ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 19, 2010

မတ်လအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ….

>
(မတ်လ ၁၉-ရက် ၂၀၁၀) `နိုင်ငံတကာ လက်ဝတ်ရတနာပြပွဲ´ကို ယနေ့(မတ်လ ၁၉-ရက်မှ ၂၂ ရက်နေ့အထိ) မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပမည်ဖြစ်ကြောင်း၊ အဆိုပါပြပွဲတွင် ပြခန်းပေါင်း (၁၈၀)ခန့် ပါဝင်ပြသ မည်ဟု မျှော်မှန်းထားကြောင်း မလေးရှားနိုင်ငံ ကုန်သွယ်ဖွံ့ဖြိုးမှုအဖွဲ့က ပြောဆိုသည်။ (အင်တာနက်)
(မတ်လ ၁၈-ရက် ၂၀၁၀) `နိုင်ငံတကာ မိုးပျံပူဖေါင်းပွဲတော်´ကို မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့၌ မတ်လ ၁၈- ရက်မှ ၂၁-ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (အင်တာနက်)

(မတ်လ ၁၇ ရက်၊ ၂၀၁၀ ) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်အရှေ့ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်များ အုပ်ဆိုင်းသဖြင့် တာချီလိတ် ခရီးသည် တင် လေယာဉ်ပျံသန်းမှုတချို့ ယခင်ပတ်ကတည်းက ရပ်ဆိုင်းထားရပြီး ဒေသခံများ မျက်စိ နှင့် အသက်ရှုလမ်း ကြောင်းဆိုင်ရာဝေဒနာများ ဖြစ်ပွားလျှက် ရှိသည်။ တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူမှုန်များသည် နှင်းများသဖွယ် အုံဆိုင်းနေသည်မှာ ယခုရက်ပိုင်း အတွင်း သိ သိသာသာ ထူသိပ်လာသဖြင့် လေယာဉ် ပျံသန်းမှုကို ရပ်နားရသည်ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။(NMG)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံမှ အဆင်းရဲဆုံး လူနည်းစုတိုင်းရင်းသားများက ပူထရာဂျာယာမြို့တော်သစ်တွင် ဆန္ဒပြခဲ့ကြကြောင်း၊ ၄င်းတို့ထံမှ အစိုးရက သိမ်းဆည်းထားသော မြို့တော်သစ်စီမံကိန်း ဆောက်ခဲ့သည်။ မြေယာများကို လျော်ကြေးပေးရန် တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ (VOA)
(မတ်လ ၁၆-ရက် ၂၀၁၀) ဖြစ်ရပ်- ၁။ ။ မလေးရှားနိုင်ငံ စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၂၆ ဦး၏ နစ်နာကြေးများကို အလုပ်ရှင်မှပြန်လည်ပေးဆောင်ရန် မလေးရှားတရားရုံးမှ အမိန့်ချမှတ်လိုက်သည်။ မြို့တော်ကွာလာလမ်ပူရှိ Jogoya restaurant စားသောက်ဆိုင်မှ အလုပ်သမား နစ်နာချက်များကို အလုပ်ရှင်မှ မပေးသည့်အတွက် ဥပဒေကြောင်းအရဖြေရှင်းခဲ့ရာ နစ်နာမှုများ ပေးဆောင်ရန် တရားရုံးမှ ယမန်နေ့က အမိန့်ချ မှတ်ခဲ့သည်ဟု အလုပ်သမားအရေး ကူညီပေးနေသူ Burma Campaign (Malaysia) မှ ပြန်ကြားရေးဌာန တာ ၀န်ခံ ကိုရန်နိုင်ထွန်းကပြောသည်။ (NMG)
ဖြစ်ရပ်- ၂။ ။ မလက္ကာ ရေလက်ကြားတွင် ဖြတ်သန်းခုတ်မောင်းနေသော သင်္ဘောများ၏ လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း မလေးရှားရေတပ်အရာရှိများက ယနေ့ပြောဆိုလိုက်သည်။ (အင်တာနက်)
(မတ်လ ၁၅ရက်၊ ၂၀၁၀ ) ဖြစ်ရပ်-၁။ ။ မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် တရားမ၀င် နေထိုင်မှုဖြင့် ပြီးခဲ့သည့် ၂ ရက် အတွင်း ဖမ်းဆီး ခံခဲ့ရသည့် မြန်မာ ပြည်သား ၃၀၀ ကျော်ရှိရာ ထိုအထဲတွင် NLD-LA ခေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ) အဖွဲ့ဝင် တချို့ နှင့် စာစောင် ထုတ်ဝေသူ တဦး ပါဝင်သည်ဟု သိရသည်။မြန်မာဘာသာဖြင့် ပြည်ထောင်စု သတင်းစာ ထုတ်ဝေသည့် ကိုအောင်ထွန်းဦးက သူ ဖမ်းဆီးခံရသည့် စနေနေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီသို့ တယ်လီဖုန်းဆက်ပြီး အကြောင်းကြားခဲ့သည်။ ထိုစဉ်က သူ့အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် လော်ရီကားပေါ်တွင် မြန်မာပြည်သား အလုပ်သမား ၆၀ ခန့်ကို တွေ့ရသည်ဟု သူက ပြောသည်။ ထိန်းသိမ်းခံနေရသည့် NLD-LA အဖွဲ့ဝင်များမှာ ကိုမောင်မောင်၊ ကိုမိုးမြင့် နှင့် အမည်မသိရသေးသူ ၂ ဦးတို့ ဖြစ်သည်။(ဧရာဝတီ.)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း မငြိမ်မသက်မှု၊ ဆန္ဒပြမှုများတွင် မပါဝင်ကြရန် ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ်ဟွန်ဆန်က ပြောဆိုလိုက်သည်။ ထိုအပြင် ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်သည် ယခုအခါ ကမ္ဘောဒီးယားနိုင်ငံ၌ ရှိမနေကြောင်း ၀န်ကြီးချုပ် ဟွန်ဆန်က ငြင်းဆိုသွားသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံ လန်ကာဝီကျဉ်းတွင် လေယာဉ်ပျံပျက်ကျပြီး လေယာဉ်မှူး ၂-ဦး ဒဏ်ရာရရှိသွားကြောင်း၊ ၄င်းတို့ ၂-ဦးကို ဒေသခံတံငါသည်များက ကယ်တင်လိုက်ရကြောင်း သိရသည်။ (RFA)
(မတ်လ ၁၄-ရက် ၂၀၁၀) ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ဂျာဂျီဝ (Abhisit Vejjajhiva) ကို ရာထူးက ဖယ်ရှားဖို့ ရည်ရွယ်ပြီး တောင်းဆို ဆန္ဒပြပွဲတွေအတွက် မြို့တော် ဘန်ကောက်မှာ အစိုးရ ဆန့်ကျင်သူတွေ ထောင်သောင်းချီ စုဝေးခဲ့ကြပါတယ်။ ဒီကနေ့ပဲ ဆန္ဒပြပွဲတွေကို စတင်လိုက်ပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြပွဲတွေကို ရက်အတော်ကြာကြာ လုပ်ဆောင်သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။ အနည်းဆုံး ဆန္ဒပြသူ ၆၀၀,၀၀၀ လောက် ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဆန္ဒပြပွဲတွေကို စီစဉ်သူတွေက ဆိုပါတယ်။ (VOA)
(မတ်လ ၁၃-ရက် ၂၀၁၀)ဖြစ်ရပ်-၁။ ။ ၂၂ ကြိမ်မြောက် မြန်မာပြည်လူ့အခွင့်အရေးနေ့ (၀ါ) ဗိုလ်ဖုန်းမော်နေ့ အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ ကျင်းပကြကြောင်း သတင်းရရှိသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ မငြိမ်မသက်ဖြစ်နေသော ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် ပစ်ကပ်ကားတစ်စီးတိုက်ခိုက်ခံရပြီးနောက် ရဲမှူးကြီး ဆွန်သီရန်းသည် အပြင်းအထန်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ (RFA)
့ဖြစ်ရပ်-၃။ ။ မြန်မာနိုင်ငံမှ လှေတစ်စင်းဖြင့် ထွက်ပြေးလာခဲ့ကြသော ဂိုဟင်ဂျာ(၉၃)ဦးကို မလေးရှားနိုင်ငံမြောက်ပိုင်း လန်ကာစီဒေသရှိ ပင်လယ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးပြီး ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သော မတ်လ ၈-ရက်နေ့ကမူ ၄င်းတို့သည် ထိုင်းနိုင်ငံပင်လယ်ကမ်းခြေသို့ ဆိုက်ရောက်ခဲ့ပြီး ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က အစာရေစာအချို့ပေးပြီး မောင်းထုတ်ခဲ့သဖြင့် မလေးပင်လယ်ကမ်းခြေသို့ ရောက်ရှိလာခြင်းဖြစ်သည်။ (VOA)
(မတ်လ ၁၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာပြည်မှ ၀ါရင့်သတင်းစာဆရာကြီးနှင့် NLD ၏ CEC တစ်ဦးဖြစ်သော ဟံသာဝတီ ဦးဝင်းတင်၏ အသက် (၈၀)ပြည့်မွေးနေ့ အထိမ်းမှတ် `ဘာလဲဟဲ့ လူ့ငရဲ´အမည်ရှိ စာအုပ်မိတ်ဆက်ပွဲကို ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၌ ယနေ့ ကျင်းပသည်။ (မြန်မာပြည်သား)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် လူထောင်ချီသော အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ (အနီရောင်ရှပ်အင်္ကျီဝတ်များ)က ဘန်ကောက်မြို့တော်မှာ အချက်အချာကျသော ၅-နေရာ၌ ယနေ့စုရုံးနေကြကြောင်း၊ ထိုင်းအစိုးရကလည်း ရဲတပ်ဖွဲ့ဝင် (၅၀၀၀၀)ခန့်ကို ချထားကြောင်း သတင်းရရှိသည်။ (VOA)
(မတ်လ ၁၁-ရက် ၂၀၁၀) ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။ (ဧရာဝတီအင်တာနက်)
(မတ်လ ၁၀-ရက် ၂၀၁၀) ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာကျေးရွာတွင် ယမန်နေ့ နံနက် ပိုင်းက မြန်မာအလုပ်သမား (၈၀)ဦးခန့်အား လည်းကောင်း၊ ဖုတ်ဖရားမြို့နယ်ပိုင်း အနီးရှိ အခြားကျေးရွာများ ဖြစ်ကြသည့် ၈-ကီလိုမီတာတိုက်နယ်ကျေးရွာကြီးနှင့် ဆောလက်တက်ကျေးရွာ၊ မော်ကဲ ကျေးရွာ၊ စသည်တို့တွင် မြန်မာအလုပ်သမား (၁၀၀)ခန့်အားလည်းကောင်း၊ ယနေ့ မွန်းလွဲပိုင်းတွင်လည်း စီခိုထိုင်း(မြန်မာတို့အခေါ်) ၃၅-ကီလိုမီတာ ကျေးရွာတွင် မြန်မာအလုပ်သမား (၅၀)ခန့်အားလည်းကောင်း၊ ဒေသခံပြည်သူ့စစ်၊ လ၀ကနှင့် နယ်ခြားစောင့်တပ်ဖွဲ့တို့မှ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ (မြန်မာပြည် သား)
(မတ်လ ၉-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ ထိုင်းရေပိုင်နက်အတွင်း ၀င်ရောက်လာသော ရိုဟင်ဂျာ (၉၃)ဦးပါဝင်သည့် လှေတစ်စင်းကို အစာရေစာအချို့ ပေးပြီး နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ သွားရောက်စေလွတ်ခဲ့ကြောင်း၊ ၄င်းတို့သည် ယခုအခါ မလေးရှားနိုင်ငံ ရေပိုင်နက်ထဲမှာ ရှိနေကြောင်း ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က ယနေ့ ပြောကြားသည်။ (BBC)
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံ ပီနန်မြို့အကျဉ်းထောင်တွင် အသက် ၃၅-နှစ်အရွယ် ကိုဆန်းဦးအမည်ရှိ အကျဉ်းသားတစ်ဦးမှာ နေမကောင်းသဖြင့် ယခုလ ၄-ရက်နေ့က သေဆုံးသွားကြောင်း သတင်းရရှိသည်။ (မဇ္ဇျိမ)
(မတ်လ ၈-ရက် ၂၀၁၀) မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အပါအ၀င် အမျိုးသမီးနိုင်ငံရေးအကျဉ်းသား (၁၇၇) ဦးရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)က ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့၌ သတင်းထုတ်ပြန်ကျေညာလိုက်သည်။ (RFA)
(မတ်လ ၇-ရက် ၂၀၁၀) မြန်မာအရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ဥက္ကဌ (AIPMC)ဥက္ကဌ ခရိုင်ဆတ်ချူဟာဝမ်က ထိုင်း-မြန်မာနယ်စပ် ထဆောင်ယန်းမြို့နယ် နောင်ဘိုဒုက္ခသည်စခန်းသို့ ယနေ့ရောက်ရှိလာပြီး စစ်ပြေးဒုက္ခသည်များကို နေရပ်သို့ ပြန်မပို့သင့်သေးကြောင်း ပြောဆိုသည်။ (BBC)
(မတ်လ ၆-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စားအုန်းဆီထုတ်လုပ်သူများက စားအုန်းဆီပိုမိုထုတ်လုပ်နိုင်ရန် ဖက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လ ၆-ရက်နေ့က သဘောတူညီချက်လက်မှတ်ရေးထိုးကြသည်။ (အင်တာနက်)
ဖြစ်ရပ်-၂။ ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအား မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လက်ခံတွေ့ဆုံစဉ် (၆)နိုင်ငံဆွေးနွေးပွဲ၌ ပြန်လည်ပါဝင်ပါရန် တိုက်တွန်းသွားကြောင်း သတင်းရရှိသည်။ မလေးရှားနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီူးအား ဆာဘားပြည်နယ်၏ မြို့တော်၌ လက်ခံတွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်း ပြောကြားခြင်းဖြစ်သည်။ (RFA)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)