`၀မ်းစတောင်း´ထိုင်းဘုန်းကြီးကျောင်းက တောရကျောင်းနဲ့ ကပ်လျက်ရှိတာဆိုတော့ ၄င်းတို့က အကူအညီ တောင်းတာနဲ့ပဲ နှစ်ပေါင်း (၁၀၇)နှစ်ရှိခဲ့ပြီဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့က တောရကျောင်း (၀ပ်ပါ ကောင်)မှာ အခုလ ၁၃-ရက်နေ့က စပြီး မြန်မာပြည်က ဇာတ်ပွဲတွေသွင်းခဲ့ပါတယ်။ မြန်မာပရိသတ် အကြိုက်ကို သိနေတဲ့ ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း ရှေးဦးစွာ မြ၀တီမြို့ဘက်က `ကျနော်တို့ကတဲ့ ဇာတ်ပွဲ´ကို အခုလ ၁၃-ရက်နေ့က ၁၈-ရက်နေ့အထိ ရုံသွင်းကပြစေပါတယ်။
အဲဒီမှာ ရွှေပွဲလာပရိသတ်က ထောင်ဂဏန်း မပြည့်ခဲ့ပါဘူး။ ဟော့……. အခု နာမည်ရှိတဲ့ `အုန်းလက်စိန် ဇာတ်ပွဲ´ကျတော့ ပထမဆုံးဝင်တဲ့ အခုလ ၁၉-ရက်နေ့ညမှာတင် လူ (၃၀၀၀)လောက်ရုံဝင်ပြီး ကုလားထိုင်တွေမလောက်လို့ အခြားဘုန်းကြီးကျောင်းတွေက အပြေးအလွှား ယူပေးရပါပေါ့လား။ ကျနော်တို့ မြန်မာပြည်သားများပြောပါတယ်။ အလုပ်အကိုင်ပါးပြီး ၀င်ငွေရှားနေတဲ့ အထဲမှာတောင် မြန်မာဇာတ်တို့၊ မြန်မာစတိတ်ရှိုးတို့ဆိုရင် ဘယ်က ဘယ်လို ဘတ်ငွေတွေ ထွက်လာမှန်းမသိပါဘူး။ ကဲ…. ဘယ်လို ဘယ်ပုံစည်ကားတာလဲ ကြည့်လိုက်စမ်းပါဦး။
*** သတင်းမှတ်တမ်း-မြန်မာပြည်သား ***

No comments:
Post a Comment