အသိက ဖလှယ်လို့မရ
အတိဒုက္ခ ရောက်ရတယ်….။
**ဘာမဆို
အယူအဆ မတူမျှချင်ရှိပေစေ
သမူဟ ဖြစ်ဖို့တော့လိုတယ်….။
**စိတ်ကောင်း စေတနာကောင်းနဲ့
အကြောင်းတရား အခြေခံရင်
ကောင်းစားမှာ ဧကန်….။
**ငါ့ခြေလက်ကို သူရိုက်ချိုး
ငါ့ပုဆိုးစ သူတက်နင်း
ငါ့ရင်တွင်းကို အဆိပ်ခပ်ရင်
ကိုယ်အတတ်နဲ့ ကိုယ်စူး
ကိုယ်ပါ အဆိပ်လူးလိမ့်မယ်….။
**ဒီကမ္ဘာဟာ
အရူးတို့ရဲ့ကမ္ဘာ အမူးတို့နေရာ
အရိုင်းတို့ရွာ မဟုတ်ပါ…..။ ။
*** တင်မိုး ***
(၆- ဖေဖော်ဝါရီ ၁၉၉၉- စနေနေ့ နံနက်ခင်း)
**ညှိမရတော့
အသိက ဖလှယ်လို့မရ
အတိဒုက္ခ ရောက်ရတယ်….။
**ဘာမဆို
အယူအဆ မတူမျှချင်ရှိပေစေ
သမူဟ ဖြစ်ဖို့တော့လိုတယ်….။
**စိတ်ကောင်း စေတနာကောင်းနဲ့
အကြောင်းတရား အခြေခံရင်
ကောင်းစားမှာ ဧကန်….။
**ငါ့ခြေလက်ကို သူရိုက်ချိုး
ငါ့ပုဆိုးစ သူတက်နင်း
ငါ့ရင်တွင်းကို အဆိပ်ခပ်ရင်
ကိုယ်အတတ်နဲ့ ကိုယ်စူး
ကိုယ်ပါ အဆိပ်လူးလိမ့်မယ်….။
**ဒီကမ္ဘာဟာ
အရူးတို့ရဲ့ကမ္ဘာ အမူးတို့နေရာ
အရိုင်းတို့ရွာ မဟုတ်ပါ…..။ ။
*** တင်မိုး ***
(၆- ဖေဖော်ဝါရီ ၁၉၉၉- စနေနေ့ နံနက်ခင်း)


No comments:
Post a Comment