သူ့အသက် သူပြန်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား….။
**သူ့စာမျက်နှာ သူပြန်စား
သူ့တံတွေးကို သူပြန်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား….။
**သူ့ဦးခေါင်းကို သူဖဲ့စား
သူ့ နှလုံးသား သူထုတ်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား…။
**လူမဟုတ်တဲ့ ရုပ်တူများ
နေရာတကာ အနှံ့အပြား
ဟိုဟိုသည်သည် လျှောက်လို့သွား
မင်းတို့ ငါတို့ သတိထား….။ ။
*** တင်မိုး ***
(၉၊ ဖေဖော်ဝါရီ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
**သူ့အရှက် သူပြန်စား
သူ့အသက် သူပြန်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား….။
**သူ့စာမျက်နှာ သူပြန်စား
သူ့တံတွေးကို သူပြန်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား….။
**သူ့ဦးခေါင်းကို သူဖဲ့စား
သူ့ နှလုံးသား သူထုတ်စား
အကောင်ကြီးက ဖီးလို့ထွား
သူ လူမှ ဟုတ်ရဲ့လား…။
**လူမဟုတ်တဲ့ ရုပ်တူများ
နေရာတကာ အနှံ့အပြား
ဟိုဟိုသည်သည် လျှောက်လို့သွား
မင်းတို့ ငါတို့ သတိထား….။ ။
*** တင်မိုး ***
(၉၊ ဖေဖော်ဝါရီ ၁၉၉၉၊ အင်္ဂါနေ့ နံနက်ခင်း)
No comments:
Post a Comment