၆၂နှစ်မြောက် ချင်းအမျိုးသားနေ့ကိုယမန်နေ့ကကိုးရီးယားနိုင်ငံ ပူချွန်းမြို့ရှိ ဘုဂ်ဒွဲ(န်) ဘုရားရှိခိုးကျောင်းတွင် ချင်းလူမှုရေး အသင်းကဦးစီးကျင်းပခဲ့သည်။ ၆၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ညနေ ၃ နာရီ ခွဲ အချိန်က စတင် ကျင်းပကြ သည်။ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီး ယားဌာနခွဲ၊ ကရင် လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)၊ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)တို့ တက်ရောက်ပြီး ဂုဏ်ပြုစကားများ ပြောကြားကြပါသည်။
ချင်းအမျိုးသားနေ့ အခမ်းအနားကို ဦးစီးကျင်းပသည့် ချင်းလူမှုရေးအသင်း ဥက္ကဌ ဦးသန်းဟန်က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တ၀င့် ရှင်းပြပြီး ချင်းတိုင်းရင်းသားများ၏ အခွင့်အရေးတို့သည် စစ်အစိုးရ လက်အောက်မှာ ရရှိနိုင်မှာ မဟုတ်ကြောင်း၊ပြောသည်။
ဦးဇော်မိုးအောင် (တွဲဘက် အတွင်းရေးမှူး (၂) အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ)က တစ်ဦးကောင်း တဖွဲ့ကောင်း ပြုလုပ်နေလို့ ဘာမှ ဖြစ်လာနိုင်မှာ မဟုတ်သလို စစ်မှန်တဲ့ ပြည်ထောာင်စု စနစ် ပေါ်ပေါက်ရေးသည် မြန်မာနိုင်ငံဘွား တိုင်းရင်းသားများ စုပေါင်း လုပ်ဆောင်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြောသည်။
စောကျော်သက်ထွန်း(ပြန်ကြားရေးမှူး (ကရင်လူငယ်အစည်းအရုံး (ကိုရီးယားဌာနခွဲ)က အခက်အခဲကြားထဲက ချင်းအမျိုးသားနေ့ကို မမေ့မလျော့ဘဲ ကျင်းပတဲ့အတွက် လေးစား ဂုဏ်ယူမိကြောင်း၊ ပြောသည်။
စကက်နက်မိုး (ဒု ဥက္ကဌ၊ ညီညွှတ်သော မြန်မာ တိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)က တရေတည်းသောက် တမြေတည်းနေ တို့ ညီအကိုတွေ လက်တွဲ ညီစွာ လုပ်ငန်းဟူသမျှ အေးအတူ ပူအမျှ လှုပ်ရှားဆောင်ရွက် သွားကြရန် စသည်တို့ကို ပြောကြားပြီး ဆုတောင်း တေးဂီတများ၊ တေးသီချင်း အကများဖြင့် တင်ဆက်ကြသည်။ ချင်းလူမှုရေးအသင်း (ကိုရီးယား)၏ အလုပ်အမှုဆောင် အသစ်ကို မဲစနစ်ဖြင့် ရွေးချယ် တင်မြောက်ကြပြီး အခမ်းအနားကို ညနေ ၅ နာရီ ခွဲ အချိန်မှာ အောင်မြင်စွာ ရုပ်သိမ်း၍ ချင်းရိုးရာ အစားအစာများဖြင့် တည်ခင်း ဧည့်ခံကြပါသည်။ အခမ်းအနားမှူးအဖြစ် ဆရာ ပေါင်ပီးက ဆောင်ရွက်ခဲ့သည်။ နံနက်ပိုင်းကလည်း နအဖ လက်အောက်ခံ သံရုံးရှေ့၌ ချင်းအခွင့်အရေးများ ရရှိရေးအတွက် ဆန္ဒပြ တောင်းဆိုကြကြောင်း သိရှိရပါသည်။
*** သတင်း-ကိုကျော်သောင်း ***
(ဖေဖော်ဝါရီလ ၂၁-ရက်)

No comments:
Post a Comment