်။ တူရကီစွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးနှင့် ရုရှားဒုတိယ ၀န်ကြီးချုပ် တို့သည် ဇန်န၀ါရီလ အစောပိုင်းက တူရကီနိုင်ငံအတွင်း ညူကလီးယားဓာတ်အားပေးစက်ရုံများ တည်ဆောက် ရန် နားလည်မှုစာချွန်လွှာများ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (ဆင်ဟွာ)
*** မှောင်ခိုငွေကုန်ကူးသူ လေဆိပ်၌ ဖမ်းဆီးခံရ ***
မက္ကဆီကိုရဲတပ်ဖွဲ့သည် မက္ကဆီကိုစီးတီး နိုင်ငံတကာလေဆိပ်တွင် ပနားမားနိုင်ငံသို့ သွားရောက်၍ မှောင်ခိုငွေကုန်ကူးရန် ကြိုးပမ်းနေသူဟုယူဆရသော လူတစ်ဦးအား အမေရိကန်ဒေါ်လာ ၉၉၀၄၉၀-နှင့်အတူ ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များက ဇန်န၀ါရီလ ၃၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** အကောက်ခွန်လျှော့ချရေး သြစတြေးလျလက်မခံ *** သြစတြေးလျနိုင်ငံ ဘဏ္ဍာရေးမှူးဝေနီဆွန်းသည် အကောက်ခွန်လျှော့ချရေးကိစ္စကိုသော်လည်းကောင်း၊ မော်တော်ကားလုပ်ငန်း အမတော်ငွေ လျှော့ချရေးကိစ္စကိုသော်လည်းကောင်း လက်မခံဘဲ ဖေဖော်ဝါရီလ ၁-ရက်နေ့က ငြင်းပယ်လိုက်သည်။ (အင်တာနက်)
*** လူကုန်ကူးမည့်သူ ၁၀-ဦးကို ဟေတီရဲက ဖမ်းဆီး ***
အမေရိကန်ပြည်ထောင်စု ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ၁၁-ဦးတို့သည် မြေငလျင်ဒဏ်ခံရသည့် ဟေတီနိုင်ငံမှ ကလေးငယ်များအား မှောင်ခိုကုန်ကူးရန် ကြိုးပမ်းနေသည်ဟု ဟေတီရဲတပ်ဖွဲ့က သံသယဖြစ်၍ ၄င်းတို့အား ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း ဟေတီအာဏာပိုင်များက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ညူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး တူရကီနှင့် ရုရှားလက်မှတ်ရေးထိုး ***

No comments:
Post a Comment