ကိုယ်ကျင့်သီလဟူသည် စာရိတ္တဗီဇကို ပြုပြင်ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ စာရိတ္တဗီဇ (character) ဆိုသည်မှာ လူတစ်ဥ:ီစီ၏ မွေးရာပါ အကျင့်စာရိတ္တ၊ ဗီဇမျိုးစေ့ ဆိုး၊ ကောင်း များပင်ဖြစ်သည်။ ဥပမာအားဖြင့် စိတ်တိုတတ်ခြင်း၊ စိတ်ရှည်ခြင်း၊ ချိုသာခြင်း၊ ကြမ်းတမ်းခြင်း၊ ယဉ်ကျေးခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း၊ ဗိုလ်ကျခြင်းစသည့် မနှောစရိုက်အဆို: အကောင်း အားလုံးဖြစ်သည်။ ယင်းသို့ဆိုးသော စာရိတ္တဗီဇ(character) ကို မိမိ၏ အသိပညာဖြင့် ပြန်လည်ကောင်းမွန်လာအောင် ထိန်းသိမ်းပြုပြင်နေထိုင်ခြင်းသည်ပင်လျင် ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ(Morality) ဖြစ်သည်။ လူတိုင်း၌ ဆိုးသော စာရိတ္တဗီဇ( Bad character) နှစ်ခုစလုံး အတူယှဉ်တွဲပါလာတတ်ပေသည်။ ဆိုလိုသည်မှာ
လူတစ်ဦးသည် မနှောဓါတ်ခံအားဖြင့် အဆိုးချည်းမရနိုင်သကဲ့သို့ အကောင်းချည်းပဲလည်းမရနိုင်ပေ။ ဆိးုသောစာရိတ္တဗီဇများများပါလာသူကို လူဆိုးဟုလည်းကောင်း၊ ကောင်းသောစာရိတ္တဗီဇ များများပါလာသူကို လူကောင်းဟုလည်းကောင်း၊ လောက၌ အသိအမှတ်ပြုကြပေသည်။ မိမိတွင် မူလကပါရှိလာသည့် ဆိုးသော စာရိတ္တဗီဇများကို ပြုပြင်ထိန်းသိမ်းခြင်း(၀ါ) ကိုယ်ကျင့်တရား(Morality) ဆောက်တည်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ဘ၀များကိုရှိစေနိုင်သည်။ သို့သော်လူတို့်၏ မနှောသည် အကောင်းထက် အဆိုးကိုသာပိုမို ခုံမင်လက်ခံတတ်သည်။ ယင်းကောင်သည် အညှီအဟောက်ကို နှစ်သက်သကဲ့သို့ဖြစ်သည်။ စာရေးခြင်း၊ စာဖတ်ခြင်း၊ ဘာသာစကားလေ့လာခြင်း၊ ဂီတ၊ ပန်းချီ၊ အနုပညာများလိုက်စားခြင်း၊ တရားဘ၀နာရူမှတ်ခြင်း စသည့်ကောင်းမြတ်သောအလုပ်တွင် အစုံဝါသနာပါရန် အလွန်ခဲယဥ့်သလောက် ဘိန:်၊ ဖဲ၊ အရက်၊ မိန:်မလိုက်စားခြင်း စသည့် မကောင်းမှုကိုမူ တစ်ကြိမ် နှစ်ကြိမ်ပြုရုံမျှဖြင့် အထူးစွဲလမ်းသွားလေ၏။ စိတ်၌အမှီတစ်ခုခုရှိရန်လိုအပ်သည်။ အမှီမရှိသဖြင့် စိတ်သည် အားလပ်နေသောအခါ ပျင်းရိခြင်း၊ လေးလံထိုင်းမှိုင်းခြင်း၊ စိတ်ပြန့်လွန်းခြင်း စသည့်အကုသိုလ်စိတ်များဖြစ်ပွားလေ၏။ ဟာကွာæ ပျင်းစရာကောင်းလိုက်တာ ဘာလုပ်ရမှန်းကိုမသိဘူးဟု- အားလပ်နေသောစိတ်က အမှီတစ်ခုကိုရှာသဖြင့် ဖဲဝိုင်း၊ အရက်ဝိုင်းသို့ရောက်သွား၏။ ဖဲဝိုင်း အရက်ဝိုင်း၌ ညလုံးပေါက် ဖဲကစား၊ ညလုံးပေါက်အရက်သောက်၊ ထမင်းစားရန်ကိုပင် သတိရမရတော့ပါ။ `စိတ်လစ်လို့ စိတ်ညစ်တာပါ´ဆိုသည့်အတိုင်းပျင်းရိခြင်း၊ စိတ်ညစ်ခြင်း၏အကြောင်းရင်းသည် အားလပ်နေသောစိတ်သည် ကြည်လင်ခြင်း၊ တန်ခိုးထက်မြက်ခြင်း မရှိချေ။ ၄င်းအပျင်းစိတ်၏ ဆွဲဆောင်ရာနောက်သို့သာ တကောက်ကောက်လိုက်ပါနေသဖြင့် ခန္ဓာကိုယ်ကြီး ပင်ပန်းနွမ်းနယ်ကာ ပျက်စီးခြင်းမလှ ပျက်စီးရလေတော့၏။ ယနေ့လူငယ်အများစုသည် ဘ၀တိုးတက်မှုအတွက် စီးပွားရှာရန် ပြည်ပနိုင်ငံများသို့ တဖွဲဖွဲရောက်ရှိနေကြသည်။ ထိုလူငယ်တို့သည် မိဘ အိုးအိမ်ကိုစွန့်ခွါသည့်အခါ မိမိဘ၀ မိမိထိန်းကျောင်းမှု(self-control) ပြုကြရသည်။ ထိုသို့ထိန်းကျောင်းရာ၌ စာရိတ္တသတ္တိချို့ငဲ့လျှင်မူ ပြည်ပတွင် ချမ်းသာဖို့၊ တိုးတက်ဖို့ထက် ရည်မှန်းချက်ပျောက်ပြီး ဘ၀ပျက်ရန် အခွင့်အလမ်းများကပို၍များသည်။ ဘိန်းရှုသူပတ်ဝန်းကျင်သို့ရောက်ရှိသွားသူတစ်ဦးသည် ဘိန်းကိုမည်သို့မျှရှောင်လွဲ၍်မရစကောင်းပေ။ မိတ်ဆွေကို မှီခိုရသောကြောင့် သူ့မိတ်ဆွေကို အားနာခြင်း၊ လိုက်လျှောခြင်းရှိသကဲ့သို့မျက်စေ့အောက်၌ အမြဲံကုံတွေ့နေရသဖြင့် တစ်ခါတစ်လေပဲအကြောင်းမဟုတ်ပါဘူး၊ ငါ့စိတ်ငါနိုင်ပါတယ်ဆိုပြီးစမ်းကြည့်ရာမှ တဖြည်းဖြည်းဘိန်းစွဲသည့်အဆင့်သို့ ရောက်ရှိသွားကြသည်။ ဘိန်းအရောင်းအ၀ယ်နှင့် အခြားဒုစရိုက် လုပ်ငန်းများဖြင့် နေ့ချင်း ညချင်း ကြီးပွားသွားသူများရှိသကဲ့သို့ သိန်းပေါင်း ၉၀၀၊၁၀၀၀ ချမ်းသာကြွယ်ဝပြီးမှ ထောင်နန်းစံသွားရသူတွေလည်း ရှိသည်။ လူပေါင်းများစွာတို့ ဘ၀ကို တက်နင်းဖျက်စီးပြီးမှ ချမ်းသာကြွယ်ဝမည့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်းသည် စာရိတ္တသတ္တိ (Mental Courage) ပင်ဖြစ်သည်။ ထို့နည်းတူစွာ မိန်းခလေးတစ်ယောက်ကို ကြောရရုံဆက်ဆံခွင့်ရသည့်တိုင် ထိုအခွင့်အရေးကို မယူပဲ နေနိုင်ခြင်းသည် စာရိတ္တသတ္တိဖြစ်၏။ ကာယသတ္တိ(Physical Courage)ရှိရန်လွယ်ကူသလောက် စာရိတ္တရှိရန် အလွန်ပင်ခဲယဉ်းလှသည်။ သို့သော် ပြည်ပရောက်ထိုလူငယ်အများစုသည် စာရိတ္တမဏ္ဍိုင် မခိုင်မြဲကြသဖြင့် ဘိန်း၊ ဖဲ၊ အရက်စသည် မကောင်းမှု၌ မွေ့လျှော်ကာ ဘ၀ရေစုန်မျော၍ နေကြလေ၏။ ဤကား တိုင်းပြည်နှင့် လူမျိုးအတွက် အလွန်ပင် ရင်လေးစရာကောင်းလှသည်။
လူတိုင်း ချမ်းသာချင်ကြသည်။ ဆင်းရဲမှာကို ကြောက်ကြ၏။ ငွေကြေးချမ်းသာရန်မူ ခွင်တည့်လျှင် လမ်းဘေး၌ မုန့်တီ၊ မုန့်ဟင်းခါးရောင်း၌လည်း ချမ်းသာနိုင်သည်။ သို့ရာတွင် ဆင်းရဲစဉ်က ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရသော်လည်း၊ ပျှော်ပျှော်ရွှင်ရွှင် စိတ်ချမ်းချမ်းသာသာနေထိုင်ခဲ့ကြသည်။ သို့သော် ငွေကြေးချမ်းသာသည့်အခါကျမှ အကြီးအကျယ် စိတ်ဆင်းရဲ ဒုက္ခရောက်ကြရသူများစွာရှိသည်။ ထို့ကြောင့် ချမ်းသာတိုင်း စိတ်ချမ်းသာလိမ့်မည်ဟု တထစ်ချ မယူဆနိုင်ပေ။ ငွေချမ်းသာပြီး စိတ်ဆင်းရဲခြင်းထက်၊ ငွေဆင်းရဲပြီး စိတ်ချမ်းသာရခြင်းက ပို၍မြတ်သည်။ စိတ်ချမ်းသာရန် စိတ်ထားတတ်ဖို့လို၏။ စိတ်ထားတက်ရန် အတွက်မူ ကောင်းသောစိတ်မနော အသိ၊ အလိမ္မာဥာဏ်ပညာများစွာလိုအပ်၏။ ထိုအသိအလိမ္မာ၊ ဥာဏ်ပညာများကိုလည်း စာပေ၌သာ များများစားစားရရှိနိုင်ပါ၏။ ထို့ကြောင့် ဘ၀နေနည်း ထိုင်နည်းနှင့် ပတ်သက်သော နည်းကောင်း လမ်းမှန်များကို စာပေ၌သာ ရရှိနိုင်သဖြင့် စာများများဖတ်ရန် လိုပေသည်။ မြန်မာပြည်၌ ဘွဲ့ရပြီး စာဖတ်ဝါသနာမပါ သူများစွာတွေ့ရ၏။ ဘွဲ့ရသော်လည်း စာမဖတ်သောကြောင့် ဦးနှောက်ပီစိကွေးလေးဖြစ်နေလေသည်။ ဤသို့လူမျိုးများပြားနေသေးလျှင် ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်သည့်တိုင် ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရန်နှင့် တိုင်းပြည်တိုးတက်ကြီးပွားရန် မလွယ်ကူလှချေ။ ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့် အားလျှော်စွာ စီးပွားရေး စစ်ရေးတို့တွင် ပညာဖြင့် ယှဉ်ပြိုင်နေကြ၏။ ထို့ကြောင့် လူတစ်မျိုး၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် ပညာတတ်ကျွမ်းမှု၊ နိုင်ငံရေး အသိကြွယ်ဝမှုအပေါ်၌ မူတည်နေပေသည်။ နိုင်ငံနှင့် ပြည်နယ်ကို အုပ်ချုပ်ရန်နှင့် စီမံခန့်ခွဲရန် ပညာတတ်များစွာ လိုအပ်သည်။ ဒီမိုကရေစီ ရှင်သန်ကြီးထွားရန် အလုပ်သမား၊ လယ်သမား၊ အခြေခံလူတန်းစား အပါအ၀င် ပြည်သူတရပ်လုံး စာဖတ်ဝါသနာပါ၍ စာပေသဘောတရားများ ကြွယ်ဝရန်လိုအပ်၏။ လိမ္မာယဉ်ကျေးသော ပြည်သူဖြစ်စေလိုလျှင် စာဖတ်ပြည်သူဖြစ်လာအောင် ဆောင်ရွက်ပေးသင့်၏။ အစိုးရအနေဖြင့် ပြည်သူများကို စာအုပ်များ အလွယ်တကူဖတ်ရှုခွင့်ရရန် စီမံပေးသင့်၏။ ပညာရည်နိမ့်ကျလျှင် ကိုယ်နူတ်၊ အမူအယာ ရိုင်းစိုင်း၍ မယဉ်ကျေးခြင်း၊ ကိုယ်ကျင့်သီလနည်းပါး၍ ဒုစရိုက်မူများကို နှစ်သက်စွဲလန်းလွယ်ခြင်း၊ ဒေသစွဲစိတ်ကြီးထွားခြင်း၊ စာပေအသိတရား မကြွယ်ဝသဖြင့် စိတ်ဓာတ်များပျက်စီးကာ စည်းရုံး၍ မရနိုင်ခြင်း၊ စာပေနှင့် မီဒီယာများ လွတ်လပ်စွာ သုံးစွဲခွင့်မရသဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်စကားကိုယ် ရိုင်းစိုင်း၍ မယဉ်ကျေးသော မနှစ်သက်ဖွယ် ဘာသာစကားအဖြစ် အထင်ရောက်နေခြင်း စသည့် မလိုလားအပ်သော ဆိုးကျိုးများကို ဆက်လက်ဖြစ်ပေါ်စေသည်။ ယနေ့ မြန်မာလူမျိုးများသည် သေရည် အရက်နှင့် လောင်းကစား၊ ဖဲဝိုင်း၊ ချဲထီ၊ နှလုံးထီများကို အလွန်အကျွံ ခုံမင်မြတ်နိုးလာကြသည်။ ပြည်ပရောက် လူငယ်တချို့မှာ အရက်သေစာမူးယစ်သောက်စားကာ ပြည့်တန်ဆာများနှင့် မဆင်မခြင် ပျော်ပါးမိကြသဖြင့် အတုံးအရုံးသေပွဲဝင်ခဲ့ကြရသည်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက်လူငယ်အများစုများမှာလည်း မူးယစ်ဆေးဝါးနှင့် ဘိန်းများ အလွန်အကျွံသုံးစွဲကာ လူညွန့်တုံးသည့်အဖြစ်သို့ ရောက်ရှိနေကြလေသည်။ အချို့မှာမူ နေ့ရော ညပါ ဖဲဝိုင်း၌သာ အဖိုးတန်လှသော ဘ၀၏ အချိန်များကို ဖြုန်းတီးပစ်နေကြသည်။ ဤသို့ကိုယ့်ကျင့်သီလ (Morality)များ ပျက်ပြားနေကြလျှင် ၄င်းတို့မှ မွေးဖွားလာမည့် မျိုးဆက်သစ်တို့သည်လည်း မိဘတို့၏ မျိုးရိုးဗီဇ အတိုင်း မည်သို့မျှ ကိုယ်ကျင့်သီလ (Morality)ကောင်းလာရန် အကြောင်းမမြင်ပေ။ ဤသို့ဖြင့် ကိုယ်ကျင့်သီလ (Morality) ဆက်ကာ ဆက်ကာချို့ငဲ့ပါလျှင် မကြာမီ အမျိုးယုတ် ဘ၀သို့ ကျရောက်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။
ထို့ကြောင့် အမျိုးသီလနှစ်ဌာနတွင် အမျိုးဆိုသော ဂုဏ်ပုဒ်ကို ကောင်းစွာ စောင့်ရှောက်နိုင်စေကာမူ၊ သီလတည်းဟူသော ကိုယ်ကျင့်ဆောက်တည်ခြင်းကို ကောင်းစွာမစောင့်ထိန်းနိုင်ခဲ့လျှင် မြန်မာဟူသော လူမျိုးသည် လူမျိုးအဖြစ်ရပ်တည်နိုင်သည့်တိုင် အရည်အချင်းမဲ့၍ အနှစ်မရှိသည့် အမျိုးယုတ်သော လူမျိုးသာဖြစ်ချေမည်။ သို့ဖြစ်ရကား လူငယ်များအနေဖြင့် မိမိတို့၏ ဘ၀များကို အချိန်မိ ပြန်လည်ထိန်းသိမ်း ပြုပြင်၍ မိမိတို့၏ တပိုင်း တစ ပညာရေးများကို မြှင့်တင်ခြင်း စာပေဖတ်ရှုလေ့လာခြင်း၊ ကိုယ်ကျင့်သီလ၊ ကိုယ်ကျင့်တရား (Morality)ဆောက်တည်ကာ မိမိတို့၏ အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်နိုင်ကြပါစေသတည်း….။ ။
*** ခံစားတင်ပြသူ- မင်းမင်းသိန်း ***
၂၁-ရာစုခေတ်၌ တတမ္ဘာလုံးရော နှောပေါင်းစည်းမှု (globalization) ဖြစ်နေချိန်တွင် လူမျိုးခြား နိုင်ငံခြားသားတွေနှင့် ရက်ရက်ရောရော ဖေါဖေါသီသီ ခေတ်အဆက်ဆက်ကပင် သွေးနှောခြင်းမရှိသဖြင့် မျိုးပျောက်မည့် အန္တရာယ်ကို ထိန်းနိုင်ခြင်းမှာ မြန်မာလူမျိုး တိုင်းရင်းသားအပေါင်းတို့ရဲ့ မင်္ဂလာတပါးဖြစ်ပါ၏။ သို့သော်လည်း အမျိုးကိုစောင်.ထိန်းရာတွင် ချီးကျူးထိုက်သလောက် ကိုယ်ကျင့်တရားဆောက်တည်ရာ၌် အလွန်အားနည်းနိမ့်ကျနေသည်ကို တွေ့ရှိရပေသည်။

No comments:
Post a Comment