ငှက်တစ်သင်း တကျည်ကျည် တစာစာနဲ့
အစာရှာထွက်ဖို့ ပြင်နေရပြီ….။
အစာရှာချိန်မှာ
အစာအိမ်မှာ မပြည့်သေးမီ
ငှက်ကလေး ခလုတ်ထိမှာလား
ဇလုတ် ပြည့်မှာလား
ရှေ့ရေးကို မသိ…..။
ကံကောင်းရင်တော့
အလုပ်ကောင်းကောင်းနဲ့
ဇလုတ်ဖောင်းပြီး အိမ်ပြန်ရမှာပဲ……။
ကံမလှလို့ ဟန်မကျရင်တော့
အပြန်ခက်ရပြီး
သွေးစက်စက် မြားတန်းလန်းနဲ့
ပျံသန်းရင်းသေလို့ အမေရင်ကွဲရှာမှာပဲ…..။
ကံကြမ္မာ ကြိုးတန်းပေါ်လျှောက်လို့
တမိုးသောက်ရင်တော့ ပျံရဦးမှာပဲ…..။ ။
*** တင်မိုး ***
(၇ ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
မနက်လင်းတယ် ဆိုရင်ပဲ
ငှက်တစ်သင်း တကျည်ကျည် တစာစာနဲ့
အစာရှာထွက်ဖို့ ပြင်နေရပြီ….။
အစာရှာချိန်မှာ
အစာအိမ်မှာ မပြည့်သေးမီ
ငှက်ကလေး ခလုတ်ထိမှာလား
ဇလုတ် ပြည့်မှာလား
ရှေ့ရေးကို မသိ…..။
ကံကောင်းရင်တော့
အလုပ်ကောင်းကောင်းနဲ့
ဇလုတ်ဖောင်းပြီး အိမ်ပြန်ရမှာပဲ……။
ကံမလှလို့ ဟန်မကျရင်တော့
အပြန်ခက်ရပြီး
သွေးစက်စက် မြားတန်းလန်းနဲ့
ပျံသန်းရင်းသေလို့ အမေရင်ကွဲရှာမှာပဲ…..။
ကံကြမ္မာ ကြိုးတန်းပေါ်လျှောက်လို့
တမိုးသောက်ရင်တော့ ပျံရဦးမှာပဲ…..။ ။
*** တင်မိုး ***
(၇ ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment