ံ
တော်ရှင် စေတီတော်မြတ်ကြီးကနေ မုဆိုးတောင်၊ ကျောက်ထပ်ဘုရား လမ်းအတိုင်း ၆-မိုင်ခန့် တောတောင် လျှိုမြောင်တွေကို ကျော်ဖြတ်ပြီးမှ ကျွဲတဲ၊ ရဲသောင်၊ ထီးဘဒို။ ၄င်းထီးဘဒိုဆိုတာ ကျနော်တို့ ဇာတိချက်ကြွေ မွေးရပ်မြေပေါ့။ ကျနော်တို့ ရွာကနေ ထပ်မံခရီးဆက်ရင်တော့၊ ကျိုက်ထီးရိုးသမိုင်းထဲမှာ ပါဝင်တဲ့ မဲဆယ့်နှင့်မဲ၊ ဒိုးဆယ့်နှင့်ဒိုး…ဟု ခေါ်ဆိုသောရွာပေါင်း ၂၀-ကျော် ရှိပါသေးတယ်။ ၄င်းရွာများကလဲ ခရစ်စမတ်ရက် ကရင်နှစ်သစ်ကူး ပွဲတော်မှာ၊ တရွာကို ဒုံးယိမ်းတဖွဲ့နဲ့ ယာခင်းထွက် ကောက်ပဲသီးနှံတွေကို ပြပွဲတင်၍ ပြိုင်ပွဲဝင်ကြရပါတယ်။ ထီးဘဒို… ဒုံးအဖွဲ့မှာတော့ နော်နော်ရော ကျနော်ပါ ပါဝင်နိုင်ခြင်း မရှိတာမို့၊ ဒုံးအဖွဲ့ခေါင်းဆောင် စောသာအေးက အပြစ်တင် ပြောဆိုနေပါတယ်။ `ဝေ…. စောဘထူး မင်းဒီနှစ်ပြန်လာတာ သိပ်နောက်ကြတယ်ကွာ၊ ဒို့ ဒုံးအဖွဲ့က ဆရာအသစ်နဲ့ သင်ရတဲ့ နှစ်ကြမှ နော်နော်ကော၊ မင်းကော၊ မပါကြဘူး။ နော်နော်ကလဲ ဘယ်ချိန်ကြည့်ကြည့်သူမျက်နှာ တခါမှမပြုံးတော့ဘူး။ ယောင်္ကျားယူချင်လား ယောင်္ကျားမျှော်
်နေလား၊ မပြောတတ်တော့ဘူး စောဘထူး´ဟုတ်တယ်။ စောသာအေး နော်နော်ဟာ မဲဆောက်မှာ အလုပ်လုပ်နေရင်း အောင်ဝင်းမြင့်ဆိုတဲ့ ဗမာတစ်ယောက်နဲ့ ကြိုက်ခဲ့တယ်။ မင်္ဂလာမဆောင်ကြရသေးပေမယ့် လင်မယားလိုနေခဲ့ကြတယ်။
အခု သူ့ယောင်္ကျားလာမယ့်နေ့ကို သူစောင့်နေတာ၊ သူ့ယောင်္ကျားလာရင် ရွာမှာ မင်္ဂလာဆောင်ပြီး ဘန်ကောက်တက်မယ်လို့ ပြောတယ် စောသာအေး´။ စောသာအေး သက်ပျင်းတချက်ရှိုက်ရင်း `နော်နော်သိပ် မိုက်မဲတာဘဲ စောဘထူး။ ကိုယ့်လူမျိုး အချင်းချင်း မယူဘဲ ရွှေဗမာကို ယူချင်တာကိုး၊ နင်မငိုရဘူးဆိုရင် ကံကောင်းမှာပေါ့။´ စောသာအေးဟာ ကွမ်းတရာကို ပါးစောင်ထဲ ထိုးသွင်းရင်း သူတို့ ဒုံးအက တိုက်နေသော နေရာစီကိုလျှောက်သွားပါတော့တယ်။ ကျနော်လည်း နော်နော်ရှိနေတတ်တဲ့ မယ်တော်ကြီးရွှေနန်းကျင် နတ်နန်းဘက်ဆီသို့ ထွက်ခဲ့ပါတယ်။ နော်နော်ဟာ ကျနော်ကို တွေ့တာနဲ့ မယ်တော်ကြီး နတ်နန်းမှ ထွက်လာပြီး၊ `လာ… စောဘထူး။ ဒို့ ကျိုက်ထို ဟိုတယ်ဘက်ကို လမ်းလျှောက်ရအောင်ဟာ နင်နဲ့ ငါအေးအေးဆေးဆေး စကားပြောချင်တယ်။ ငါ့ရဲ့ကိုယ်ရေး ကိုယ်တာပေါ့´`ပြောပါနော်နော်။ ဒို့တတွေ ငယ်ပေါင်းတွေပဲဟာ၊ ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါကူညီနိုင်ရင် အကုန်ကူညီမယ်´ `၀မ်းသာပါတယ် အထူးရယ။် ငါ အောင်ဝင်းမြင့်ကို အရမ်းတွေ့ွချင်တယ်။ သူမလာတော့မှာကိုလည်း စိုးရိမ်နေတယ်။ သူချိန်းထားတဲ့ ရက်တွေကျော်လွန်ကုန်ပြီ၊ သူ ငါ့ကိုလိမ်ညာသွားပြီးလား မသိဘူး အထူးရယ်´`စိတ်အေးအေးထားပါ နော်နော်။ သူဘယ်တော့ လာမယ်လို့ ပြောသွားလဲ။ ဒီဇင်ဘာလ ၁၅-၁၆ မှာ ရောက်အောင်လာခဲ့မယ်လို့ ကတိပေးသွားခဲ့တယ်။ သူရောက်တာနဲ့ မင်္ဂလာဆောင်မယ်လို့ အပါးရော၊ အမိုးကိုရော ပြောထားပြီးပြီ။ အပါးက သိပ်စိတ်တိုသွားတယ်။ ဗမာကို မယူရဘူးဘဲပြောတယ်။ ငါ့ဗိုက်ထဲမှာ ကလေးရှိနေပြီ၊ မယူလို့ မရတော့ဘူးလို့ ပြောလိုက်မှ တိတ်သွား တယ်။ အခု သူက ရောက်မလာတော့ ငါငိုချင်တာပေါ့ အထူးရယ်´ `မငိုပါနဲ့ နော်နော် နင်နဲ့ ငါ သူနောက်ကို လိုက်သွားမလား။ သူဘယ်မှာနေလဲ နင်သိလား´ `သိတော့ သိပါတယ်။ ဒါပေမယ့် လိုက်မသွားရဲဘူး အထူး၊ ဟိုရောက်လို့ သူတို့အသိုင်းအ၀ိုင်းက ငါတို့ကို ရန်တွေ့ပြီး မောင်းထုတ်ရင် ငါတွေးတွေးပြီး ကြောက်တယ်ဟာ နေပါစေ၊ သူလာတဲ့အထိ ဒီကျိုက်ထီးရိုး ရင်ပြင်တွေ့်မှာဘဲ ငါစောင့်နေပါတော့မယ်။ သူမလာတော့ဘူးဆိုရင်လည်း´ကျနော်ရဲ့ချစ်သူငယ်ချင်း နော်နော် ဒီင်္လိုဝမ်းနည်းပူဆွေး
နေတာ မြင်ရလေတော့ကျနော်လည်း စိတ်မကောင်းပါဘူး။ `ကဲပါ နော်နော်ရယ်၊ ငိုမနေပါနဲ့တော့ဟာ ဒီည ဒို့ရွာက ဒုံးအဖွဲ့ ပြိုင်ပွဲဝင်ရမှာမို့ ကင်မွန်းစခန်းကို ဆင်းကြမယ်။ နင်လဲ လိုက်ခဲ့နော်စိတ်ပြေလက်ပြောက်ပေါ့ဟာ´ `မလိုက်ချင်ဘူး အထူးရယ်..သူကမှာသွားတယ်ဟ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ရင်ပြင်တော်မှာဘဲ စောင့်နေပါတဲ့၊ သူလာခဲ့ရင် လွဲသွားမှာကြောက်လို့ မလိုက်တော့ဘူးနော်´ `အေးလေ နင်မလိုက်ချင်ဘူးဆိုရင်လဲ၊ နေခဲ့ပေါ့ဟာ၊ ဒို့ရင်ပြင်တော်ကို ပြန်တက်ကြရအောင် ခုလောက်ဆိုရင် ဒုံးတဖွဲ့လုံး တောင်ခြေဆင်းဘို့ ပြင်ဆင်နေလောက်ပြီ၊ အမိုးလည်း ငါ့ကို လိုက်ရှာနေရောပေါ့´ ၁-လပိုင်း ၅-ရက်နေ့ ငါ မဲဆောက်ပြန်တက်မယ်။ အကြောင်းကိစ္စရှ်ရင် ဖုန်းဆက်လိုက်ပေါ့ဟာ´ ကျနော်လည်း ကျနော်တို့ရွာမှ ဒုံးအဖွဲ့နဲ့အတူ ကင်မွန်းစခန်းကျေးရွာကို ရောက်ခဲ့တယ်။ ကရင် နှစ်သစ်ကူး ပွဲတော်ကြီးလည်း ယခင်နှစ်များထက် ပိုမို၍ စည် ကားလှ
သည်။ ကင်မွန်းစခန်းကျေးရွာက သူငယ်ချင်းများနဲ့အတူ လောင်းကစားဝိုင်းများ ပျော်ပွဲ၊ ရွှင်ပွဲများ စာသောက်ဆိုင်များ စုံလင်အောင် ၆-ရက်လုံးလုံး လည်ပတ်ပြီးသောအခါ ကျနော်လည်း လုပ်ငန်းခွင်ရှိရာ မဲဆောက်ကို ပြန်လာခဲ့တော့တယ်။
ကျနော် ပြန်ရောက်ပြီးများမကြာခင် ရက် ၂၀-၀န်းကျင်ခန့်မှာဘဲ ကျနော်ထံသို့ ဒုံးအဖွဲ့ခေါင်းဆောင် စောသာအေး အရေးပေါ် ဖုန်းဆက်ခေါ်တာကြောင့်ဒုတိယအကြိမ်ခွင့်တောင်းပြီး ပြန်ရလေတော့တယ်။ ကျိုက်ထီးရိုး ရင်ပြင်တော်ရောက်တာနဲ့ ကျောင်း တိုက်ထဲဝင်ပြီး ဆရာတော်ကို ဦးခိုက်ရင်း နော်နော်ရဲ့ မောင်လေး ကိုရင် ဖိုးကံကို ဆရာတော်ရဲ့ အခန်းထဲမှာဘဲ တွေ့ရတာမို့ စောသာအေး ဖုန်းဆက်တဲ့ အကြောင်းကိစ္စကို အစပြုပြီး ရွာရဲ့အခြေအနေကိုမေးမြန်းရာမှာကိုရင် ဖိုးကံက ၀ိုင်းစက်နေသော မျက်ဝန်းအိမ်မှ မျက်ရည်များ ယိုစီးပြီး ပင့်သက်ကို ရှိုက်ကာ `နော်နော်သေသွားပြီ စောဘထူး၊ ဒီကနေ့ဟာ ၄-ရက်မြောက်တဲ့နေ့ဘဲ´ `ဘာ… နော်နော် သေသွားပြီ၊ ဟုတ်လား။ ဘာဖြစ်လို့ သေသွားတာလဲသူ့ယောင်္ကျားကော ခုထိ ရောက်မလာဘူးလား´ `ရောက်မလာဘူး စောဘထူး နော်နော်ဟာ ဒီရင်ပြင်တော်ပေါ်မှာ နေစဉ် အပတ်စဉ်တိုင်း သူယောင်္ကျားကို လာပြီးစောင့်နေတယ်။ ၁-လပိုင်း ၂၀-ရက်နေ့ ဗုဒ္ဓဟူးနေ့က သူပြန်တော့ ၄-နာရီကျော်နေပြီ။ ကိုရင်က မပြန်ဖို့ ပြောတာလဲ သူနားမထောင်ဘူး။ နောက်တနေ့ နံနက် ရွာကလူတွေ ဈေးဝယ်ထွက်လာမှ ရွာအ၀င်ချောင်:စပ်က သစ်ချပင်အောက်မှာ အသက်ငွေ့ငွေ့သာကျန်တော့တဲ့ နော်နော်ကို တွေ့ကြလို့ ရွာကို အမြန်သယ်ဆောင်သွားကြသော်လည်း ရွာရောက်ပြီး ၂-နာရီခန့်မှာပဲ နော်နော်သေသွားတယ်။ ရွာကလူတွေ ပြောတာကတော့ နော်နော်ချော်လဲပြီး၊ ကလေးပျက်ကျသွားလို့ သေတာတဲ့။ ကျနော် ချစ်သူငယ်ချင်း နော်နော်ရဲ့ ဘ၀ နိဂုံးကို ကြားသိရတော့ လွန်စွာမှ ၀မ်းနည်းကြေကွဲမိပါတယ်။ ကျနော်နဲ့ထပ်တူ နော်နော်ရဲ့ အချစ်ဆုံးချစ်သူ ကိုအောင်ဝင်းမြင့် ဆိုသူလဲ ပျက်ကွက်ခဲ့သော ကတိစကားများအတွက် ဂရုဏာနောင်တများနဲ့ ဖြူစင် ရိုးသားသူတို့ရဲ့ သံယောဇဉ်မေတ္တာတရားများကို တန်ဘိုးထား နားလည်နိုင်ပါစေလို့ ရေးသာားတင်ပြ
လိုက်ရပါတော့တယ်။
*** ခံစားတင်ပြသူ- ယမကာလုလင်-(ယာတောမြေ )မဲဆောက် ***
ခရစ်စမတ်ပွဲတော်ကြီးမှာ အားလုံးသော သူတွေပျော်နေကြပေမယ့် နော်နော် တစ်ယောက်ကတော့ အဖော်ကွာဝေးနေရလို့၊ သူချစ်သူ လာရာလမ်းကို မျှော်ရှာငေးရင်း လွမ်းမျက်ရည်ဝေခဲ့ရပါတယ်။ ရွှေမြန်မာ ကိုလူချောက ဘယ်လိုအပြောအဆိုမျိုးတွေနဲ့၊ နော်နော်ရဲ့ နှလုံးသားကို ချုပ်ကိုင်ထားလေသည်တော့မသိပါ။ ကျနော်၏ သူငယ်ချင်း နော်နော်ဟာ ကျိုက်ထီးရင်ပြင်တော် မယ်တော်ကြီး ရွှေနန်းကျင်၊ နတ်နန်းမှာ စနေ၊ တနင်္ဂနွေ နေ့တိုင်း သူ၏ချစ်သူ ကိုအောင်ဝင်းမြင့် ရောက်လာနိုး၊ မျှော်ကိုးစောင့်စားနေခဲ့တာ၊ ကျနော်နှင့် တွေ့တဲ့ အချိန်မှာ သုံးလနီးပါးကြာနေပါပြီ၊ နော်နော်နှင့် ကျနော်ဟာ တရွာတည်းနေ တရေတည်းသောက် တမိထဲပေါက်တဲ့ မောင်နှမတွေလို ရင်းနှီးနေတာမျိုး၊ သူ၏ စိတ်ဓာတ်နဲ့သတ္တိကို ကျနော် ကောင်းစွာသိနေပါတယ်။ သူရဲ့ ဆန္ဒကို မည်သူမှ တားဆီးလို့ မရနိုင်ပါ။ မြို့ရွာဒေသနဲ့ လွန်စွာမှ အလှမ်းဝေးလွန်းတဲ့ တောင်ပေါ်ရွာ အသီးသီးထဲမှာ ကျနော်နှင့် နော်နော်သာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ဖူးကြတာပါ။ ဒါနဲ့ပဲ နော်နော်ရဲ့ ဆန္ဒကြောင့် ရောက်ခဲ့ကြတာဘဲဖြစ်တယ်။ ကျနော်တို့ရွာလေးဟာ ရထားမပေါက် ကားမရောက်နိုင်တဲ့ ရွာလေးပါ။ ကျနော်တို့ ရွာပြန်တဲ့အခါ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းစခန်း ကျိုက်ထီးရိုးဆံ
ံ
တော်ရှင် စေတီတော်မြတ်ကြီးကနေ မုဆိုးတောင်၊ ကျောက်ထပ်ဘုရား လမ်းအတိုင်း ၆-မိုင်ခန့် တောတောင် လျှိုမြောင်တွေကို ကျော်ဖြတ်ပြီးမှ ကျွဲတဲ၊ ရဲသောင်၊ ထီးဘဒို။ ၄င်းထီးဘဒိုဆိုတာ ကျနော်တို့ ဇာတိချက်ကြွေ မွေးရပ်မြေပေါ့။ ကျနော်တို့ ရွာကနေ ထပ်မံခရီးဆက်ရင်တော့၊ ကျိုက်ထီးရိုးသမိုင်းထဲမှာ ပါဝင်တဲ့ မဲဆယ့်နှင့်မဲ၊ ဒိုးဆယ့်နှင့်ဒိုး…ဟု ခေါ်ဆိုသောရွာပေါင်း ၂၀-ကျော် ရှိပါသေးတယ်။ ၄င်းရွာများကလဲ ခရစ်စမတ်ရက် ကရင်နှစ်သစ်ကူး ပွဲတော်မှာ၊ တရွာကို ဒုံးယိမ်းတဖွဲ့နဲ့ ယာခင်းထွက် ကောက်ပဲသီးနှံတွေကို ပြပွဲတင်၍ ပြိုင်ပွဲဝင်ကြရပါတယ်။ ထီးဘဒို… ဒုံးအဖွဲ့မှာတော့ နော်နော်ရော ကျနော်ပါ ပါဝင်နိုင်ခြင်း မရှိတာမို့၊ ဒုံးအဖွဲ့ခေါင်းဆောင် စောသာအေးက အပြစ်တင် ပြောဆိုနေပါတယ်။ `ဝေ…. စောဘထူး မင်းဒီနှစ်ပြန်လာတာ သိပ်နောက်ကြတယ်ကွာ၊ ဒို့ ဒုံးအဖွဲ့က ဆရာအသစ်နဲ့ သင်ရတဲ့ နှစ်ကြမှ နော်နော်ကော၊ မင်းကော၊ မပါကြဘူး။ နော်နော်ကလဲ ဘယ်ချိန်ကြည့်ကြည့်သူမျက်နှာ တခါမှမပြုံးတော့ဘူး။ ယောင်္ကျားယူချင်လား ယောင်္ကျားမျှော်
်နေလား၊ မပြောတတ်တော့ဘူး စောဘထူး´ဟုတ်တယ်။ စောသာအေး နော်နော်ဟာ မဲဆောက်မှာ အလုပ်လုပ်နေရင်း အောင်ဝင်းမြင့်ဆိုတဲ့ ဗမာတစ်ယောက်နဲ့ ကြိုက်ခဲ့တယ်။ မင်္ဂလာမဆောင်ကြရသေးပေမယ့် လင်မယားလိုနေခဲ့ကြတယ်။
အခု သူ့ယောင်္ကျားလာမယ့်နေ့ကို သူစောင့်နေတာ၊ သူ့ယောင်္ကျားလာရင် ရွာမှာ မင်္ဂလာဆောင်ပြီး ဘန်ကောက်တက်မယ်လို့ ပြောတယ် စောသာအေး´။ စောသာအေး သက်ပျင်းတချက်ရှိုက်ရင်း `နော်နော်သိပ် မိုက်မဲတာဘဲ စောဘထူး။ ကိုယ့်လူမျိုး အချင်းချင်း မယူဘဲ ရွှေဗမာကို ယူချင်တာကိုး၊ နင်မငိုရဘူးဆိုရင် ကံကောင်းမှာပေါ့။´ စောသာအေးဟာ ကွမ်းတရာကို ပါးစောင်ထဲ ထိုးသွင်းရင်း သူတို့ ဒုံးအက တိုက်နေသော နေရာစီကိုလျှောက်သွားပါတော့တယ်။ ကျနော်လည်း နော်နော်ရှိနေတတ်တဲ့ မယ်တော်ကြီးရွှေနန်းကျင် နတ်နန်းဘက်ဆီသို့ ထွက်ခဲ့ပါတယ်။ နော်နော်ဟာ ကျနော်ကို တွေ့တာနဲ့ မယ်တော်ကြီး နတ်နန်းမှ ထွက်လာပြီး၊ `လာ… စောဘထူး။ ဒို့ ကျိုက်ထို ဟိုတယ်ဘက်ကို လမ်းလျှောက်ရအောင်ဟာ နင်နဲ့ ငါအေးအေးဆေးဆေး စကားပြောချင်တယ်။ ငါ့ရဲ့ကိုယ်ရေး ကိုယ်တာပေါ့´`ပြောပါနော်နော်။ ဒို့တတွေ ငယ်ပေါင်းတွေပဲဟာ၊ ပွင့်ပွင့်လင်းလင်း ပြောပါ။ ငါကူညီနိုင်ရင် အကုန်ကူညီမယ်´ `၀မ်းသာပါတယ် အထူးရယ။် ငါ အောင်ဝင်းမြင့်ကို အရမ်းတွေ့ွချင်တယ်။ သူမလာတော့မှာကိုလည်း စိုးရိမ်နေတယ်။ သူချိန်းထားတဲ့ ရက်တွေကျော်လွန်ကုန်ပြီ၊ သူ ငါ့ကိုလိမ်ညာသွားပြီးလား မသိဘူး အထူးရယ်´`စိတ်အေးအေးထားပါ နော်နော်။ သူဘယ်တော့ လာမယ်လို့ ပြောသွားလဲ။ ဒီဇင်ဘာလ ၁၅-၁၆ မှာ ရောက်အောင်လာခဲ့မယ်လို့ ကတိပေးသွားခဲ့တယ်။ သူရောက်တာနဲ့ မင်္ဂလာဆောင်မယ်လို့ အပါးရော၊ အမိုးကိုရော ပြောထားပြီးပြီ။ အပါးက သိပ်စိတ်တိုသွားတယ်။ ဗမာကို မယူရဘူးဘဲပြောတယ်။ ငါ့ဗိုက်ထဲမှာ ကလေးရှိနေပြီ၊ မယူလို့ မရတော့ဘူးလို့ ပြောလိုက်မှ တိတ်သွား တယ်။ အခု သူက ရောက်မလာတော့ ငါငိုချင်တာပေါ့ အထူးရယ်´ `မငိုပါနဲ့ နော်နော် နင်နဲ့ ငါ သူနောက်ကို လိုက်သွားမလား။ သူဘယ်မှာနေလဲ နင်သိလား´ `သိတော့ သိပါတယ်။ ဒါပေမယ့် လိုက်မသွားရဲဘူး အထူး၊ ဟိုရောက်လို့ သူတို့အသိုင်းအ၀ိုင်းက ငါတို့ကို ရန်တွေ့ပြီး မောင်းထုတ်ရင် ငါတွေးတွေးပြီး ကြောက်တယ်ဟာ နေပါစေ၊ သူလာတဲ့အထိ ဒီကျိုက်ထီးရိုး ရင်ပြင်တွေ့်မှာဘဲ ငါစောင့်နေပါတော့မယ်။ သူမလာတော့ဘူးဆိုရင်လည်း´ကျနော်ရဲ့ချစ်သူငယ်ချင်း နော်နော် ဒီင်္လိုဝမ်းနည်းပူဆွေး
နေတာ မြင်ရလေတော့ကျနော်လည်း စိတ်မကောင်းပါဘူး။ `ကဲပါ နော်နော်ရယ်၊ ငိုမနေပါနဲ့တော့ဟာ ဒီည ဒို့ရွာက ဒုံးအဖွဲ့ ပြိုင်ပွဲဝင်ရမှာမို့ ကင်မွန်းစခန်းကို ဆင်းကြမယ်။ နင်လဲ လိုက်ခဲ့နော်စိတ်ပြေလက်ပြောက်ပေါ့ဟာ´ `မလိုက်ချင်ဘူး အထူးရယ်..သူကမှာသွားတယ်ဟ၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ရင်ပြင်တော်မှာဘဲ စောင့်နေပါတဲ့၊ သူလာခဲ့ရင် လွဲသွားမှာကြောက်လို့ မလိုက်တော့ဘူးနော်´ `အေးလေ နင်မလိုက်ချင်ဘူးဆိုရင်လဲ၊ နေခဲ့ပေါ့ဟာ၊ ဒို့ရင်ပြင်တော်ကို ပြန်တက်ကြရအောင် ခုလောက်ဆိုရင် ဒုံးတဖွဲ့လုံး တောင်ခြေဆင်းဘို့ ပြင်ဆင်နေလောက်ပြီ၊ အမိုးလည်း ငါ့ကို လိုက်ရှာနေရောပေါ့´ ၁-လပိုင်း ၅-ရက်နေ့ ငါ မဲဆောက်ပြန်တက်မယ်။ အကြောင်းကိစ္စရှ်ရင် ဖုန်းဆက်လိုက်ပေါ့ဟာ´ ကျနော်လည်း ကျနော်တို့ရွာမှ ဒုံးအဖွဲ့နဲ့အတူ ကင်မွန်းစခန်းကျေးရွာကို ရောက်ခဲ့တယ်။ ကရင် နှစ်သစ်ကူး ပွဲတော်ကြီးလည်း ယခင်နှစ်များထက် ပိုမို၍ စည် ကားလှ
သည်။ ကင်မွန်းစခန်းကျေးရွာက သူငယ်ချင်းများနဲ့အတူ လောင်းကစားဝိုင်းများ ပျော်ပွဲ၊ ရွှင်ပွဲများ စာသောက်ဆိုင်များ စုံလင်အောင် ၆-ရက်လုံးလုံး လည်ပတ်ပြီးသောအခါ ကျနော်လည်း လုပ်ငန်းခွင်ရှိရာ မဲဆောက်ကို ပြန်လာခဲ့တော့တယ်။
ကျနော် ပြန်ရောက်ပြီးများမကြာခင် ရက် ၂၀-၀န်းကျင်ခန့်မှာဘဲ ကျနော်ထံသို့ ဒုံးအဖွဲ့ခေါင်းဆောင် စောသာအေး အရေးပေါ် ဖုန်းဆက်ခေါ်တာကြောင့်ဒုတိယအကြိမ်ခွင့်တောင်းပြီး ပြန်ရလေတော့တယ်။ ကျိုက်ထီးရိုး ရင်ပြင်တော်ရောက်တာနဲ့ ကျောင်း တိုက်ထဲဝင်ပြီး ဆရာတော်ကို ဦးခိုက်ရင်း နော်နော်ရဲ့ မောင်လေး ကိုရင် ဖိုးကံကို ဆရာတော်ရဲ့ အခန်းထဲမှာဘဲ တွေ့ရတာမို့ စောသာအေး ဖုန်းဆက်တဲ့ အကြောင်းကိစ္စကို အစပြုပြီး ရွာရဲ့အခြေအနေကိုမေးမြန်းရာမှာကိုရင် ဖိုးကံက ၀ိုင်းစက်နေသော မျက်ဝန်းအိမ်မှ မျက်ရည်များ ယိုစီးပြီး ပင့်သက်ကို ရှိုက်ကာ `နော်နော်သေသွားပြီ စောဘထူး၊ ဒီကနေ့ဟာ ၄-ရက်မြောက်တဲ့နေ့ဘဲ´ `ဘာ… နော်နော် သေသွားပြီ၊ ဟုတ်လား။ ဘာဖြစ်လို့ သေသွားတာလဲသူ့ယောင်္ကျားကော ခုထိ ရောက်မလာဘူးလား´ `ရောက်မလာဘူး စောဘထူး နော်နော်ဟာ ဒီရင်ပြင်တော်ပေါ်မှာ နေစဉ် အပတ်စဉ်တိုင်း သူယောင်္ကျားကို လာပြီးစောင့်နေတယ်။ ၁-လပိုင်း ၂၀-ရက်နေ့ ဗုဒ္ဓဟူးနေ့က သူပြန်တော့ ၄-နာရီကျော်နေပြီ။ ကိုရင်က မပြန်ဖို့ ပြောတာလဲ သူနားမထောင်ဘူး။ နောက်တနေ့ နံနက် ရွာကလူတွေ ဈေးဝယ်ထွက်လာမှ ရွာအ၀င်ချောင်:စပ်က သစ်ချပင်အောက်မှာ အသက်ငွေ့ငွေ့သာကျန်တော့တဲ့ နော်နော်ကို တွေ့ကြလို့ ရွာကို အမြန်သယ်ဆောင်သွားကြသော်လည်း ရွာရောက်ပြီး ၂-နာရီခန့်မှာပဲ နော်နော်သေသွားတယ်။ ရွာကလူတွေ ပြောတာကတော့ နော်နော်ချော်လဲပြီး၊ ကလေးပျက်ကျသွားလို့ သေတာတဲ့။ ကျနော် ချစ်သူငယ်ချင်း နော်နော်ရဲ့ ဘ၀ နိဂုံးကို ကြားသိရတော့ လွန်စွာမှ ၀မ်းနည်းကြေကွဲမိပါတယ်။ ကျနော်နဲ့ထပ်တူ နော်နော်ရဲ့ အချစ်ဆုံးချစ်သူ ကိုအောင်ဝင်းမြင့် ဆိုသူလဲ ပျက်ကွက်ခဲ့သော ကတိစကားများအတွက် ဂရုဏာနောင်တများနဲ့ ဖြူစင် ရိုးသားသူတို့ရဲ့ သံယောဇဉ်မေတ္တာတရားများကို တန်ဘိုးထား နားလည်နိုင်ပါစေလို့ ရေးသာားတင်ပြ
လိုက်ရပါတော့တယ်။
*** ခံစားတင်ပြသူ- ယမကာလုလင်-(ယာတောမြေ )မဲဆောက် ***
No comments:
Post a Comment