ခင်ပွန်းဖြစ်သူအလုပ်မှ အိမ်ပြန်ရောက်ချိန်၌ ဇနီးက ပြတင်းပေါက်မှရပ်ကာ ငေးမောလျက်ရှိနေသဖြင့် အောက်ပါအတိုင်း မေးမြန်းလေသည်။
ခင်ပွန်း။ ။ ဘာတွေများတွေးနေရတာလဲ။
ဇနီး။ ။ ဘာမှ မဟုတ်ပါဘူး။
ခင်ပွန်း။ ။ စိတ်ညစ်စရာများ ရှိနေလို့လား။
ဇနီး။ ။ မရှိပါဘူး။
ခင်ပွန်း။ ။ ဒါဆို… ကိုယ့်အကြောင်းတွေးနေတာလား။
ဇနီး။ ။ အင်း….။
ခင်ပွန်း။ ။ ဘာတွေများလဲ ပြောစမ်းပါဦး။
ဇနီး။ ။ ဟိုဟိုဒီဒီနဲ့ သေသေချာချာလဲ မဟုတ်ပါဘူး။
ခင်ပွန်း။ ။ ဘာမှ တွေးမနေနဲ့ ကိုယ့်လိုခင်ပွန်းမျိုး လောကကြီးမှာ နှစ်ယောက် မရှိနိုင်ပါဘူး။
ဇနီး။ ။ သြော်….။
ခင်ပွန်း။ ။ အဲဒီတော့။ စိတ်ကူးလဲမယဉ်နဲ့ လိုက်လဲမရှာနဲ့။
ဇနီး။ ။ ဟုတ်တော့ ဟုတ်ပါတယ်။ ရှင့်လို ခင်ပွန်းမျိုး ရှားပါတယ်။ ဒါပေမယ့် ရှင့်ထက်သာတဲ့ ခင်ပွန်းသည်တွေလည်း အများကြီး ရှိတယ်နော်…။
ခင်ပွန်း။ ။ `ဘာကွ´
မှတ်ချက်။ ။ ဘ၀အမောပြေမှ ကူးယူဖော်ပြသည်။
*** (ဟာဒယနှလုံး-တခဏပြုံး) ***

No comments:
Post a Comment