(မော်စကို၊ မတ်လ ၂၁-ရက်)
ရုရှားနိုင်ငံ၌ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရစ်ခဲ့သည့် မပေါက်ကွဲသေးသော အမြောက်ကျည်ဆန်ရာပေါင်းများစွာကို ရုရှားစစ်အင်ဂျင်နီယာတစ်ဖွဲ့ဝင်များက ဖယ်ရှားလိုက်ကြောင်း၊ ယင်းအမြောက်ကျည်ဆန်များကို မော်စကိုမြို့ အနောက်မြောက်ဘက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုရှားသတင်းဌာန အင်တာဖက်က ဖော်ပြသည်။ (ဆင်ဟွာ)
*** အိုင်ယာလန်တောင်ပိုင်း၌ မီးတောင်ပေါက်ကွဲ ***
အိုင်ယာလန်နိုင်ငံ တောင်ပိုင်း ရေဂျာဗစ်မြို့ အရှေ့ပိုင်း ကီလိုမီတာ ၁၂၀-ခန့်အကွာရှိ မီးတောင်မှာ မတ်လ ၂၁-ရက်နေ့ နံနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အနီးဝန်းကျင်မှ ဒေသခံများအား အရေးပေါ်ရွှေ့ပြောင်းပေးလျက်ရှိကြောင်း အိုင်ယာလန်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** တရုတ်မြောက်ပိုင်း၌ နှစ်သန်း ၈၀-ခန့်က ဒိုင်နိုဆောရုပ်ကြွင်းတွေ့ရှိ ***
တရုတ်မြောက်ပိုင်း သုတေသနတူးဖော်လေ့လာရေး လုပ်ကွက်တစ်ခု၌ လွန်ခဲ့သော နှစ်ပေါင်းသန်း ၈၀-ခန့်က ဒိုင်နိုဆောရုပ်ကြွင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သက်တမ်းအရင့်ဆုံးဒိုင်နိုဆော ရုပ်ကြွင်းဖြစ်ကြောင်း တရုတ်သုတေသနအရာရှိများက မတ်လ ၂၁-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)
*** ကမ္ဘာလှည့်ခရီးသည်များ အီရန်သို့ လာရောက်လည်ပတ်ခဲ့ ***
(တီဟီရန်၊ မတ်လ ၂၁-ရက်)
ကမ္ဘာလှည့်ခရီးသည် ၂ ဒသမ ၃ သန်းတို့သည် အီရန်နိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်လည်ပတ်ကြကြောင်း ခရီးသွားနှင့် လက်မှုပညာအဖွဲ့၏ ဒုတိယညွှန်ကြားရေးမှူးက ပြောကြားသည်။ တူရကီမှ ကမ္ဘာလှည့်ခရီးသည် ၇၀၀၀၀၊ ဂျာမနီမှ ၃၀၀၀ နှင့် တရုတ်နိုင်ငံမှ ၃၀၀၀ ဖြစ်ပြီး ကျန်ခရီးသည်များသည် အခြားနိုင်ငံများမှ ဖြစ်ကြသည်ဟု ၄င်းက ရှင်းလင်းပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဒုတိယကမ္ဘာစစ် လက်ကျန်အမြောက်ဆန်များ မော်စကို အနောက်မြောက်ဘက်၌ တွေ့ ***

No comments:
Post a Comment