ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, February 19, 2010

ရွေ့ပြောင်းနေထိုင်သူများဆိုင်ရာကုလသမဂ္ဂအရာရှိမှထိုင်းနိုင်ငံမှလူအစုလိုက်အပြုံလိုက်ပြန် လည်ပို့ဆောင်ခြင်းဆိုင်ရာခြိမ်းခြောက်မှုနှင့်ပတ်သက်၍သတိပေးမှု

> ***ဂျီနီဗာ (၁၈၊ ဖေဖေါ်ဝါရီ ၂၀၁၀)**
ရွှေ့ ပြောင်းနေထိုင် လုပ်ကိုင်သူများ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိ ဂျော့အေဘတ်စတာမန်တီမှ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား ရွှေ့ ပြောင်းလုပ်သားများ နိုင်ငံသား စီစစ်ရေး ပြုမှုဆိုင်ရာနှင့် ယခုလတ်တလော အကောင်အထည် ဖော်မှုပုံစံသည် အများ အပြားသော ရွေ့ ပြောင်း အလုပ်သမားများအား အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး အခြေခံ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်မှု ဖြစ်စေမည့် အတွက် လွန်စွာ စိုးရိမ်ပူပန်မှု ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။
“မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ အတိုင်းအတာပမာဏ လွန်စွာများပြားသော လက်မှတ် ရှိနှင့် လက်မှတ်မဲ့ ရွေ့ ပြောင်း အလုပ်သမားများသည် ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက် နောက်ပိုင်း ထိုင်းနိုင်ငံမှ လူအစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးခံရမည့် အဖြစ်နှင့် ရင်ဆိုင် နေရသည်” ဟု ကမ္ဘာ့ လူ့အခွင့်အရေးကောင်စီ၏ ရွှေ့ ပြောင်းနေထိုင် လုပ်ကိုင်သူများ လူ့ အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအာဏာ အပ်နှင်းခံထားရသော ကုလသမဂ္ဂ အရာရှိမှ ပြောဆိုသည်။

ဇန်န၀ါရီလတွင် ထိုင်းအစိုးရမှ ခန့်မှန်းခြေ ၁.၃ သန်းဝန်းကျင်ရှိ ရွေ့  ပြောင်း အလုပ်သမား များအား ၄င်းတို့မှ ကိုယ်ရေးမှတ်တမ်းဆိုင်ရာ အချက်အလက်များအား မိခင်နိုင်ငံ အစိုးရ အသီးသီးသို့ ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ရက်မတိုင်မှီ တင်သွင်းရန် ဆန္ဒရှိခဲ့မည်ဆိုပါက အလုပ်လုပ်ခွင့် သက်တမ်း ၂နှစ်ကိုတိုးမြှင့် ခွင့်ပြုမည်ဆိုသည့် ဆုံးဖြတ်ချက်ကို ခွင့်ပြုခဲ့သည်။ သို့ရာတွင် ထိုနောက်ဆုံး သတ်မှတ်ချိန်အတွင်း ပြုလုပ်ရန် ပျက်ကွက်ခဲ့သည့်ရွှေ့ ပြောင်း အလုပ်သမားများသည် ၂၀၁၀ ဖေဖေါ်ဝါရီလ ၂၈ရက် နောက်ပိုင်းတွင် ပြည်နှင်ဒဏ် အပေးခံရမည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။
သက်တမ်း တိုးမြှင့်ပေးခြင်းကို ကြိုဆိုနေစဉ်တုန်းမှာပင် ”ဤလှည့်စားမှုသည် ၂၀၁၀ခုနှစ် ဖေဖေါ် ၀ါရီ ၂၈ရက်မတိုင်မှီ လျှောက်လွှာ တင်သွင်းသူများ အတွက်သာဖြစ်ပြီး၊ သမရိုးကျမဟုတ်သည့် ရွှေ့ ပြောင်းအလုပ်သမား များမပါဝင်ပေ” ဆိုသည်ကို မစ္စတာ ဘတ်စတာမန်တီ အတွက် စိုးရိမ် ပူပန်စရာဖြစ်ခဲ့သည်။ ထပ်မံ၍ ” ဤလှည့်စားမှုသည် အဆိုပါ လုပ်ငန်းစဉ်အား ဆန္ဒမရှိ၊ လုပ်နိုင်စွမ်းမရှိသော ရွှေ့ ပြောင်းအလုပ်သမား များ၏ လူ့အခွင့် အရေးကို အကာအကွယ်ပေးသည့် ရွေးချယ်မှုများ ပေးအပ်ထားခြင်း မရှိ” ဟုလည်းဆိုသည်။
”နိုင်ငံသားစီစစ်မှုပြုရေး လုပ်ငန်းစဉ် လိုအပ်ချက်အရ ထိုင်းနိုင်ငံရှိ ရွှေ့ ပြောင်းအလုပ်သမား များ၏ သေချာ ရေရာမှုမရှိသော အခြေအနေ ခံစားချက်ဝေဒနာကို ပိုမိုဆိုးဝါးစေသည်” ဟု ရွှေ့ ပြောင်း နေထိုင်လုပ်ကိုင်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိမှ ပြောဆိုသည်။
”ထပ်မံ၍ ပြောဆိုလိုသည်မှာ ပြည်နှင်ဒဏ်အပေးခံရမည့် အလားအလာရှိသည့် အုပ်စု အသီးသီးတွင် မူလတိုင်းဌာနေသို့ ပြန်လည် သွားရောက်ရန် မသင့်တော်ဘဲ၊ နိုင်ငံတကာ၏ အကာအကွယ်ပေးမှုကို လိုအပ်နေသော အချို့ သူများလည်း ပါဝင်သည်” ဟု မစ္စတာ ဘတ်စ တာမန်တီမှ သတိပေး ပြောကြားသည်။ ”ထိုင်းအစိုးရသည် ဒုက္ခသည်များအား အတင်းအကျပ် ပြန်မပို့ရေးဆိုင်ရာ နိုင်ငံတကာဥပဒေ စည်းမျည်း စည်းကမ်းများကို အလေးထားသင့်သည်” ဟုဆိုသည်။
”ကျနော် အလွန်ကို စိတ်ပျက်မိပါတယ်” ဟုဆိုကာ ”ထိုင်းအစိုးရကို အစောပိုင်း ကျနော်ပေးပို့ခဲ့တဲ့ စာတွေမှာ သူတို့ရဲ့  လှုပ်ရှားမှုနဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်စဉ်းစားဖို့နဲ့ နိုင်ငံတကာ ထုံးတမ်းစဉ်လာတွေကို လိုက်နာစောင့်ထိန်းဖို့ ထပ်တလဲလဲ ပြောဆိုခဲ့တဲ့၊ ဆိုင်းငံ့ထားရေး တောင်းဆို ဖော်ပြချက်ပါစာတွေကို ထိုင်းအစိုးရက ဒါတုန့်ပြန်မှုကို မရှိတာ ပါပဲ” ဟု ကုလသမဂ္ဂ အရာရှိမှ ထပ်လောင်းပြောကြားသည်။
”အကယ်၍ ဆက်လက် လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒီလူအစုလိုက် အပြုံလိုက် ပြန်ပို့ရန် ခြိမ်း ခြောက်ခြင်းရဲ့  ရလာဒ်ကတော့ အနှိုင်းယှဉ်မဲ့ လူသားတွေ ဆိုးဆိုးဝါးဝါး ခံစားရမှုနှင့် အခြေခံ လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်တွေကို အတိအကျ ချိုးဖောက်တာပဲဖြစ်မယ်”ဟု သူ ကဆိုသည်။
ကုလသမဂ္ဂ အထူးအရာရှိ ဂျော့ အေဘတ်စတာမန်တီ (ရွှေ့ ပြောင်းနေထိုင် လုပ်ကိုင်သူများ ဆိုင်ရာ) ၏ လုပ်ဆောင်ချက်နှင့် လုပ်ပိုင်ခွင့်များကို ဆက်လက် လေ့လာလိုပါက အောက်ပါလင့်(ခ်) သို့သွားပါ....

http://www2.ohchr.org/english/issues/migration/rapporteur/index.htm
http://www.ohchr.org/en/NewsEvents/Pages/DisplayNews.aspx?NewsID=9827&LangID=E

***ဂျီနီဗာ (၁၈၊ ဖေဖေါ်ဝါရီ ၂၀၁၀)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)