နအဖရဲ့ ရှင်းရှင်းလေး ညစ်ပါတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေဟာ ဒေါ်စုနဲ့အတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်သူမှန်သမျှကိုဖယ်ထုတ်ပစ်ထားတယ်။။
ဒီလိုဥပဒေအောက်ကို နောက်မဆုတ်တမ်းဝင်အရွေးခံကြမယ့်နိုင်ငံရေးပါတီတွေဟာ တိုင်းပြည်ကြီးကို
လက်နက်အားကိုးနဲ့အနိုင်ကျင့်ခံနေရတဲ့ဘဝကနေ လွတ်မြောက်ရေးခံယူချက်ရှိသူတွေနဲ့ဖွဲ့စည်းထား
တဲ့နိုင်ငံရေးပါတီဟုတ်မဟုတ်သမိုင်းကအဖြေတိတိကျကျပေးလိမ့်မယ်။
နအဖက အတိတ်သမိုင်းကို သုးံသပ်ပြီး ပြတ်ပြတ်သားသားညစ်ပါတ်အနိုင်ကျင့်တယ်လို့မြင်တယ်။
၉၀ ရွေးကောက်ပွဲဥပဒေဟာ ဒေါ်စုလိုတိုင်းပြည်ချစ်သူတွေနဲ့ဖွဲ့စည်းထားတဲ့(ဒီချုပ်)ပါတီမျိုးတွေ
အနိုင်ရခဲ့တာကို လက်တွေ့ရင်ဆိုင်ခဲ့ရတဲ့ နအဖဟာ ၂၀၁၀ ရွေးကောက်ဥပဒေထုတ်ပြီး တိုင်းပြည်ကို
အစစ်အမှန်ချစ်တဲ့နိုင်ငံရေးသမားတွေကို ပြည်သူလူထုကမဲပေးပြီးရွေးကောက်တင်မြောက်လို့
မရအောင် လုပ်လိုက်တာပဲ အဲဒီတော့ ရင်ကော့မဝင်ရ ခေါင်းငုံ့ပြီးဝင်ခဲ့ အနိုင်မယူနိုင်သူကို ပြိုင်ခွင့်ပေးမယ်ဆိုတဲ့ ဥပဒေအောက်မှာ ခင်ဗျားတို့ ဒူးထောက်ကြမှာလား။
***ဟိန်းနိုင်**(၂၁ ။ ၃ ။ ၂၀၁၀)
***ကိုယ့်ရဲ့တာဝန်မကင်းရာကျ ပါလိမ့်မယ်***
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့မျက်နှာမထောက်တဲ့ သူအချို့ဟာ သူ့တို့သဘောနဲ့သူတို့ ဒေါ်အောင်ဆန်းစု ကြည်ကိုထုတ်ပစ်ဘို့၊ ပါတီရပ်တည်ရေးအကြောင်းပြပြီး နအဖခိုင်းတဲ့အတိုင်းလုပ်ရင်း မှတ်ပုံတင်ဘို့ကြိုးစားကြပါတော့ မယ်။ သက်ဆိုင်ရာမြို့နယ်ပြည်နယ်နှင့်တိုင်းအသီးသီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိတ်အပိုင်းတွေအားလုံးက ကိုယ့်မြို့နယ်အလိုက် ရွေးကောက်ပွဲမဝင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ် မြောက်မှုမရှိပဲ ပါဝင်ခွင့်မရှိကြပဲနဲ့ ဘယ်မြို့နယ်အစိတ်အပိုင်းကမှလဲ ပါဝင်မယ်မဟုတ်ဘူးဆိုတာ သေသေချာချာစုစည်း ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်ကို ၂၈ရက်နေ့မတိုင်ခင် ဆန္ဒတွေပေးပို့နိုင်ကြရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ပါတီဝင်တွေအားလုံးကို ပြည်သူကိုဆီမှာမျက်နှာဖျက်ဘို့လုပ်မဲ့သူတွေလုပ်တာကို အဟန့်အတားဖြစ်အောင်လုပ် လို့ရပါလိမ့်မယ်။ အားလုံးရဲ့ဆန္ဒကိုမှလွန်ဆန်ပြီး သူတို့လုပ်ချင်ရာလုပ်သေးရင်တော့ သူတို့ဘယ်လိုလူတွေဆိုတာကို အားလုံးကထင်ထင်ရှားရှားကြီးပိုသိလာရပါလိမ့်မယ်။
အားလုံးဝိုင်းကြိုးစားပေးကြပါ။ သက်ဆိုင်ရာဒေသခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေဆီကို တိုက်တွန်းလှုံ့ဆော်ကြပါ။ အချိန်နဲနဲပဲရှိပါတယ်။ ဒီလိုမဟုတ်ရင် သူတို့လုပ်ချင်တာလုပ်ဘို့အခွင့်ပေးလိုက်သလိုဖြစ်ပြီး ကိုယ့်ရဲ့တာဝန်မကင်းရာကျ ပါလိမ့်မယ်။
လေးစားစွာဖြင့်
**ငြိမ်းချမ်း**
***ဒူးထောက်ကြမှာလား**

No comments:
Post a Comment