ဖေဖေါ်ဝါရီ ၎
ဘန်ကောက်မြို ၊ထိုင်းစေတနာ့ဝန်ထမ်းများအစည်းအဝေးခန်းမသတင်းစာရှင်းလင်းပွဲတွင်ကရင်အမျိုးသမီးအစည်းအရုံးက ကရင်စစ်ပြေးဒုက္ခသည်များအားပြန်မပို့ ရန် ယနေ့ နေလည်ပိုင်းက မေတ္တာရပ်ခံတောင်းဆိုလိုက်သည်။
ထိုင်းလူ့ အခွင့်အရေးနှင့်ရွေ့ပြောင်းအလုပ်သမားရေးရာကော်မတီဝင် ၊ထိုင်းရှေ့ နေများကောင်စီသဘာ
ပတိအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mr. Surapong Kongchantuk နှင့်အတူ ကရင်အမျိုးသမီး အစည်းအရုံး ကသတင်းစာရှင်းလင်းပွဲကျင်းပခဲ့ခြင်းဖြစ်သည်။Mr. Surapong Kongchantuk က“ထိုင်းအစိုးရအနေနဲ့  ပစ္စလက်ခတ်လုပ်မယ်လို့ တော့မထင်ပါဘူး။ဒီမှာ ကြည့်လေ။ပြည်တွင်းစစ်ကြောင့် ဒုက္ခ ရောက်နေကြတာ၊
မြေမြှုပ်ဗုံးတွေကြောင့်ခြေပြတ်၊လက်ပြတ်ဖြစ်နေတာ၊ နေစရာမရှိ၊စားစရာမရှိ၊ ဘာဆို၊ဘာမှ အာမခံချက်မရှိ ဖြစ်နေကြတာ၊ ဒီလူတွေကို ပြန်မပို့ သင့်သေးဘူးလို့ ကျနော်တို့ ပြောခင်တယ်” ဟု ဓါတ်ပုံကားချပ်ကြီးများ
ကို လက်တွင်ကိုင်ဆောင်ပြီး ရှင်းလင်းပြောဆိုသွားသည်။ဘန်ကောက်အခြေစိုက် နိုင်ငံတကာသတင်းမီဒီယာ
များ ထိုင်းသတင်းဌာများနှင့် မြန်မာသတင်းဌာနတို့ အပါအ၀င် ထိုင်းလူမှုရေးအသင်းအဖွဲ့ များနှင့် သံရုံးအချို့ 
မှ ပုဂ္ဂိုလ် များတက်ေ၇ာက်ခဲ့ကြသည်။
ကရင်အမျိုးသမီးအစည်းအရုံး တွဲဘက်အတွင်းရေးမှူး၁ နော်ဘလိုမင်နိုက်ဇန်(blooming night zan) က“စစ်ကြောင့်ထွက်ပြေးလာတာက ၁၂၀၀ ကျော်ရှိတယ်။ဒါပေမယ့် အိမ်ထောင်စု ၃၅စုကိုသူတို့ ရွေးလိုက်တာက လူဦးရေး၁၆၀ ကျော်တယ်၊ ဒီလူတွေကို နက်ဖြန် ပြန်ပို့ မယ်လို့ တော့ပြောထား တယ်။
ဒါပေမယ့် ကျမတို့ က ထိုင်းအစိုးရဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုလက်ခံလာတာ နှစ် ၃၀ရှိပြီ၊ ခုပြန်ပို့ မယ်ဆိုတဲ့ ဒုက္ခသည်တွေ ကိုလက်ခံထားတာတောင်မှ ၈လရှိပြီ၊ ဒီလူတွေကို ပြန်ပို့ ရင် သေတွင်းကိုပြန်ပို့ 
တာနဲ့ အတူတူပဲ၊ ဒီလူတွေကို ဒေသတွင်း လုံခြုံအေးချမ်းတဲ့ အခါမှပဲပို့ သင့်ပါတယ်။ထိုင်းမှာလက်မခံထားချင်ရင်လည်း အခြားနိုင်ငံတခုခုသို့ ပဲပို့ သင့်ပါတယ်၊ ဘာကြောင်လဲဆိုတော့ နယ်မြေမှာ နအဖရ့ဲ့ မတရားသတ်ဖြတ်မှုက အရမ်းကြီးမားနေလို့ ဖြစ်ပါတယ်” ဟုပြောဆိုသွားသည်။နယ်စပ်ဒေသ အခြေစိုက်
အမှတ် (၃)စစ်တိုင်းမှူးကပြန်ပို့ ရန် အမိန့်ထုတ်ပြန်ခြင်းကို ထိုင်းဗဟို အစိုးရနှင့် ၀န်ကြီးချုပ်တို့ သိချင်မှ သိမည်ဖြစ်ကြောင်း မိမိတို့ အနေဖြင့် နိုင်ငံတကာ မိသားစု တို့ ၏မြင်ကွင်းအစုံအလင်တည်ရှိရာ ထိုင်းအစိုး
ရအနေဖြင့် ပြန်လည်ပို့ ဆောင်မည်မဟုတ်ဟု မျှော်လင့်ကြောင်း သူမက ဆက်လက်ပြောဆိုသွားသည်။
ထိုင်းလူ့ အခွင့်အရေးအဖွဲ့ မှ ရှေ့ နေနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့ က ကရင်ပြည်နယ်
အတွင်း မြန်မာစစ်အစိုးရ၏လူ့ အခွင့်အရေးချိုးဖေါက်မှုများ၊သတ်ဖြတ်မှုများအပြင် မြေမြှုတ်
မှိုင်းနင်းမိသဖြင့် ခြေပြတ်၊လက်ပြတ်၊ ဒဏ်ရာရဓါတ်ပုံများ နှင့် ဗွီဒီယို လှိုက်ရှိုးများပြသလျှက်
သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားခဲ့သည်။
သတင်း... ကိုကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment