ကျနော်တို့ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ အလှူခံအတုအယောင်များ ပေါများနေပါသည်။ ကြည့်မ ကောင်း၍ ပြောပြန်ရင်လည်း ငွေပေး၍ ဌာနဆိုင်ရာများမှ လက်မှတ် ရေးထိုးပြီးတောင်းရမ်း ခိုင်းနေပါသည်။ ယခု ဆိုရင် ရပ်ဝေးမှ အလှူခံများကို အလှူခံခွင့်ရရှိနိုင်ရန် မြ၀တီမြို့တွင် အလှူခံလျှင်သာသနာရေးဝန်ကြီးဌာနသို့ ကျပ်ငွေ ၃၀၀၀၀-ပေးဆောင်ရပါသည်။
ရပ်နီးအလှူခံများလည်း ထိုက်သင့်သလို ပေးဆောင်ရပါသည်။ ဘာသာရေးဆိုင်ရာ အဆောက်အဦးများလည်း လျှောက်လွှာပါမစ် များတင်လျှင် ဆောက်လုပ်ခွင့် ကျပ်ငွေ ၂-သိန်းကို မြ၀တီသာသနာ ရေးဌာနသို့ ပေးဆောင်ရပါသည်။
အထက်လူကြီးများမှ စီစစ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
*** တိုင်ကြားသူ- ဦးတင်အောင်မြင့် *** (၃/မ၀တနိုင် ၄၁၈၀၀၅ မြ၀တီင်္မြို့)
အယ်ဒီတာ ခင်ဗျား….။ ။

No comments:
Post a Comment