(တီဘီလီဆီ၊ မတ်လ ၁၇-ရက်)
ဂျော်ဂျီယာနိုင်ငံမှ အဘွား အန်တီ ဆာဗီချာဗားသည် အသက် ၁၃၀-ရှိပြီဖြစ်၍ ကမ္ဘာ့အသက်အရှည်ဆုံး လူ သားဖြစ်လာကြောင်း ၄င်း၏ မိသားစုဝင်များက ပြောကြားသည်။ အဘွား ဗီချာဗားသည် ယခုအခါ သူ၏ သားသမီး၊ မြေးမြစ်များနှင့်အတူ ဂျော်ဂျီယာနိုင်ငံ ကော်ကေးဆပ်တောင်တန်းဒေသရှိ ကျေးရွာတစ်ရွာ၌ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြောင်း ဂျော်ဂျီယာရုပ်မြင်သံကြားက ထုတ်လွှင့်ပေးခဲ့သည်။ အဘွားဗီချာဗား၏ မှတ်ပုံတင်တွင် ၁၈၈၀-ပြည့်နှစ်က မွေးဖွားခဲ့ကြောင်း ဖော်ပြထားသည်။ (အင်တာနက်)
*** ကမ္ဘောဒီးယား၌ အားကစားရုံတည်ဆောက်မည် ***
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ၁၅ ဟတ်တာကျယ်ဝန်းသော မြေဧရိယာပေါ်တွင် နိုင်ငံတကာ အဆင့်မီ ဘောလုံးလေ့ကျင့်ရေးကွင်းပါဝင်သည့် အားကစားရုံကို အမေရိကန် ဒေါ်လာ ၅-သန်း အကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား အားကစားအရာရှိများက မတ်လ ၁၇-ရက်နေ့က ပြောကြားသည်။ (အင်တာနက်)
*** ပါကစ္စတန် အနောက်မြောက်ပိုင်း၌ နေတိုးသင်္ဘော ပစ်ခတ်ခံရ ***
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရေပြင်တွင် အာဖဂန်နစ္စတန်သို့ ဦးတည်ခုတ်မောင်းနေသော နေတိုးရေနံတင်သင်္ဘောတစ်စင်းကို ပါကစ္စတန်တိုက်ခိုက်ရေးသမားများက မတ်လ ၁၇-ရက်နေ့၌ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်ပျက်စီးခဲ့ကြောင်း ပါကစ္စတန် အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တောင်ကိုရီးယား ကုန်တင်သင်္ဘော ပြန်လွတ်လာ ***
တောင်ကိုရီးယားနိုင်ငံမှ ဓာတုပစ္စည်းများ တင်ဆောင်လာသော ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီပင်လယ်ဓားပြများက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြန်ပေးဆွဲခဲ့ရာမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား အရာရှိများက မတ်လ ၁၇-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကွာလာလမ်ပူ၌ လက်ဝတ်ရတနာပြပွဲကျင်းပမည် ***
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၀၁၀ နိုင်ငံတကာ လက်ဝတ်ရတနာပြပွဲကို မတ်လ ၁၉-ရက်နေ့မှ ၂၂-ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ ပြခန်းပေါင်း ၁၈၀-ခန့်ပါဝင်ပြသမည်ဟု မျှော်မှန်းထားရှိကြောင်း မတ်လ ၁၇-ရက်နေ့၌ မလေးရှားနိုင်ငံ ကုန်သွယ်ဖွံ့ဖြိုးမှုအဖွဲ့က ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကမ္ဘာ့အသက်အရှည်ဆုံး လူသား ***

No comments:
Post a Comment