တစ်နေ့တွင် အလုပ်ရှင်တစ်ဦးသည် အမြဲအလုပ်နောက်ကျသော အလုပ်သမားအား ဘာကြောင့် နောက်ကျရတာလဲဟု မေးတိုင်း မေးတိုင်း……………
`ဘတ်စ်ကားကြောင့် နောက်ကျရတာပါ´
ထိုသို့ ဆင်ခြေများနေသောကြောင့် အလုပ်ရှင်ခမျာ စိတ်ညစ်၍သာနေလေသည်။ မတတ်သာသည့်အဆုံးတွင်…………
`ဒါဆိုလဲကွာ… စောစောထွက်တဲ့ ဘတ်စ်ကားကို တက်စီးလာခဲ့ကွာ´
ထိုအခါ အလုပ်သမားက ပြန်ဖြေလိုက်ပုံက…………..
`စောစောထွက်တဲ့ကားစီးလာလဲ……. နောက်ကကားတွေက ကျော်တက်တတ်လို့ နောက်ကျနေမှာပဲ….. ဆရာ´
*** တင်မော် (ဓာတု) ***
***(ဟာဒယနှလုံး-တခဏပြုံး)***

No comments:
Post a Comment