ဇာတ်ထဲက ရုပ်သေးရုပ်က
ထမင်းလုတ်ကြီးကြီး စားပြသတဲ့….။
**ရုပ်သေးရုပ် ကြိုးရှုပ်တော့
ဇာတ်ထုပ်လဲ မပီပြင်
ဇာတ်စင်လဲ ခဲပေါက်ခံရ
ညကြေးက ရမြဲရတော့
ပွဲမလှလဲ အကြောင်းမဟုတ်
ခေါင်းရှုပ် မခံနိုင်ဘူး…. တဲ့…။
**ဇာတ်လမ်းကလဲ ရိုး
ဇာတ်စင်လဲ ကျိုးလျက်နဲ့
မိုးလင်းပေါင်း များခဲ့ပြီ….။
**အကျိုးအဖျင်းနဲ့
မိုးလင်းရလေတော့
အိုးနင်းခွက်နင်း မရှုမလှ
အနုပညာသုခနဲ့ ဝေးရတော့ ကြာပြီပေါ့….။ ။
*** တင်မိုး ***
(၆ ဖေဖော်ဝါရီ ၁၉၉၉- စနေ့နေ့ နံနက်ခင်း)
**ကြိုးဆွဲဆရာ ခိုင်းတိုင်းလုပ်တဲ့
ဇာတ်ထဲက ရုပ်သေးရုပ်က
ထမင်းလုတ်ကြီးကြီး စားပြသတဲ့….။
**ရုပ်သေးရုပ် ကြိုးရှုပ်တော့
ဇာတ်ထုပ်လဲ မပီပြင်
ဇာတ်စင်လဲ ခဲပေါက်ခံရ
ညကြေးက ရမြဲရတော့
ပွဲမလှလဲ အကြောင်းမဟုတ်
ခေါင်းရှုပ် မခံနိုင်ဘူး…. တဲ့…။
**ဇာတ်လမ်းကလဲ ရိုး
ဇာတ်စင်လဲ ကျိုးလျက်နဲ့
မိုးလင်းပေါင်း များခဲ့ပြီ….။
**အကျိုးအဖျင်းနဲ့
မိုးလင်းရလေတော့
အိုးနင်းခွက်နင်း မရှုမလှ
အနုပညာသုခနဲ့ ဝေးရတော့ ကြာပြီပေါ့….။ ။
*** တင်မိုး ***
(၆ ဖေဖော်ဝါရီ ၁၉၉၉- စနေ့နေ့ နံနက်ခင်း)
No comments:
Post a Comment