ကျောက်ကွဲ ကျောက်စ
ထိရှနိုင်တဲ့ ကျောက်တက်
လမ်းကြိတ်စက်နဲ့ ကြုံ
ကျောက်မှုန် ကျောက်မွှားလေးတွေဖြစ်
လမ်းသစ်ခင်းနိုင်ဖို့ ရင်းရတယ်…….။
**သစ်ပင်ကြီးတွေ ခုတ်
အငုတ်မျှ မကျန်
လမ်းသစ်ခင်းဖို့ ဒဏ်ခံ………..။
**တဲပုတ်တွေ ထင်းဖြစ်
မီးရှို့ပစ်သမျှ ခံ
လမ်းဖြောင့်ဖြောင့် အနှောင့်အယှက်ကင်းရန်…….။
**ယာခင်းပန်းခင်း၊ သီးကင်းစဝေဆာနေလဲ
လမ်းဧရိယာ ကျပြန်ရင်
မုချ ခုတ်ရ ရှင်းရမှာ ဧကန်………။
**လမ်းကလဲ မပြီးနိုင် မစီးနိုင်
ခရီးကလဲ မပေါက်နိုင် မရောက်နိုင်။
**လမ်းကြိတ်စက်ကြီးကတော့
သူရဲသဘက်ပါပဲ
တက်နင်းကြိတ်ချေ
တစ္ဆေပြိတ္တာ တဆိတ်မျှ မညှာဟန်……..။
**သူကတော့ တဂျိမ်းဂျိမ်း
အသံကောင်းတွေ တဟိန်းဟိန်းနဲ့
သွေးစိမ်း ရှင်ရှင်ကျရတဲ့
ကျောက်ခဲ အစအနလေးတွေ
ဘ၀ပျက်ရတဲ့ အပင်တွေ
အသင်္ချေ အနန္တမို့
သောပင်လယ် ဝေရတယ်……….။
**လမ်းသစ်က မပေါက်
ပန်းတိုင်သာ ပျောက်ခဲ့ရင်
လမ်းပျောက် လမ်းပျက် လမ်းပိတ်
လမ်းကြိတ်စက် ဒဏ်ရာပြင်းသမို့
နောက်နောင် လမ်းခင်းဖို့ ၀ံ့ပါတော့မလား………။
*** တင်မိုး ***
(၂၊ ဖေဖော်ဝါရီ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)
***ကျောက်တုံး ကျောက်ခဲ
ကျောက်ကွဲ ကျောက်စ
ထိရှနိုင်တဲ့ ကျောက်တက်
လမ်းကြိတ်စက်နဲ့ ကြုံ
ကျောက်မှုန် ကျောက်မွှားလေးတွေဖြစ်
လမ်းသစ်ခင်းနိုင်ဖို့ ရင်းရတယ်…….။
**သစ်ပင်ကြီးတွေ ခုတ်
အငုတ်မျှ မကျန်
လမ်းသစ်ခင်းဖို့ ဒဏ်ခံ………..။
**တဲပုတ်တွေ ထင်းဖြစ်
မီးရှို့ပစ်သမျှ ခံ
လမ်းဖြောင့်ဖြောင့် အနှောင့်အယှက်ကင်းရန်…….။
**ယာခင်းပန်းခင်း၊ သီးကင်းစဝေဆာနေလဲ
လမ်းဧရိယာ ကျပြန်ရင်
မုချ ခုတ်ရ ရှင်းရမှာ ဧကန်………။
**လမ်းကလဲ မပြီးနိုင် မစီးနိုင်
ခရီးကလဲ မပေါက်နိုင် မရောက်နိုင်။
**လမ်းကြိတ်စက်ကြီးကတော့
သူရဲသဘက်ပါပဲ
တက်နင်းကြိတ်ချေ
တစ္ဆေပြိတ္တာ တဆိတ်မျှ မညှာဟန်……..။
**သူကတော့ တဂျိမ်းဂျိမ်း
အသံကောင်းတွေ တဟိန်းဟိန်းနဲ့
သွေးစိမ်း ရှင်ရှင်ကျရတဲ့
ကျောက်ခဲ အစအနလေးတွေ
ဘ၀ပျက်ရတဲ့ အပင်တွေ
အသင်္ချေ အနန္တမို့
သောပင်လယ် ဝေရတယ်……….။
**လမ်းသစ်က မပေါက်
ပန်းတိုင်သာ ပျောက်ခဲ့ရင်
လမ်းပျောက် လမ်းပျက် လမ်းပိတ်
လမ်းကြိတ်စက် ဒဏ်ရာပြင်းသမို့
နောက်နောင် လမ်းခင်းဖို့ ၀ံ့ပါတော့မလား………။
*** တင်မိုး ***
(၂၊ ဖေဖော်ဝါရီ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)
No comments:
Post a Comment