အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်း လိုင်နီကာတစ်ယောက် မိန်:မငယ်ငယ်တစ်ယောက်ကို လက်ထပ်လိုက်သည်။ မကြာမီမှာပင် ဇနီးဖြစ်သူမီးဖွားလေသည်။ အသက် ၆၀ နားကပ်နေသောလိုင်နီကာအား သူနာပြုက အံအားတစ်ကြီးမေးသည်။
`ဒီအသက်အရွယ်မှာတောင် ရှင်ကအတော်သန်စွမ်းသေးတာပဲ´
`ဟောင်းပေမယ့် ကောင်းနေသေးတဲ့မော်တာတစ်လုံးပေါ့ဗျာ´ဟု လိုင်နီကာကအရွန်းဖောက်လိုက်သည်။
နောက်တစ်နှစ်အကြာတွင် ဇနီးသည်မှာ ကလေးမွေးပြန်သည်။ ယခင်သူနာပြုက အရပ်မေးခွန်းကို မေးပြန်ရာ လိုင်နီကာက ဟာသလုပ်ပြောပြန်သည်။ တတိယမြောက် ကလေးငယ်ကိုတစ်နှစ်အကြာတွင် ထပ်မွေးပြန်သည်။ သူနာပြုအားယခင်အတိုင်း၊ ပင်လိုင်နီကာပြောပြန်သည်။ ဤတစ်ကြိမ်တွင် သူနာပြုက ….
`ဒီတစ်ကြိမ် တော့ ရှင့် မော်တာကို ဆီပြောင်းထည့်သင့်ပြီထင်တယ်။ ရှင့်ဇနီးက လူမည်းကလေးမွေးတာရှင့်…..။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) ***

No comments:
Post a Comment