အဝေးပြေးလမ်းပေါ်တွင် ကားကို ချဲလ်ဆီးအသင်းမှ အက်ရှ်လေကိုးလ် အရှိန်ပြင်းစွာ မောင်းလာသည်။ မိန်းမကိစ္စ အရှုပ်အထွေးများကြောင့် မကျေမနပ်ဖြစ်နေသော ချယ်ရီကိုးလ်လည်း ဘေးတွင်ပါသည်။ ချယ်ရီကိုးလ်က ကွာရှင်းခွင့်တောင်းနေသည်။ အက်ရှ်လေကိုးလ်ပြန်မဖြေ၊ ကားကို ထပ်မံအရှိန်မြှင့်လိုက်သည်။ `ကွာရှင်းပြီးရင် အိမ်ကိုကျွန်မလိုချင်တယ်´ ကားက ထပ်မံအရှိန်မြှင့်လာသည်။ `ပြီးတော့ ကားရယ်၊ ဘဏ်ငွေစာရင်းရယ်၊
ခရက်ဒစ်ကတ်တွေအားလုံးလည်း လိုချင်တယ်´ဖြေသံမကြား၊ ကားသာ အရှိန်ထပ်တိုးလာသည်။ `ဒါနဲ့ ရှင်ရော… ဘာလိုချင်လဲ´ ဤတွင် ကားကိုလမ်းဘေးသို့ ဆွဲကွေ့ကာ သစ်ပင်တစ်ခုနှင့် ၀င်တိုက်ပြီး အက်ရှ်လေကိုးလ်ပြောလိုက်သည်မှာ `ငါလိုချင်တာ… ကားလေ အိ တ်ပွင့်တာပဲကွ´ဟု သတည်း။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment