တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်းပြည်ယန် ချန်ချမ်မြို့ရှိ ရှော့ပင်းမော မတ်လ ၂၉-ရက်နေ့ နံနက် ၈- နာရီက မီးလောင်မှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များ ခက်ခဲစွာ မီးငြိမ်းသတ်ခဲ့ရကြောင်း အဆောက်အအုံအများ အပြား မီးလောင်ကျွမ်းမှုခံခဲ့ရကြောင်း တရုတ်မီးသတ်တပ်ဖွဲ့က မတ်လ ၂၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စပိန်ငါးဖမ်းသင်္ဘော အပိုင်စီးခံရ ***
အိန္ဒိယသမုဒ္ဒရာအတွင်း ငါးဖမ်းနေသော စပိန်ငါးဖမ်းသင်္ဘောတစ်စင်းကို မတ်လ ၂၉-ရက်နေ့တွင် ဆိုမာလီဓားပြများက အပိုင်စီးသွားခဲ့ကြောင်း စပိန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စင်္ကာပူနိုင်ငံက ပထမဆုံးဂြိုဟ်တုလွှတ်တင်မည် ***
စင်္ကာပူနိုင်ငံသည် လာမည့် ဇွန်လ၌ ပြည်တွင်းဂြိုဟ်တုတစ်လုံးကို အာကာသသို့ ပထမဆုံး လွှတ်တင်မည်ဖြစ်ကြောင်း ဂြိုဟ်တုလွှတ်တင်မည့်နေရာမှာ အိန္ဒိယနိုင်ငံ အင်ဒရာပရာဒေ့ရှ် အခြေစိုက်စခန်းမှဖြစ်ကြောင်း စင်္ကာပူအရာရှိများက မတ်လ ၂၉-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ ***
ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိရာ တရုတ်ဈေးကွက်တွင် မတ်လ ၂၉-ရက်နေ့ ဈေးပိတ်ချိန်၌ ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၀၇ ဒသမ ၀၃ ဒေါ်လာအထိ အနည်းငယ်ကျဆင်းခဲ့ကြောင်း တရုတ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** တရုတ်အရှေ့မြောက်ပိုင်း၌ ရှောံပင်းမောမီးလောင် ***

No comments:
Post a Comment