ကျူးဘားခေါင်းဆောင် ဖီဒယ်လ်ကတ်စထရိုက လူထုကို မိန့်ခွန်းပြောနေတယ်။
`ပြည်သူအပေါင်းတို့၊ ကျုပ်တို့ ကျူးဘားနိုင်ငံကို မြောက်ဘက်က ယန်းကီး(အမေရိကန်)တွေက ဆင်းရဲ ငတ်ပြတ်နေတဲ့ နိုင်ငံဆိုပြီးတော့ မဟုတ်တမ်းတရားစွပ်စွဲ ပြောဆိုနေကြပါတယ်။ ကျုပ်တို့ဟာ အစာမစားပဲနဲ့ အိပ်ရာဝင် တတ်တဲ့ လူမျိုးမဟုတ်ဘူးဆိုတာကို ဒီကောင်တွေသိစေရမယ်´

အဲဒီအခိုက် လူအုပ်ကြားထဲက အမျိုးသားတစ်ဦးဆီက အသံတစ်သံထွက်လာပါတယ်။
`ဟေ့… အကိုကြီး၊ ကျုပ်အခုထက်ထိ စားစရာမရသေးဘူးဗျ´
ကတ်စထရိုက အခုလို ပြန်ပြောလိုက်ပါတယ်။ `အဲဒါဆို ငါ့ညီ မအိပ်နဲ့ဦးကွာ´
မှတ်ချက်။ ။ ၂၀၁၀၊ ဖေဖော်ဝါရီလထုတ် ရန်ကုန်တိုင်း(မ်)မှ….။
*** (ဟာဒယနှလုံး-တခဏပြုံး) ***

No comments:
Post a Comment