*** လေဖြတ်၍ စကားမပီသူများ သီချင်းဆိုပေးခြင်းဖြင့် ပြန်ကောင်းလာနိုင် ***
လေဖြတ်ခံရ၍ စကားပီသစွာ မပြောဆိုနိုင်သော ရောဂါဝေဒနာရှင်များသည် မကြခဏ သီချင်းဆိုပေးခြင်းဖြင့် စကားပီသစွာ ပြန်လည်ပြောဆိုလာနိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသန သိပ္ပံပညာရှင်များက သုတေ သနပြု လေ့လာတင်ပြထားသည်။ လေဖြတ်ခံရသော ရောဂါဝေဒနာရှင်တစ်ဦးသည် ဦးနှောက်အတွင်းရှိ စကား ပြောဆိုရာတွင် အရေးပါသော အင်္ဂါအစိတ်အပိုင်း ထိခိုက်ပျက်စီးသွားသည်။
ယင်းပျက်စီးသွားသော ဦးနှောက်အစိတ်အပိုင်းနေရာသည် သီချင်းဆိုပေးခြင်းဖြင့် ပြန်လည်လှုပ်ရှားကောင်းမွန်လာနိုင်ကြောင်း ဟားလ်ဗတ်ဆေးတက္ကသိုလ်မှ သုတေသီချင်းက ဆန်ဒီရို၌ ကျင်းပသော သိပ္ပံဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးတွင် တင်ပြခဲ့ခြင်းဖြစ်သည်။ လေဖြတ်ခံရ၍ ဦးနှောက်ထိခိုက်သွားသော ဝေဒနာရှင်များသည် စကားပီသစွာမပြောနိုင်သော်လည်း သီချင်းဆိုနိုင်ဆဲဖြစ်သည့် အချက်ကိုလည်း သုတေသီများက လေ့လာတင်ပြခဲ့သည်။ (အင်တာနက်)
(Public Health)

No comments:
Post a Comment