`မိန်းမရေ… ဒီနေ့အိမ်ကို ဂျွန်နီအီဗန့်စ်ညစာလာစားဖို့ဖိတ်ထားတယ်နော်။´ဟု မန်ယူအသင်းမှ ဂယ်ရီနဗီးလ်က ဇနီးသည်ဖြစ်သူကို အသိပေးသည်။
`အို… ရှင်ကလဲ… ရူးနေလား တစ်အိမ်လုံးကရှုပ်ပွနေတာပဲ။ ဈေးလည်းမသွားရသေး… ပန်းကန်ခွက်ယောက်တွေလည်း မဆေးရသေးဘူး။ ဒီလိုအချိန်မှာ ဘယ်လိုလုပ် ညစာကို ကောင်းကောင်းချက်ပြုတ်ကျွေးမွေးနိုင်မှာလဲရှင့်´
`ဒါတွေ…. ငါသိပါတယ်ကွာ´
`ဒါဆိုဘာဖြစ်လို့ ညစာဖိတ်ကျွေးရတာတုန်း´
`ဒီကောင်လေးက အိမ်ထောင်ပြုတော့မယ်လို့ ပြောနေလို့ပါကွာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment