(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၀-ရက်)
အမေရိကန်လေကြောင်း လုံခြုံရေး အာဏာပိုင်များသည် ခရီးသည်များနှင့် ယင်းတို့ယူဆောင်လာသော အိတ်များတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းပါ မပါစစ်ဆေးနိုင်ရန်အတွက် လေဆိပ်များတွင် ခရီးဆောင်အိတ်စစ်ဆေးရေးကိရိယာများ စတင်အသုံးပြုသွားတော့မည်ဖြစ်ကြောင်း ယူအက်စ်အေတူဒေးသတင်းစာ၌ ဖေဖော်ဝါရီလ ၁၇-ရက်နေ့က ဖော်ပြသည်။ စစ်ဆေးရေးကိရိယာများတွင် အာရုံခံကိရိယာ တပ်ဆင်ထားမည်ဖြစ်ရာ ယင်းအာရုံခံ ကိရိယာသည် ပေါက်ကွဲစေတတ်သော ပစ္စည်း ရှိမရှိ အလွယ်တကူသိရှိနိုင်သည်ဟုလည်း သိရသည်။ (ဆင်ဟွာ)
*** ဘာရိန်းသို့ အီရန်သဘာဝဓာတ်ငွေ့ပို့လွှတ်ရေး ရုရှားနိုင်ငံ ပူးပေါင်းပါဝင်လို ***
ရုရှားနိုင်ငံနှင့် ပူးပေါင်းကာ ဘာရိန်းနိုင်ငံသို့ အီရန်ဓာတ်ငွေ့တင်ပို့ရေးပြဿနာကို သုံးပွင့်ဆိုင်ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးကြောင်း အီရန်တာဝန်ရှိပုဂ္ဂိုလ်က ဖေဖော်ဝါရီလ ၁၇-ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ ဘာရိန်းအစိုးရသည် အီရန်မှ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ကုဗမီတာ ၃၀၀-မှ ၅၀၀-အထိ လိုအပ်လျက်ရှိကြောင်း အီရန် ရေနံ ဒုတိယ၀န်ကြီး ဟော့ဆန်တာရီကာရှီရာဇီက ပြောကြားသည်။ ဘာရိန်းအစိုးရသည် အီရန်မှ သဘာဝဓာတ်ငွေ့ တင်သွင်းရန် ဆန္ဒရှိနေသည့်အပြင် ရုရှားအစိုးရကလည်း အီရန်နိုင်ငံ၏ စွမ်းအင်စီမံကိန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေသည်ဟု ၄င်းက ထပ်လောင်းပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘောဒီးယား အန်ကောလေကြောင်း ကုမ္ပဏီ ဥရောပမှ လေယာဉ်နှစ်စင်းဝယ်ယူ ***
(ဖနောင်ပင်၊ ဖေဖော်ဝါရီလ ၂၀-ရက်)
ကမ္ဘောဒီးယားနိုင်ငံ အန်ကောလေကြောင်းကုမ္ပဏီက ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေးအတွက် အေတီအာရ် ၇၂-အမျိုးအစား လေယာဉ်အသစ်နှစ်စင်းကို ဥရောပမှ ၀ယ်ထားပြီးဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံး ဒုတိယ၀န်ကြီးက ဖေဖော်ဝါရီလ ၁၉-ရက်နေ့တွင် ပြောကြားသည်။ လေယာဉ်တစ်စင်း၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ၂၀-ခန့်ရှိသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
*** အမေရိကန် ကျောင်းတစ်ကျောင်း၌ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှုဖြစ်ပွား ***
(၀ါရှင်တန်၊ ဖေဖော်ဝါရီလ ၂၀-ရက်)
အမေရိကန်နိုင်ငံရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ဖေဖော်ဝါရီလ ၁၇-ရက်နေ့က ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့အဆိပ်သင့်၍ ကျောင်းသားနှင့် ဆရာများ စုစုပေါင်း ၂၃-ဦးကို ဆေးရုံတင်လိုက်ရကြောင်း ဒေသဆိုင်ရာ မီဒီယာများ၌ ဖော်ပြထားသည်။ ထိုစာသင်ကျောင်းကို ပိတ်ထားလိုက်ရကြောင်း၊ မီးသတ်သမားများနှင့် အရေးပေါ်လူနာတင်ယာဉ်များ ချက်ချင်းရောက်ရှိလာကြောင်း ထိုကျောင်းတွင် မူကြိုတန်းမှ အဌမတန်းအထိ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၈၀-ခန့် ရှိသည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်မောင်ဆွေ ***
*** ခရီးဆောင်အိတ် စစ်ဆေးရေးကိရိယာများ အမေရိကန်လေဆိပ်အားလုံး၌ တပ်ဆင်မည် ***

No comments:
Post a Comment