ခတ်သတ်ဖြတ် သွားကြောင်းသိရပါတယ်။ သေဆုံးသွားသူ ကုလားဟာ စိုက်ပျိုးရေး အလုပ်သမား
တဦးဖြစ်ပြီး ထိုင်း - မြန်မာနယ်စပ် ၊ ဖုတ်ဖရာ့မြို့ နယ် (၄၈) ကီလိုမီိတာ တိုက်နယ် ၊ (၂)လမ်းမှာ
နေထိုင်သူဖြစ်ပါတယ် ။ ကရင်လူမျိုးတဦးဖြစ်ပြီး ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့ မြို့ နယ် ၊ ရွှေဂွန်းကျေး
ရွာ ကလာရောက်လုပ်ကိုင် စားသောက်နေသူဖြစ်ပါတယ် ။ ကုလား ကို ဘယ်သူသတ်သွားတယ်
ဆိုတာ ရှင်းလင်းစွာ မသိရပေမယ့် ထိုင်း လူမျိုးတဦး လို့ ထင်မြင်ကြောင်း ကုလားဟာ အနီးကပ်
ပစ်ခတ် ခံရတာမို့ ဦးခေါင်းနောက်ဆက်ပွင့်သွားကြောင်း ၊ ကိုးလုံးကျည် ဟုယူဆကြောင်း မျက်မြင်
တဦးက ပြောဆိုပါတယ် ။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် ၊ ဒီဇင်ဘာလ ကုန်ပိုင်းက ဖုတ်ဖရာ့မြို့ နယ် တော
လမ်း တလျောက် မှာ မြန်မာအလုပ်သမား (၉)ဦး ကိုသတ်ဖြတ်ခဲ့တဲ့အမှုမှာပါဝင်ပတ်သက်တဲ့ ထိုင်း
လူမျိုးရဲ အရာခံဗိုလ်ဆုံချိုင်းဟာ ၄၈ ကီလိုမီတာ ကျေးရွာအနီး ရဲဂိတ်မှာတာဝန်ကျခဲ့သူဖြစ်ပါတယ်။
အဲဒီ ရဲအရာခံဗိုလ်ဆုံချိုင်းဟာလည်းပြီးခဲ့တဲ့ ဇန်န၀ါရီလ ထဲက မိမိကိုယ်ကို လုပ်ကြံသတ်ဖြတ်ပြီးသေ
ခဲ့တယ်လို့ ထိုင်းသတင်းတွေ က ဖော်ပြခဲ့ပါတယ်။ အဲဒီလို ထိုင်းရဲ အရာရှိကမိမိကိုယ်ကို သတ်သေတဲ့
မြန်မာအလုပ်သမား ၉ ဦးအပြင် ဖုတ်ဖရာ့မြို့ နယ်ကနေ ကန်ဖယ်ဖစ်မြို့ နယ် (ဘန်ကောက် တက်လမ်း)
တောလမ်းခရီး လျှိမြောင်တွေထဲမှာ အရိုးစုတွေ ဆက်တိုက်တွေ့ ရှိနေတာတွေဟာ သွေးရိုးသားရိုး
ဟုတ်ရဲ့ လား။ကျနော်တို့ ဆက်လက်စုံစမ်းနေဆဲပါခင်ဗျား..။
သတင်း…မြန်မာပြည်သား..။
ယမန်နေ့  ညပိုင်းကမြန်မာအလုပ်သမားတဦးကို အမည်မသိသေနတ်သမားတဦးက အနီးကပ်ပစ်

No comments:
Post a Comment