ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, February 22, 2010

ဖေဖော်ဝါရီလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ….

>
(ဖေဖော်ဝါရီလ ၂၁-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိပ်ခရိုင် ရွှေတြိဂံ ဧရိယာ တနေရာတွင် ဒေသခံ မူးယစ်ရဲတပ်ဖွဲ့အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်သောအဖွဲ့မှာ နော်ခမ်း ဦးစီးသော လွယ်မော်ပြည်သူ့စစ်အဖွဲ့ဟု ယူဆရ ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်အချို့အပါအ၀င် ရဲတပ်ဖွဲ့ဝင် (၁၆)ဦး ပစ်ခတ်ခံရပြီး သေဆုံးသွား ကြဘွယ်ရှိကြောင်း သတင်း ရရှိသည်။ (BBC)

(ဖေဖော်ဝါရီလ ၁၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှား ရေပြင်ပိုင်နက်တနေရာတွင် မျောပါလာသော အင်ဒိုနီး ရှား သင်္ဘောသား (၈)ဦးကို မလေးရှားရေကြောင်း ထိန်းသိမ်းရေးဌာနက ကယ်တင်လိုက်နိုင်ကြောင်း၊ ၄င်းတို့ သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆-ရက်နေ့က ဆိုမာလီပင်လယ်ဓားပြများ လက်ဝယ်သို့ ကျရောက်ခဲ့ပြီး နောက်ပိုင်းရက်များတွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ ရေထဲတွင် မျောပါလာခိုက် မလေးရှား ရေ ကြောင်း ထိန်းသိမ်းရေးဌာနက ၄င်းတို့ကို ကယ်တင်လိုက်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်းဖြတ်သန်းခြင်း (၂၁)နှစ်မြောက် အမှတ်တရပွဲတစ်ပွဲကို ယနေ့ညပိုင်းက အဆိုပါဆေးခန်းတွင် ကျင်းပကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘန်ကောက် ဘဏ်ရုံးချုပ်ရှေ့၌ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသော အနီရောင်ရှပ်အင်္ကျီဝတ် ထောင်ပေါင်းများစွာတို့သည် စုရုံးဆန္ဒပြခဲ့ကြကြောင်း ဘန်ကောက်ဘဏ်ရှေ့တွင်စုရုံး ဆန္ဒပြရခြင်းမှာ ထိုင်းအမျိုးသား လုံခြုံရေးကော်မတီမှ ဗိုလ်ချုပ်ကြီးဟောင်း ပရင်(မ်)၏ အစုရှယ်ယာများသည် ဤဘန်ကောက်ဘဏ်တွင် ရှိခြင်းနှင့် တပ်ဆင်ထံမှ သိမ်းယူခဲ့သော ငွေကြေးများကိုလည်း ဤဘဏ်တွင်ပင် သိမ်းဆည်းထားခြင်းကြောင့် ဖြစ်ကြောင်း သတင်းရရှိသည်။ (BBC)
(ဖေဖော်ဝါရီလ ၁၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် ပြီးခဲ့သော ရက်ပိုင်းက မလေးမွတ်ဆလင် အမျိုးသမီး (၃)ဦးကို အိမ်ထောင်ရေး ဖောက်ပြန်မှုဖြင့် ကြိမ်ဒဏ်အပြစ်ပေးလိုက်ကြောင်း၊ ဤသို့ပြစ်ဒဏ်ပေးမှုကို မလေးရှား လူ့အခွင့်အရေးအဖွဲ့များနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)က ကန့်ကွက်ခဲ့ကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံအတွင်း တရားမ၀င်နည်းလမ်းဖြင့် ၀င်ရောက်လာကြသော ဘင်္ဂလားဒေ့(ရှ်)နိုင်ငံသား (၂၉)ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းပြည်ရေးဌာနက ကျေညာသည်။ (RFA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဖက် ဖုတ်ဖရားမြို့နယ် (၄၂)ကီလိုမီတာ အရပ်ရှိ `ဒို့မိတ်ဆွေ´မူလတန်းကျောင်းတွင် ဒေသတွင်းရှိ မူလတန်းကျောင်း (၅)ကျောင်း စုပေါင်းစေကာ HWF ပညာရေးအဖွဲ့မှ စီစဉ်သော ကလေးများပျော်ရွှင်ရေး မျက်လှည့်ပွဲအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ (မြန်မာပြည်သား)
(ဖေဖော်ဝါရီလ ၁၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးရရှိသည်ကို အာဆီယံမိသားစုက တွေ့မြင်လိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆစ်က အင်ဒိုနီးရှား နိုင်ငံသို့ ရောက်ရှိနေစဉ် ပြောကြားလိုက်သည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံတွင် တရုတ်နှစ်သစ်ကူးပွဲတော်ရာသီနှင့် တိုက်ဆိုင်ပြီး တရားမ၀င်နေထိုင်သူ (၁၀၀၀)ခန့်ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှားဌာနခွဲ)မှ ကိုကျော်ကျော်က ပြောဆိုသည်။ (RFA)
(ဖေဖော်ဝါရီလ ၁၅-ရက် ၂၀၁၀) ဓမ္မစေတီ ဆရာတော်ဦးကောသလ္လ၏ အထူးတရားပွဲအစီအစဉ် ဒုတိယနေ့ကို ယနေ့မွန်းလွဲ (၁း၃၀)နာရီတွင် ဆက်လက်ကျင်းပကြသည်ကို တွေ့ရပြီး လူဦးရေ အနေဖြင့်မူ ယမန်နေ့ကကဲ့သို့ အလုပ်ပိတ်ရက် မဟုတ်သဖြင့် လူထက်ဝက်ခန့် နည်းပါးသွားကြောင်း သိရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၄။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် (၄၈)ကီလိုမီတာ တိုက်နယ်၊ ပခါးကောင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၄-ရက်နေ့က ထိုင်းလ၀ကနှင့် ကျေးရွာပြည်သူ့စ်စများပူးပေါင်းထားသော ဖမ်းဆီးရေးအဖွဲ့က မြန်မာအလုပ်သမားအချို့ကို ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမားများသာမက ၄င်းတို့ပိုင်ဆိုင်သော တီဗွီ ၃-လုံး၊ လူသုံးကုန်ပစ္စည်းအချို့ကိုပါ သိမ်းဆည်းသွားကြောင်း ယခုအခါ အဖမ်းဆီးခံရသူတစ်ဦးလျှင် ဘတ် (၁၂၀၀)စီပေးရွေးစေခိုင်းပြီးသောအခါ ပြန်လွတ်လာကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၅။ ။ ထိုင်းနိုင်ငံတွင် အနီရောင်ရှပ်အင်္ကျီဝတ် ဆန္ဒပြသမားများက ဘန်ကောက်မြို့တော် ပန်ခြံအနီးတွင် ယနေ့စုရုံးဆန္ဒပြနေကြပြီး၊ ဆန္ဒပြသမားများသည် ယနေ့ညနေ (၆)နာရီခန့်အထိ စုရုံးခဲ့ကြကြောင်း၊ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ်စွပ်စွဲချက်များ အပေါ် တရားရုံးမှ ပြန်လည်ကြားနာစစ်ဆေးရန် တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ (RFA)
(ဖေဖော်ဝါရီလ ၁၄-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ထိုင်းဘုန်းတော်ကြီးကျောင်းတစ်ခုတွင် မြန်မာပြည်မှ ကြွရောက်တော်မူသော `ဓမ္မစေတီဆရာတော် ဦးကောသလ္လ´မထေရ်မှ အထူးတရားပွဲတရပ်ကို ယနေ့ကျင်းပကြကြောင်း၊ အဝေးရောက်မြန်မာပြည်သားများနှင့် မြန်မာအလုပ်သမား (၂၀၀၀)ခန့် တက်ရောက်တရားနာယူခဲ့ကြသည်ကို တွေ့ရသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ပြီးခဲ့သော ၂၀၀၈-ခုနှစ် ဖေဖော်ဝါရီလ ၁၄-ရက်နေ့ ညနေပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ကရင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးနှင့် ထိုစဉ် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးဖြစ်သူ- ဖဒိုမန်းရှာလားဖန်းအတွက် ၂-နှစ်မြောက် အောက်မေ့ဘွယ် ဆွမ်းသွတ်တရားနာပွဲတစ်ရပ်ကို ၄င်းကို လေးစားချစ်ခင်သူများက ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ယနေ့ကျင်းပကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၃။ ။ မလေးရှား လ၀က တပ်ဖွဲ့ဝင် (၃၀)ဦးပါဝင်သော အဖွဲ့က မလေးရှားနိုင်ငံတွင် တရားမ၀င်နေထိုင်သူ (၁၁၆)ဦးကို ယမန်နေ့က ဖမ်းဆီးခဲ့ရာ Over Stay (ခ) ရက်ကျော်နေထိုင်သူ မြန်မာပြည်သား (၁၃)ဦး အပါအ၀င် အင်ဒိုနီးရှား၊ သြစတြလျ၊ နီပေါ စသည့် နိုင်ငံသားများလည်းပါဝင်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၄။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်၊ ၀န်ကြီးချုပ်ရုံးနှင့် မီတာ (၅၀)အကွာတွင် လူတစ်ဦးက ဗုံးတစ်လုံးကို ဖောက်ခွဲခဲ့ကြောင်း၊ သို့သော် လူတစ်ဦးတစ်ယောက်မှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ အလားတူ ထိုင်းနိုင်ငံ တရားရုံးချုပ်တနေရာတွင်လည်း ဗုံးတစ်လုံးကို တွေ့ရှိပြီး မပေါက်ကွဲမှီ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။ (BBC)
(ဖေဖော်ဝါရီလ ၁၃-ရက် ၂၀၁၀) ပြီးခဲ့သည့် လက မဲဆောက်မှ ဘန်ကောက်သို့ တောလမ်းခရီးဖြင့် တရားမ၀င် သွားလာကြရင်း အသတ်ခံကြရသော မြန်မာအလုပ်သမား (၉)ဦးအတွက် ဆွမ်:သွတ်အမျှဝေခြင်းနှင့် အသုဘ ကိစ္စဆောင်ရွက်ခြင်းတို့ကို မဲဆောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူ ပြုဌာန (LLC)နှင့် မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့များက ယနေ့ အသုဘပို့ဆောင်ခြင်း အခမ်းအနား တရပ်ကို စီစဉ်ကျင်းပကြကြောင်း သိရသည်။ (မြန်မာပြည်သား)
(ဖေဖော်ဝါရီလ ၁၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (LLC)တွင် ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၆-ရက်နေ့က မဲဆောက်မှ ဘန်ကောက်သို့ တက်သော တောလမ်းခရီးတနေရာ၌ အသက်ခံခဲ့ရသော ကရင်ပြည်နယ် လှိုင်းဘွဲ့နယ်မှ မြန်မာအလုပ်သမား (၉)ဦးတို့အတွက် ရည်ရွယ်လျက် ဆွမ်းသွတ်တရားနာပွဲကျင်းပရေး အစည်းအဝေးတစ်ရပ်ကို ယနေ့ ကျင်းပကြကြောင်း ထိုင်းနှင့် မြန်မာအလုပ်သမား အကူအညီပေးရေးအဖွဲ့များက စုပေါင်းညှိုနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (မြန်မာပြည်သား)
(ဖေဖော်ဝါရီလ ၁၁-ရက် ၂၀၁၀) ဘီလာရု(စ်)နိုင်ငံသား တစ်ဦးနှင့် ကာဇက်စတန်နိုင်ငံသား ၂-ဦးတို့အပေါ် မြောက်ကိုရီးယား သင်္ဘောဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လက်နက်များကို သယ်ဆောင်လာသောအမှုအား ထိုင်းရှေ့နေချုပ်ရုံးက ၄င်းတို့နှင့် သက်ဆိုင်ရာ နိုင်ငံများ၏ တောင်းဆိုချက်အရ ယနေ့ပြန်လွှတ်ပေးလိုက်ကြောင်း ၄င်းတို့၏ မိခင်နိုင်ငံများတွင် တရားမ၀င်လက်နက်များ သယ်ဆောင်မှုဖြင့် ရုံးတင် စစ်ဆေးရန် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ထိုင်းရှေ့နေချုပ်ရုံးက ပြောဆိုသည်။ (VOA)
(ဖေဖော်ဝါရီလ ၁၀-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထဆောင်ယန်းမြို့နယ် နောင်ဘိုးဒုက္ခသည်စခန်းမှ ကရင်လူမျိုးဒုက္ခသည်များကို မကြာမီသောရက်များအတွင်း ထိုင်းစစ်တပ်မှ အတင်းအဓမ္မနေရပ်ပြန်ပို့ခဲ့သည်ဆိုသော ကိစ္စကို တိုင်းအမျိုသား လုံခြုံရေးကော်မတီ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မတီ၊ ထိုင်းစစ်တပ်စသည်တို့မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း၊ ဒုက္ခသည်များကို မိမိတို့ စစ်တပ်မှ အတင်းအဓမ္မ ပြန်ပို့ခဲ့ခြင်းမဟုတ်ပဲ ဒုက္ခသည်များကိုယ်တိုင်က ပြန်ပို့ခိုင်းခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်မှ အချက်အလက်များဖြင့် ငြင်းဆိုခဲ့ကြောင်း၊ ယခုအခါ ဒုက္ခသည်များအား နေရပ်ပြန်ပို့ခြင်းကိစ္စကို ထိုင်းစစ်တပ်က ရပ်ဆိုင်းခဲ့ပြီး ဖြစ်ကြောင်း အပြန်အလှန်ညှိုနှိုင်းသုံးသပ်ခဲ့ကြောင်း သိရသည်။ (BBC)
(ဖေဖော်ဝါရီလ ၁၀-ရက် ၂၀၁၀) ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မဲဆောက်ကျောက်ပွဲစားတန်းနှင့် မဲဆောက်ဈေးကြီး၏ ဈေးသူဈေးသားများမှ ပူပေါင်းစီစဉ်သော အထူးတရားပွဲများကို ကျင်းပလျက်ရှိရာ ယနေ့ (ဖေဖော်ဝါရီလ ၁၀-ရက်နေ့မှ ၁၂-ရက်)နေ့အထိ မြန်မာပြည်မှ ကြွရောက်ချီးမြှင့်သော ဆရာတော် ဦးသုနန္ဒ (ဓမ္မရံသီ)မှ တရားရေအေး-အမြိုက်ဆေးကို တိုက်ကျွေးမည်ဖြစ်ကြောင်း၊ နေ့စဉ် မွန်းလွဲ (၁း၀၀)နာရီအချိန် တွင် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
(ဖေဖော်ဝါရီလ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ `အထူးတရားပွဲ´တစ်ရပ်အား မြန်မာနိုင်ငံမှ ကြွရောက်လာသော မေတ္တာရှင်- ရွှေပြည်သာ ကလောင်အမည်ရှိ ဆရာတော် (ဦးဇ၀န)က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ကျင်းပသည်ကို တွေ့ရသည်။ (မြန်မာ ပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း ယာလာခရိုင်တွင် ဆိုင်ကယ်စီး စစ်သွေးကြွများ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ကျောင်းဆရာတစ်ဦး သေဆုံးသွားကြောင်း၊ အလားတူစွာပင် ပတ္တာနီခရိုင်တွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးသည်လည်း ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၀၁၀)ခုနှစ်ရွေးကောင်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် နအဖ အားတိုက်တွန်းပါကြောင်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။ ဤပြောဆိုချက်ကို အာဆီယံပါလီမန်များအဖွဲ့(AIPMC) အဖွဲ့ဝင် မလေးရှားလွှတ်တော်အမတ် မစ္စက် ထရီဇာကော့ကလည်း ထောက်ခံပြောဆိုလိုက်သည်။ (VOA)
(ဖေဖော်ဝါရီလ ၈-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် တရားရုံးတွင် လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုခြင်းခံနေရသော မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအေဗရာဟင်က တရားသူကြီးများသည် အရည်အချင်းပြည့်မီခြင်း မရှိကြောင်း ဝေဖန်ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသော အင်ဒိုနီးရှားအိမ်ဖော်အလုပ်သမများနှင့် ပတ်သက်ပြီး ဥပဒေအရ ကာကွယ်စောင်ရှောက်မှုများပေးရန် မလေးရှားအစိုးရက သဘောတူညီခဲ့သော်လည်း အဆိုပါ အလုပ်သမများ၏ လုပ်အားခ တိုးမြှင့်ပေးရန်ကိုမူ သဘောတူညီမှု မရရှိကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံတွင် အိမ်ဖော်အလုပ်အပါအ၀င် အင်ဒိုနီးရှားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (၂)သန်းခန့်ရှိပြီး အဆိုပါအလုပ်သမားများသည် အခြားနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများနည်းတူ အိမ်ရှင်ဖြစ်သော မလေးရှားအလုပ်ရှင်နှင့် မိသားစုဝင်များ၏ နှိပ်စက်ကလူပြုမူခြင်းများကို ခံကြရကြောင်းသိရသည်။ (RFA)
(ဖေဖော်ဝါရီလ ၅-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် နောင်ဘိုးဒုက္ခသည်စခန်းမှ ကရင် လူမျိုး ဒုက္ခသည် (၁၀)ဦးကို နေရပ်ပြန်ပို့သည်မှာ မှန်ကန်ကြောင်း၊ ၄င်းတို့၏ ဆန္ဒအရပြန်ပို့ခြင်းသာ ဖြစ် ကြောင်း ထိုင်းစစ်တပ်က ပြောဆိုသည်။ (RFA)
(ဖေဖော်ဝါရီလ ၄-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံထဲသို့ မူးယစ်ဆေး မှောင်ခိုသမား ၁၀-ဦးကို မလေးရှားရဲက ကွာလာလမ်ပူနိုင်ငံတကာ လေဆိပ်၌ ဖမ်းလိုက်ကြောင်း အဆိုပါ အစ္စလာမ်ဘာသာဝင် အီရန်လူမျိုး ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဘနားမား သတင်းဌာနက ဖော်ပြသည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားအိမ်ဖော် ၁-ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သူ မလေးရှား အိမ်ရှင်မနှင့် သားဖြစ်သူတစ်ဦးတို့ကို မလေးရှားတရားရုံးက တရားစွဲဆိုလိုက်သည်။
ဖြစ်ရပ်-၃။ ။ ကရင်စစ်ပြေးဒုက္ခသည်များကို မြန်မာနိုင်ငံပြန်ပို့မည်အရေးကို အမေရိကန်လွှတ်တော်အမတ်(၂၇)ဦးကလည်း အထူးစိုးရိမ်ကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KWO)နှင့် ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီတို့က ယနေ့ ပူးတွဲတောင်းဆိုလိုက်သည်။
(ဖေဖော်ဝါရီလ ၃-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ဖုတ်ဖရားမြို့နယ် ဝှေးနုကလီ ကျေးရွာ ဗွီဒီယို ရုံတစ်ခုတွင် မြန်မာစိုက်ပျိုးရေး လုပ်သား(××××××)အား ဖေဖော်ဝါရီလ ၁-ရက်နေ့ ညပိုင်း က အမည်မသိ လူတစ်ဦးက ချွန်ထက်သော ကရိယာတစ်ခုဖြင့် လည်လှီးကာ သတ်ဖြတ်သွားကြောင်း၊ မည် သူ၏ လက်ချက်ဖြစ် မှန်းကို ဖုတ်ဖရားမြို့နယ် စအိုတိုက်နယ် ရဲစခန်းက စုံစမ်းနေဆဲဖြစ်ကြောင်း သတင်းရ ရှိသည်။ (မြန်မာ ပြည်သား)
ဖြစ်ရပ်-၂။ ။ အာရှတိုက်နိုင်ငံများထဲတွင် ဂျပန်နိုင်ငံမှ ပထမဦးဆုံး ခေါ်ယူမည့် ၃-နှစ်အတွင်း ဒုက္ခသည် အယောက် (၉၀)စီမံချက်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ မဲလဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ဂျပန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က စတင်အင်တာဗျူးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ကျေညာသည်။ (VOA)
ဖြစ်ရပ်-၃။ ။ မလေးရှာနိုင်ငံ တရားရုံးချုပ်တွင် မိမိအပေါ်မလိုမုန်းထားမှုနှင့် ဤသို့ စွပ်စွဲချက်တင်ခဲ့တာဖြစ်ကြောင်း လိင်တူဆက်ဆံမှုဖြင့် စွပ်စွဲခံနေရသော မလေးရှားအတိုက်အခံ ခေါင်းဆောင် အန်ဒါအီဗရာဟင်က ယနေ့ ဒုတိယနေ့တရားရုံးတက်ရောက်ရာ၌ ပြောကြားလိုက်သည်။ (VOA)
(ဖေဖော်ဝါရီလ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာပြည်တွင် (၂၀၁၀) ရွေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာဘွယ်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ်ပီယွန်က ယနေ့ပြောကြားလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်နှင့် ဇနီးတို့ကို မိမိ၏ အမှုအတွက် သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန်လိုအပ်ကြောင်း မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က ပြောဆိုလိုက်သည်။ မိမိအပေါ် မတရားစွပ်စွဲချက်များနှင့် ပတ်သက်၍ လက်ရှိဝန်ကြီးချုပ်နှင့် ဇနီးတို့ကို သက်သေထွက်ဆိုရန် ဆင့်ခေါ်ရန် လိုအပ်ကြောင်း ၄င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။ မစ္စတာ အန်ဝါအီဗရာဟင်ကို သဘာဝမဟုတ်သော လိင်တူဆက်ဆံမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ (RFA)
(ဖေဖော်ဝါရီလ ၁-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံအတွင်းရှိ ဒုက္ခသည်လက်မှတ်ကိုင်ဆောင်ထားသူများအနေဖြင့် `ကျပန်း´အလုပ်များကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဌာန အတွင်းဝန်က ပြောဆိုသည်။ (BBC)
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင်အတွင်းရှိ အုန်းဖန်မြို့နယ်နှင့် မဲဆောက်မြို့နယ်တို့မှ တာဝန်ခံဆရာဝန်ကြီးများက ထိုင်းကျန်းမာရေးဝန်ကြီးထံသို့ ကျန်းမာရေးစရိတ်ပိုမိုချမှတ်ပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ တောင်ပေါ်တိုင်းရင်းသားများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နှစ်စဉ် ဘတ် သိန်း (၁၀၀)ကျော် အကြွေးတင်နေရကြောင်း၊ သို့ဖြစ်၍ ၄င်းတို့အား ကျန်းမာရေးဆေးကုသရန် မိမိတို့ ဆေးရုံများမှာ အခက်အခဲကြီးစွာ ရှိလာနေသည်ဟု တင်ပြခဲ့ကြောင်းသတင်း ရရှိသည်။ (BBC)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)