ဟုတ်ကဲ့ပါ ခင်ဗျာ….။ ဒီကနေ့တော့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တနေရာမှာ `နှစ် ၁၀၀ မြောက် နိုင်ငံတ ကာ အမျိုးသမီးများနေ့´ အခမ်းအနားနဲ့ ပျော်ပွဲ ရွှင်ပွဲတရပ်ကို ကျင်းပခဲ့ကြပါတယ်။ ပထမဦးစွာ ဗုဒ္ဓဘာသာ ရိုးရာ အစဉ်အလာအရ ထိုင်းနဲ့ မြန်မာသံဃာတော်တွေထံမှာ ငါးပါး သီလ ဆောက်တည်ခြင်း၊ ထိုင်းဘုရင် သက်ရှည် ကျန်းမာစေကြောင်းနဲ့ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးအတွက် တရားထိုင်ပုံစံဖြင့် ငြိမ်သက်ကာ အာရုံယူ ကြခြင်း၊
ထိုင်းဘုရင်မင်းမြတ်အတွက် မတ်တပ်ရပ်ကာ ဆုမွန်ကောင်းတောင်းကြခြင်း၊ တာ့(ခ်)ခရိုင် လူမှုဖူလုံရေးနဲ့ အလုပ်သမားကာကွယ်ရေးရုံး ပထမအရာရှိ (ဖိစုန်ဆူဝမ်နမ့်ဝါနစ်)က နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံကို စကားပြန် အမျိုးသမီးမှ တဆင့်ရှင်းကြခြင်း၊ ပျော်ရွှင်စရာ ဂိမ်း(မ်)ကစားကြခြင်း၊ လက်ဆောင်ပစ္စည်းပေးကြခြင်းတွေကို ဆောက်ရွက်ခဲ့ကြပါတယ်။
နိုင်ငံတကာမှာ လွန်ခဲ့တဲ့ (၁၉၁၀)ခုနှစ် မေလ (၈)ရက်နေ့မှာ အမျိုးသမီးထုတစ်ရပ်လုံးကို စတင်ဂုဏ်ပြုလာကြာတာဟာ ဒီနေ့ဆိုရင် အနှစ် (၁၀၀)ပြည့်ခဲ့ပါပြီ။ ဒီကနေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ (အကြိုနေ့) လှုပ်ရှားမှုအဖြစ် `International women Day- Tak´ စာတမ်းပါ ပန်းရောင်တီရှပ်တွေနဲ့ မဲဆောက်မြို့က မြန်မာအလုပ်သမားတွေကို အခုလို တွေ့ရမှာပါ။
*** သတင်းမှတ်တမ်း-မြန်မာပြည်သား ***

No comments:
Post a Comment