*** အာဆင်နယ်နှင့် မန်စီးတီးတို့က ဘာလော့တယ်လီအား စိတ်ဝင်စား ***
အာဆင်နယ်နှင့် မန်စီးတီးတို့က စာချုပ်ခေါ်ယူရန် စိတ်ဝင်စားနေသော အင်တာမီလန်တိုက်စစ်မှူး ဘာလော့ တယ်လီသည် လာမည့်နွေရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သိရသည်။ (အင်တာနက်)
*** အက်ရှ်လေကိုးလ်အား ရီရဲမက်ဒရစ် မျက်စိကျ ***
အင်္ဂလန်လက်ရွေးစင်အသင်းနှင့် ချဲလ်ဆီးဘယ်နောက်ခံလူ အက်ရှ်လေကိုးလ်အား ရီရဲမက်ဒရစ်က စာချုပ်ခေါ်ယူရန် မျက်စိကျနေသည်ဟု ဆိုသည်။ (အင်တာနက်)
*** ဆန်ဒရိုအား စာချုပ်ခေါ်ယူနိုင်မည်ဟု စပါးယုံကြည် ***
စပါးအသင်းသည် ဘရာဇီးအသင်း အင်တာနာစီယိုနယ်မှ အသက် ၂၁-နှစ်ရှိ ကွင်းလယ်ကစားသမား ဆန်ဒရိုအား ပြောင်းရွှေ့ကြေး ပေါင် ခြောက်သန်းခွဖြင့် ယခုသီတင်းပတ်အကုန်တွင် အပြီးသတ်စာချုပ်ခေါ်ယူမည်ဟု ယုံကြည်မျှော်လင့်နေသည်။ (အင်တာနက်)
*** ခံစစ်မှူး ၀ိန်းဘရစ်ဂ်ျ တစ်လနားရမည် ***
မန်စီးတီးခံစစ်မှူး ၀ိန်းဘရစ်ဂ်ျသည် ပေါင်ခြံဒဏ်ရာခွဲစိတ်ကုသပြီးနောက် တစ်လခန့် အနားယူရမည်ဟု ဆိုသည်။ (အင်တာနက်)
*** ကမ္ဘာ့ဖလားတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဟု နဗီးလ်ယုံကြည် ***
အသက် ၃၅-နှစ်ရှိ မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်ခံစစ်မှူး ဂယ်ရီနဗီးလ်သည် အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ ပွဲပေါင်း ၈၅-ပွဲပါဝင်ကစားခဲ့ပြီးနောက် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သုံးကြိမ်မြောက်ပါဝင်နိုင်ရန် ယုံကြည်မျှော်လင့်နေသည်ဟု ဆိုသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- ချစ်စိုးနိုင် ***

No comments:
Post a Comment