ချစ်စရာ ကလေးငယ်တစ်ဦး
ရဟိုင်းသုသာန်မှာ မြေတူးပြီး
မျက်ရည်လူးတဲ့လက်နဲ့ မြှုပ်ခဲ့ရတယ်…..။
**အခုလို ပြည်ထောင်စုနေ့
မမေ့နိုင်တဲ့ အခါသမယ
မိုးသောက်ထ ကြက်ဦးတွန်ချိန်မှာပေါ့….။
**သမီးရင်သွေး အကလေး ကတော့
သူ့ အမေပေးတဲ့ အမည် ထင်လင်း
`မိုးမိုးမင်း´တဲ့….။
**အရွယ်အားဖြင့် ခုနှစ်လကျော်ကျော်
မျက်ခုံးမျက်လုံးနဲ့ နှာတံပေါ်ပေါ်
အတော်ချောတဲ့ ကလေးလေးပါ….။
**မန္တလေးရဲ့ ဆောင်းညတစ်ည
ကလေးငယ်လေး နမိုးနီးယားရောဂါရ
မိဘလုပ်သူက မသိနားမလည်
ဆိုက်ကားတစီးနဲ့ ရွာလည်
ကလေးသူငယ် အထူးကုတဲ့
သမားတု သမားယောင်တော့လဲ မဟုတ်
ဒါပေမယ့်
အမန်းအမှုတ် ရမ်းအတုတ်တွေကြောင့်
ကလေး ဇီဝိန် ချုပ်ခဲ့ရပါတယ်….။
**ခေတ်ကဗျာဆရာရဲ့ သမီးကလေးဟာ
သိပ္ပံရဲ့ အသီးအပွင့်ကို မခံစားရရှာ
သူ့ခမျာ မိဘရဲ့ မသိနားမလည်မှု
နိုင်ငံရဲ့ ခေတ်မမီမှု
အသက်နဲ့ လဲပြီး ခံသွားခဲ့ရရှာတယ်။
**ဆယ်စုသုံးခု ကျော်ခဲ့ပြီ
သမီးလေးရဲ့ နိုင်ငံတော်ကရော
ဖေဖေတို့ ကရော
ပြန်လာတော့ ချစ်သမီးလို့ မခေါ်နိုင်သေးပါ။
အသိပညာ အတတ်ပညာနဲ့
အလှမ်းကွာ နေတုန်းပါ
ဖေဖေတို့ ခေတ်မမီသေးပါ…..။ ။
*** တင်မိုး ***
(၁၂ ဖေဖော်ဝါရီ ၁၉၉၉ သောကြာနေ့ နံနက်ခင်း - ပြည်ထောင်စုနေ့)
**လွန်ခဲ့တဲ့ ၃၁ နှစ်က
ချစ်စရာ ကလေးငယ်တစ်ဦး
ရဟိုင်းသုသာန်မှာ မြေတူးပြီး
မျက်ရည်လူးတဲ့လက်နဲ့ မြှုပ်ခဲ့ရတယ်…..။
**အခုလို ပြည်ထောင်စုနေ့
မမေ့နိုင်တဲ့ အခါသမယ
မိုးသောက်ထ ကြက်ဦးတွန်ချိန်မှာပေါ့….။
**သမီးရင်သွေး အကလေး ကတော့
သူ့ အမေပေးတဲ့ အမည် ထင်လင်း
`မိုးမိုးမင်း´တဲ့….။
**အရွယ်အားဖြင့် ခုနှစ်လကျော်ကျော်
မျက်ခုံးမျက်လုံးနဲ့ နှာတံပေါ်ပေါ်
အတော်ချောတဲ့ ကလေးလေးပါ….။
**မန္တလေးရဲ့ ဆောင်းညတစ်ည
ကလေးငယ်လေး နမိုးနီးယားရောဂါရ
မိဘလုပ်သူက မသိနားမလည်
ဆိုက်ကားတစီးနဲ့ ရွာလည်
ကလေးသူငယ် အထူးကုတဲ့
သမားတု သမားယောင်တော့လဲ မဟုတ်
ဒါပေမယ့်
အမန်းအမှုတ် ရမ်းအတုတ်တွေကြောင့်
ကလေး ဇီဝိန် ချုပ်ခဲ့ရပါတယ်….။
**ခေတ်ကဗျာဆရာရဲ့ သမီးကလေးဟာ
သိပ္ပံရဲ့ အသီးအပွင့်ကို မခံစားရရှာ
သူ့ခမျာ မိဘရဲ့ မသိနားမလည်မှု
နိုင်ငံရဲ့ ခေတ်မမီမှု
အသက်နဲ့ လဲပြီး ခံသွားခဲ့ရရှာတယ်။
**ဆယ်စုသုံးခု ကျော်ခဲ့ပြီ
သမီးလေးရဲ့ နိုင်ငံတော်ကရော
ဖေဖေတို့ ကရော
ပြန်လာတော့ ချစ်သမီးလို့ မခေါ်နိုင်သေးပါ။
အသိပညာ အတတ်ပညာနဲ့
အလှမ်းကွာ နေတုန်းပါ
ဖေဖေတို့ ခေတ်မမီသေးပါ…..။ ။
*** တင်မိုး ***
(၁၂ ဖေဖော်ဝါရီ ၁၉၉၉ သောကြာနေ့ နံနက်ခင်း - ပြည်ထောင်စုနေ့)
No comments:
Post a Comment