စီးရီးအေအသင်း အေစီမီလန်သည် မန်ယူခံစစ်မှူး ဗီဒစ်ကိုခေါ်ယူရေးအတွက် တိုက်စစ်မှူး ဟန်တယ်လာကို အသုံးပြုဖွယ်ရှိကြောင်း ဒေးလီးမေရာ၌ ဖော်ပြသည်။ (အင်တာနက်)
*** ဖာဘီယာနိုခေါ်ယူရန် မန်စီးတီးနှင့် ချဲလ်ဆီးတို့ စိုင်းပြင်း ***
ဆီဗီလာမှ ဘရာဇီးတိုက်စစ်မှူး လူဝစ်ဖာဘီယာနိုသည် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရေးကို ထည့်သွင်းစဉ်းစားမည်ဟု ဆိုခဲ့ပြီးနောက် မန်စီးတီးနှင့် ချဲလ်ဆီးတို့က ၄င်းအား ခေါ်ယူရန် စိုင်းပြင်းလျက်ရှိကြသည်။ (အင်တာနက်)
*** ချဲလ်ဆီး၌ ၁၀-နှစ်မျှ ဆက်နေလိုဟု ပီိတာချက်ဖွင့်ဟ ***
ချဲလ်ဆီးဂိုးသမား ပီတာချက်သည် ပြီးခဲ့သည့်လက အသင်းအတွက် လက်စွမ်းပြကာကွယ်ကာ အသင်းကို ရလဒ်ကောင်းများ ဆောင်ကြဉ်းပေးခဲ့ပြီးနောက် အသင်းတွင် ဆယ်စုနှစ် တစ်နှစ်တာမျှ ဆက်နေလိုသေးသည်ဟု ဖွင့်ဟခဲ့ကြောင်း သည်ဂါးဒီးယန်း၌ ဖော်ပြသည်။ (အင်တာနက်)
*** ပက်ဗလူချင်ကို၏ ပြောင်းရွှေ့ကြေး ရက်နက်သတ်မှတ် ***
စပါးနည်းပြဟာရီရက်နက်သည် စပါးအသင်းတွင် နေရာမရဖြစ်နေသော ပက်ဗလူချင်ကို၏ ရုရှားအသင်း လိုကိုမိုးတစ်မော်စကိုသို့ ပြန်လည်ပြောင်းရွှေ့ကြေးကို ပေါင် ၁၀ ဒသမ ၅-သန်း သတ်မှတ်ထားကြောင်း ဒေးလီးမေးလ်၌ ဖော်ပြသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-ချစ်စိုးနိုင် ***
*** ဗီဒစ်ကို ခေါ်ယူရေး ဟန်တယ်လာကို အေစီအလိုက်ပေးဖွယ် ***

No comments:
Post a Comment