(အစ္စတန်ဘူလ်၊ မတ်လ ၂၀-ရက်)
တူရကီရဲတပ်ဖွဲ့သည် အစ္စတန်ဘူလ်မြို့၌ ပြီးခဲ့သည့်နှစ်လအတွင်း မူးယစ်နှိမ်နင်းရေးထိုးစစ်ဆင်နွဲမှုတွင် တရား မ၀င် မူးယစ်ဆေးဝါးနှစ်တန် သိမ်းဆည်းရမိကြောင်း ရဲတပ်ဖွဲ့က မတ်လ ၁၉-ရက်နေ့၌ ထုတ်ဖော်ပြောကြား သည်။ အဆိုပါ မူးယစ်ဆေးဝါးများကို အစ္စတန်ဘူလ်မြို့ဝန်းကျင်နှင့် အတာတက်စ်လေဆိပ်တို့မှ သိမ်း ဆည်းရမိ ခြင်းဖြစ်ပြီး နိုင်ငံခြားသားများအပါအ၀င် မသင်္ကာသူ ၄၅၁-ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ (ဆင်ဟွာ)
*** ဖမ်းဆီးထားသည့် သင်္ဘောနှင့် သင်္ဘောသားများ ဆိုမာလီပင်လယ်ဓားပြများ ပြန်လွှတ်ပေး ***
(မိုဂါဒစ်ရှူး၊ မတ်လ ၂၀-ရက်)
ဆိုမာလီပင်လယ်ဓားပြများက လေးလကြာဖမ်းဆီးထားသည့် သယ်ဆောင်လာသော သင်္ဘောနှင့် မြောက်ကိုရီးယားသင်္ဘောသားများကို ပြန်လွှတ်ပေးကြောင်း ရေကြောင်းဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက မတ်လ ၁၈-ရက်နေ့တွင် ပြောကြားသည်။ အဆိုပါသင်္ဘောသည် ကီရီဘာတီနိုင်ငံမှဖြစ်ပြီး သင်္ဘောသား ၂၈-ဦးနှင့်အတူ ဆေရှဲလ်နိုင်ငံ အနောက်မြောက် ဆိုမာလီတောင်ပိုင်းတွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်သည်။ ယခုအခါယင်းသင်္ဘောသည် လွတ်မြောက်လာပြီး မွမ်ဘာတေသို့ ဦးတည်ခုတ်မောင်းလျက်ရှိကာ လာမည့်သုံးလေးရက်အတွင်း ရောက်ရှိနိုင်သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။ (အင်တာနက်)
*** ရာဇ၀တ်မှုတိုက်ဖျက်ရေးဌာန၊ ဂွာတီမာလာစီးတီး၌ဖွင့် ***
(မက္ကဆီကိုစီးတီး၊ မတ်လ ၂၀-ရက်)
မက္ကဆီကိုမူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများအား နှိမ်နင်းရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး(ယူနော့)က ရာဇ၀တ်မှုတိုက်ဖျက်ရေးဌာနကို ဂွာတီမာလာစီးတီး၌ မတ်လ ၁၈-ရက်နေ့က ဖွင့်လှစ်သည်။ ယင်းဌာနက ၀န်ထမ်းလေ့ကျင့်ရေးကိစ္စ၊ အသင်းဖလှယ်ရေးနှင့် နိုင်ငံတော်မူဝါဒများ ရေးဆွဲရေးသည့် ကိစ္စများကိုလည်း အလေးပေးဆောင်ရွက်သွားမည်ဖြစ်သည်။ (အင်တာနက်)
*** အမေရိကန် အက်ဖ်-၃၅ တိုက်လေယာဉ် ဒေါင်လိုက်ပျံသန်းမှု စမ်းသပ်အောင်မြင် ***
(၀ါရှင်တန်၊ မတ်လ ၂၀-ရက်)
လော့ဟိမာတင်ကုမ္ပဏီမှထုတ်လုပ်သည့် အက်ဖ်၀၃၅ လေယာဉ်ကို ပထမဆုံးအကြိမ်းအဖြစ် ဒေါင်လိုက်ပျံသန်းမှုစမ်းသပ်အောင်မြင်ကြောင်း အမေရိကန်မှ လက်နက်ထုတ်လုပ်သည့် လော့ဟိမာတင်ကုမ္ပဏီက မတ်လ ၁၈-ရက်နေ့၌ ပြောကြားသည်။ အဆိုပါ စမ်းသပ်မှုကို အသံထက်မြန်သော အက်ဖ် ၃၅-ဘီ တိုက်လေယာဉ် (ရေဒါဖြင့် ဖမ်းမရသည့် တိုက်လေယာဉ်)ဖြင့် ၀ါရှင်တန်မြို့အနီး မေရီလင်:ဒေသရှိ ရေတပ်လေတပ်စခန်:၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်း ကျဆင်း ***
ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းများကျဆင်းလျက်ရှိရာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ဈေးကွက်တွင် မတ်လ ၂၀-ရက်နေ့က ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၈၈ ဒေါ်လာသာရှိကြောင်း နယူးယောက်မြို့ ရေနံလုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** မူးယစ်ဆေးဝါးနှစ်တန် အစ္စတန်ဘူလ်၌ သိမ်းဆည်းရမိ ***

No comments:
Post a Comment