တောအုပ်အတွင်း ပျင်းရိနေသော ဆင်များနှင့် ပုရွက်ဆိတ်များဘောလုံးကစားရန်ဆုံးဖြတ်လိုက်ကြသည်။ ဆင် အသင်းက ၁၀-ဂိုး ဂိုးမရှိဖြင့် အနိုင်ရနေချိန်တွင်ဖြစ်သည်။ ပုရွက်ဆိတ်အသင်းမှ နာမည်ကျော်တိုက်စစ်မှူး ဘောလုံးကို လိမ်ခေါက်ပြီးသယ်ယူလာသည်။ ဆင်အသင်းမှ နောက်ခံလူက ဘောလုံးကို ဟန့်တားရန်ကြိုး စားရာမှ နင်းမိပြီးတိုက်စစ်မှူး ပုရွက်ဆိတ်သေသွားသည်။
ဒိုင်က `မင်းဘယ်လိုလုပ်လိုက်တာလဲ… ပြိုင်ဘက် ကစားသမားကို သေအောင်လုပ်တာအားကစားသမားမပီသဘူးကွ…´
ဆင်နောက်ခံလူက….
`မရည်ရွယ်ပါဘူးဗျာ… ကျနော်က လျှောထိုးဖျက်ထုတ်ဖို့ကြိုးစားလိုက်တာပါ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ-ဘောလုံးဟာသ) ***

No comments:
Post a Comment