ဖေဖေါ်ဝါရီ၁၈
ကိုတီး(ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံအနောက်ဖက်ကန်ချနဘူရီမြို့ တွင်မော်တော်ဆိုင်ကယ်စီနေသည့်မြန်မာလင်မယား ၂ ယောက်အား ကြံတင်သည့် ဆယ်ဘီးကားကြိတ်မိသဖြင့် လင်ဖြစ်သူပွဲချင်းပြီးသေဆုံးသွားပြီးဇနီးဖြစ်သူမှာ အရေးပေါ်လူနာအ
ဖြစ်၎င်းမြို့  ဖ၀ုန်ဖုန်းဖယုတေန ဆေးရုံတွင်တင်ထားရသည်။ဖေဖေါ်ဝါရီ၁၆ ရက်နေ့ ညည့်၁၁အချိန်ခန့့် ကဆိုင်
်ကယ်စီးလာသောကိုနိုင်လှနှင့်မနန်းအေးတို့ လင်မယား၂ယောက်အားဆယ်ဘီးးကားကတိုက်မိခဲ့ခြင်းဖြစ်သည်။
သကြားစက်ရုံသို့ ကြံပင်များပို့ ဆော င်ရန်လာစဉ် အဝေးပြေးလမ်းမကြီးပေါ်တွင်အချိန်ပြင်းစွာမောင်းနှင်လာစဉ် ဘရိတ်အုပ်မရတော့သဖြင့်၊တိုက်မိကြောင်းကားမောင်းသူအသက်၅၉နှစ်အရွယ်နိုင်ချာအင်နလွန်က၊ရဲစခန်းတွင်
ထွက်ဆိုထားသည်။အရေးပေါ်အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရသူ မနန်းအေးမှာ လည်းအခြေအနေ မ ကောင်းကြောင်းထိုင်းရပ်သတင်းတွင်ဖေါ်ပြထားသည်။သေဆုံးသူနိုင်လှအသက်၃၂နှစ်ရှိသူဖြစ်ပြီး မနန်အေး မှာအသက် ၂၇နှစ်အရွယ်ရှိသည့်မြန်မာအလုပ်သမားများဖြစ်ကြသည်။မြန်မာနိုင်ငံမည်သည့်အ၇ပ်ဒေသက ဟူ၍သတင်းစာတွင်ရေးသားထားခြင်းမရှိသည့်အပြင် ဆေးရုံကိုဖုန်းဆက်မေးမြန်းခဲ့ သော်လည်းတိကျစွာ မသိ ရှိခဲ့ရပါ။တိုက်မိသောကားနှု့င့်ကားမောင်းသူတို့ အားရဲစခန်းတွင်ထိမ်းသိမ်းထားကြော င်းသိရှိရသည်။
သတင်း... ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment