အမေရိကန်ပြည်က မြို့ကလေး တစ်မြို့မှာပါ။ မြို့တော်ဝန်က လူထုကို အမှာစကား ပြောနေတဲ့ အချိန်မှာ လူတစ် ယောက်က ရှေ့ဆုံးတန်းမှာ ထိုင်ပြီး အမျိုးမျိုးနှောင့်ယှက်နေတယ်။ မြို့တော်ဝန်က ရှည်လျားလှတဲ့ သူ့မိန့်ခွန်းကို အဆုံးသတ်ပြီးတဲ့နောက် အဲဒီလူကို လက်ညှိုးထိုးလိုက်တယ်။
`ကျနော် ပြောသမျှ လိုက်နှောင့်ယှက်နေတဲ့ ရှေ့ဆုံးကလူကြီးမင်း။ ကျေးဇူးပြုပြီး မတ်တပ်ရပ်ပါခင်ဗျား….။ ပြီးတော့ ဟောဒီက လူထုရှေ့မှောက်မှာ ခင်ဗျား အနေနဲ့ ကိုယ့်မြို့၊ ကိုယ့်ရွာကို ဘာတွေကောင်းတာလုပ်ခဲ့သလဲ ဆိုတာပြောပြစမ်းပါ´လို့ ခနဲ့တဲ့တဲ့ပြောတယ်။
ဒီအခါမှာ အဲဒီလူက မတ်တပ်ရပ်ပြီး အခုလိုပြောလိုက်ပါတယ်။
`ဒီဲမြို့အတွက် ကျနော်ကောင်းတာလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မြို့တော်ဝန်ကြီးကို ကျနော် မဲမပေးခဲ့ပါဘူးခင်ဗျာ´…..။
မှတ်ချက်။ ။ ၂၀၁၀ ဖေဖော်ဝါရီလထုတ် ရန်ကုန်တိုင်း(မ်)မှ…….။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment