ချဲလ်ဆီးကလပ်အသင်းကပ္ပတိန် တယ်ရီနှင့် ဇနီးဖြစ်သူ တိုနီတို့ကွာရှင်းရန် တရားရုံးသို့ ရောက်လာသည်။ ခက်သည်က ကလေးနှစ်ဦးကို အုပ်ထိန်းခွင့်မည်သူရသင့်သည်ကို အငြင်းပွားနေကြသည်။
တိုနီက `ကျမက ဒီကလေးတွေကို မွေးခဲ့တဲ့အမေဖြစ်လို့ ကျမက အုပ်ထိန်းခွင့်ရသင့်တဲ့သူပါ´ တရားသူကြီးမှာ အတန်ငယ်စဉ်းစားသွားကာ တယ်ရီအား အကြောင်းပြချက်ပေးရန်မေးသည်။
တယ်ရီက `ဒါဆို ကျနော်တစ်ခုပြောပါရစေ။ ဥပမာ အအေးဗူးရောင်းစက်ထဲက အကြွေစေ့ထည့်လိုက်ရင် အအေးဗူးထွက်လာတယ်ဆိုပါတော့… အဲဒီအအေးဗူးကို ကျနော်ပိုင်တာလား စက်ကပိုင်တာလား´ဟု ဆိုလိုက်သည်။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)***

No comments:
Post a Comment